လီဗာပူးလ်အသင်းရဲ့ ပရိသတ် (၁၀) ယောက်ဟာ လီဗာပူးလ်အသင်းက နှစ် (၃၀) ကြာ စောင့်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိပြီးနောက် အသင်းရဲ့ အိမ်ကွင်းအပြင်မှာ အောင်ပွဲခံခဲ့ကြတာကြောင့် မာဆေးလ်ဆိုဒ် အခြေစိုက် ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ Sky Sports သတင်းက ဖော်ပြသွားခဲ့ပါတယ်။  လီဗာပူးလ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးအသင်းက မန်စီးတီးအသင်းကို (၂-၁) ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် နှစ် (၃၀) ကြာ စောင့်စားခဲ့ရတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိခဲ့ပြီး လီဗာပူးလ် ပရိသတ် (၁၀၀၀) ကျော်က အန်ဖီးလ် အိမ်ကွင်းအပြင်မှာ အောင်ပွဲခံခဲ့ကြပါတယ်။

Photo Credit: Goal

နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ် (၇) ပွဲ ကစားဖို့ ကျန်နေသေးတဲ့ အချိန်မှာ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိခဲ့ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပရီးမီးယားလိဂ် ဆုဖလားကို အလျှင်မြန်ဆုံး ရရှိတဲ့ အသင်းအဖြစ် သမိုင်းဝင် မှတ်တမ်းတင်သွားနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ လီဗာပူးလ် ပရိသတ်တွေဟာ လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ် ဆုဖလားကို ရရှိနိုင်ပြီးတဲ့နောက် လီဗာပူးလ်အသင်းရဲ့ အိမ်ကွင်း၊ အန်ဖီးလ်ကွင်း အပြင်ဘက်မှာ အကြီးအကျယ် အောင်ပွဲခံခဲ့တာ ဖြစ်ပြီး မာဆေးဆိုဒ်ရဲတွေက လီဗာပူးလ်အသင်းရဲ့ ပရိသတ် (၁၀) ယောက်ကို ဖမ်းဆီးခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit: Goal

မာဆေးဆိုဒ် အခြေစိုက် ရဲတွေဟာ အင်္ဂလန် စံချိန်တော် ည (၁၁) နာရီအချိန်မှာ အန်ဖီးလ်ကွင်းအနီးက လမ်းတွေကို ပိတ်ပင်ခဲ့ကြပြီး လီဗာပူးလ်အသင်းရဲ့ အိမ်ကွင်း အပြင်ဘက်မှာ အောင်ပွဲခံခဲ့ကြတဲ့ နည်းပြကလော့ပ်ရဲ့ လီဗာပူးလ်အသင်း ပရိသတ် (၁၀) ယောက်အထိကို ဖမ်းဆီးသွားခဲ့ကြတာပ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ အဆင့် (၂) နေရာက နည်းပြ ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကို ရမှတ် (၂၃) မှတ် ဖြတ်ပြီးနောက် ပရီးမီးယားလိဂ် ဆုဖလားကို ပထမဆုံး အကြိမ် ရရှိနိုင်ခဲ့ပြီး လီဗာပူးလ် ပရိသတ်တွေအတွက်တော့ အပျော်ရွှင်ဆုံး နဲ့ အကျေနပ်ဆုံး အချိန်  ဖြစ်သွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းရဲ့ ပရိသတ် (၁၀) ယောက်ဟာ လီဗာပူးလ်အသင်းရဲ့ အိမ်ကွင်း အန်ဖီးလ်ကွင်းအပြင်မှာ လီဗာပူးလ်အသင်း ပရီးမီးယားလိဂ် ဖလား ရရှိလို့ အောင်ပွဲခံခဲ့တာကြောင့် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။