MySport Myanmar

ဘာရယ်လာအတွက် ယူရို သန်း(၈၀) အသုံးပြုသွားမယ့် လီဗာပူးလ်

ဘရိုက်တန်ရဲ့ အာဂျင်တီးနား ကွင်းလယ်ကစားသမား အလက်ဆစ်မက်အယ်လစ္စတာကို ခေါ်ယူြ့ပီးကတည်းက ကွင်းလယ်အတွက်ကိုပဲ သူရမ် ကိုနေးတို့ကို ထပ်ခေါ်မယ်ဆိုပြီး သတင်းတွေ တောက်လျှောက် ထွက်ပေါ်ခဲ့ပေမယ့်လည်း ခုထိ လီဗာပူးလ်ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုက ငြိမ်သက်နေသလို ပစ်မှတ်လည်း ပြောင်းလဲလာခဲ့ပါတယ်။

Photo Credit : Goal

လီဗာပူးလ်အသင်းက ကမ္ဘာ့ချန်ပီယံ ကွင်းလယ်လူ အယ်လစ္စတာအတွက် ပေါင် (၃၅)သန်းကိုသာ ကနဦး ပေးချေမှုအဖြစ် အသုံးပြုထားခဲ့ရတာဖြစ်ပြီး ကွင်းလယ်ပိုင်းအတွက်ကို နောက်ထပ် ငွေကြေး သုံးစွဲမှုကြီးတွေ ထပ်မံ လုပ်ဆောင်သွားဖို့ပါ အခြေအနေကောင်းနေပါတယ်။ ဒါကြောင့် အေးတိအေးစက် ဖြစ်လာခဲ့တဲ့ ကိုနေး သူရမ်တို့ရဲ့ အပြောင်းအရွှေ့တွေထက် အင်တာမီလန်ရဲ့ အီတလီ ကွင်းလယ်လူ နီကိုလိုဘာရယ်လာကိုသာ ပိုမို ပစ်မှတ်ထားလာခဲ့ပြီး ဘာရယ်လာကလည်း တကယ့်ကို အရည်အသွေးပြည့် အီတလီ ကွင်းလယ်လူ ဖြစ်လို့ လီဗာပူးလ်အတွက် အကောင်းဆုံး ခေါ်ယူမှုပါ ဖြစ်လာနိုင်ပါတယ်။

Photo Credit : Sempreinter

အသက် (၂၆)နှစ်အရွယ် အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဘာရယ်လာဟာ အင်တာမီလန်ရဲ့ အဓိက အကျဆုံး ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိမှာလည်း အသင်းနဲ့ ၂၀၂၆ခုနှစ်အထိကို စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။ ကာဂလီယာရီ လူငယ်အသင်းကနေ ပေါ်ထွက်လာပြီး ၂၀၂၀ကတည်းက အင်တာကို ရောက်ရှိနေတဲ့ ဘာရယ်လာဟာ လက်ရှိ ဥရောပ ဘောလုံးနယ်ပယ်အတွင်း အကောင်းဆုံး ကွင်းလယ်လူတွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်နေပြီး လတ်တလောမှာလည်း သူ့ကို လီဗာပူးလ် နဲ့ နယူးကာဆယ်တို့က လိုက်နေပါတယ်။

Photo Credit : TEAMtalk

ထွက်ပေါ်နေတဲ့ သတင်းတွေအရ လီဗာပူးလ်က ဘာရယ်လာအတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း(၈၀)လောက်အထိ အသုံးပြု ကမ်းလှမ်းသွားဖို့ ရှိနေပြီး ကစားသမားကိုယ်တိုင်က မီလန်မှာ အခြေကျနေပေမယ့်လည်း နွေဈေးကွက် မပြီးဆုံးခင်အထိ ဘာတွေ ဖြစ်လာဦးမလဲဆိုတာ ဆက်လက် စောင့်ကြည့်သွားရဖွယ် ရှိနေပါတယ်။

Exit mobile version