လီဗာပူးလ်အသင်းကတော့ လာမယ့်ဘောလုံးရာသီအတွင်းမှာ ကစားသမားအင်အားကို ပြည့်ဝနေစေဖို့အတွက် ကစားသမားသစ် ခေါ်ယူမှုတွေကို လုပ်ဆောင်သွားဖို့ရှိနေပြီး လီဗာပူးလ်အသင်းနည်းပြ ယာဂင်ကလော့ကိုယ်တိုင် ဂျာမန်ဘွန်ဒက်လီဂါပြိုင်ပွဲက ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ရက်ဘူးလိုက်ပ်ဇစ် တိုက်စစ်မှူးတီမိုဝါနာ ဒေါ့မွန်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဂျေဒန်ဆန်ချိုနဲ့ လေဗာကူဆင် ကွင်းလယ်တိုက်စစ်ကစားသမား ကိုင်းလ်ဟားဗက်ဇ်တို့ကို ပစ်မှတ်ထားနေလျက်ရှိကာ အခုဆိုရင်လည်း ဝါဒါဘရီမင်အသင်းရဲ့ ကိုဆိုဗိုကစားသမားလေး မီလော့ရာရှီဆာကိုပါ ထပ်မံစိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာခဲ့ပြန်ပါတယ်။

Photo Credit : Transfer Market

အသက်(၂၃)နှစ်အရွှယ်သာရှိသေးတဲ့ ရာရှီဆာဟာ လီဗာပူးလ်အသင်းရဲ့ ပစ်မှတ်တွေလောက် နာမည်ကျော်ကြားလှတဲ့ ကြယ်ပွင့်ကစားသမားတစ်ယောက် မဟုတ်ပေမယ့်လည်း ဝါဒါဘရီမင်အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့သလို ဒီနှစ်ဘောလုံးရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး(၁၀)ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှုမှာလည်း (၅)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ရာရှီဆာက ဘယ်တောင်ပံနေရာမှာ အဓိက ကစားတတ်တာဆိုပေမယ့် အထောင်တိုက်စစ်မှူးအဖြစ်ရော နောက်ချန်တိုက်စစ်နေရာမှာပါ ကစားတတ်လို့ လီဗာပူးလ်နည်းပြကြီးကလော့က သူ့ကို မျက်စိကျလာခဲ့ရတာလည်းဖြစ်ပါတယ်။

Photo Credit : EPL Scouts

ရှာရီဆာဟာ နယ်သာလန်ကလပ် ဗွီတက်ဆီအသင်းကနေ ဝါဒါဘရီမင်အသင်းဆီကို ၂၀၁၈ခုနှစ်ကမှ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိမှာ သူရဲ့တန်ကြေးကတော့ ယူရို(၃၅)သန်းလောက်အထိ ရှိနေပါတယ်။ ဒါပေမယ့်လည်း ဝါဒါဘရီမင်အသင်းက ဒီနှစ်ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရယူထားနိုင်ခြင်းမရှိပဲ အမှတ်ပေးဇယားရဲ့ အဆင့်(၁၇)နေရာမှာ ရပ်တည်နေရတာကြောင့် တန်းဆင်းရမယ့်အရေးနဲ့ ရင်ဆိုင်နေရပြီး တကယ်လို့သာ တန်းဆင်းသွားမယ်ဆိုရင်တော့ ရှာရီဆာရဲ့တန်ကြေးက ပိုလို့တောင် လျော့နည်းသွားရနိုင်ပါတယ်။ လီဗာပူးလ်အသင်းကတော့ ရှာရီဆာကို ဆာဒီယိုမာနေးရဲ့နောက် ဒုတိယဦးစားပေး ကစားသမားအဖြစ် ထားရှိချင်တာဖြစ်ပြီး အသင်းကနေလည်း အော်ရီဂီ ရှာကွီရီ လယ်လာနာ ချိန်ဘာလိမ်တို့ ထွက်ခွာသွားကြဖွယ်ရှိနေလို့ ဒီကစားသမားတွေရဲ့ ကွက်လပ်ကိုပါ ဖြည့်စွမ်းနိုင်အောင် ရှာရီဆာကို List ထဲ ထည့်လာခဲ့တာဖြစ်ပြီး လီဗာပူးလ်ရဲ့ အဓိကပစ်မှတ်ကတော့ ဂျာမန်တိုက်စစ်ကစားသမား တီမိုဝါနာပဲဖြစ်ပါတယ်။