MySport Myanmar

ဇန်နဝါရီ ဈေးကွက်ထဲမှာ မက်ကန်နီကို ခေါ်ယူသွားချင်နေတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ဂျုဗင်တပ်စ်အသင်းရဲ့ အမေရိကန် ကွင်းလယ်ကစားသမား ဝက်စတန်မက်ကန်နီကို အငှားစာချုပ်နဲ့ ခေါ်ယူသွားချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : The Guardian

ဗြိတိန်နာမည်ကျော် သတင်းမီဒီယာ Daily Mail ရဲ့ အဆိုအရ ဆောင်းဈေးကွက်အတွင်း ကွင်းလယ်ပိုင်း ဖြည့်တင်းသွားချင်နေတဲ့ လီဗာပူးလ်အသင်းဟာ ဂျုဗင်တပ်စ် ကွင်းလယ်လူ မက်ကန်နီကို ခေါ်ယူနိုင်ဖို့အတွက် စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် လီဗာပူးလ်က လာမယ့်နွေမှာ ဒေါ့မွန်ရဲ့ အင်္ဂလန်ကြယ်ပွင့် ကွင်းလယ်ကစားသမားလေး ဘယ်လင်ဟမ်ကို အရ ခေါ်ယူသွားဖို့ အဓိက ပစ်မှတ်ထားနေတာဖြစ်လို့ မက်ကန်နီကို အပြီးသတ် ခေါ်ယူဖို့ထက် ရာသီကုန်အထိ အငှားနဲ့သာ ခေါ်ယူသွားချင်နေပါတယ်။

Photo Credit : GQ

အသက်(၂၄)နှစ်အရွယ်ရှိ အမေရိကန်လက်ရွေးစင် ကွင်းလယ်လူ မက်ကန်နီဟာ ဂျာမန်ကလပ် ရှော်ကေးအသင်းမှာ သူရဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ပြီး ၂၀၂၀မှာပဲ ဂျုဗင်တပ်စ်အသင်းဆီ ရောက်ရှိလာခဲ့ပါတယ်။ ဂျုဗင်တပ်စ်မှာ စတုတ္ထမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေခဲ့တဲ့ မက်ကန်နီဟာ ပြီးခဲ့တဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားမှာလည်း အမေရိကန်အသင်းနဲ့အတူ ပါဝင် ဆင်နွဲခဲ့ပြီး ရှံးထွက်(၁၆)သင်းအဆင့်ထိ တတ်လှမ်းနိုင်ခဲ့ပါတယ်။ အီတလီကနေ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဂျုဗင်တပ်စ်အသင်းဟာလည်း မက်ကန်နီကို အသင်းကနေ လက်လွတ်သွားချင်နေပြီး စပါး ချယ်လ်ဆီး ဒေါ့မွန်အသင်းတွေကပါ မက်ကန်နီကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါကြောင့် လီဗာပူးလ်အသင်းအနေနဲ့ မက်ကန်နီကို အငှားနဲ့ ခေါ်ယူမယ့်ကိစ္စက ဖြစ်ပေါ်လာနိုင်ဖို့ အခြေအနေနည်းပါးနေရပြီး ဂျုဗင်တပ်စ်ဘက်ကတော့ သူတို့ကစားသမားကို အပြီးသတ်သာ ထုတ်ရောင်းဖွယ် ရှိနိုင်ပါတယ်။ လီဗာပူးလ်ဟာ နွေဈေးကွက်တုန်းကလည်း ဂျုဗင်တပ်စ်ရဲ့ နောက်ထပ် ကွင်းလယ်လူတစ်ဦးဖြစ်သူ အာသာမယ်လိုကို တစ်ရာသီအငှားနဲ့ ခေါ်ယူထားခဲ့ပြီး အာသာက ဒဏ်ရာတွေနဲ့ လုံးပန်းနေရတာကြောင့် ဂျုဗင်တပ်စ်ဆီ ပြန်ပို့ချင်နေပေမယ့် ကစားသမားကိုယ်တိုင်ကတော့ လီဗာပူးလ်မှာ ဆက်လက် ရှိနေချင်နေတယ်လို့ အာသာ အေးဂျင့်ဖြစ်သူက ထုတ်ဖော် ပြောကြားထားခဲ့ပါတယ်။

Exit mobile version