ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးက သူတို့အသင်းရဲ့ ဘယ်နောက်ခံလူတွေ ဖြစ်တဲ့ ရော်ဘတ်ဆန်နဲ့ ဆီမီကတ်စ်တို့ကို ဒဏ်ရာပြဿနာတွေကြောင့် ကာလရှည် လက်လွှတ်ခဲ့ရပြီးနောက် စပို့တင်း လစ္စဘွန်းရဲ့ ခံစစ်မှူး အင်နာစီယိုကို ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးပမ်းနေကြောင်း ပေါ်တူဂီ အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

လီဗာပူးက ခံစစ်ကြောင်းမှာ ဗန်ဒိုက် ၊ ကိုနာတေး ၊ မာတစ် ၊ ဂိုမက်စ် ၊ အာနိုးလ် ၊ ကွမ်ဆက် ၊ ရော်ဘတ်ဆန် ၊ ဆီမီကတ်စ် စတဲ့ ခံစစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် မာတစ်ဟာ ဒူးဒဏ်ရာကြောင့် ရာသီကုန် အထိ အနားယူရဖို့ ရှိနေသလို ရော်ဘတ်ဆန်နဲ့ ဆီမီကတ်စ်ကလည်း ဖေဖော်ဝါရီလ ရောက်မှ အသင်းအတွက် ပြန်ကစားပေးနိုင်ချေ ရှိနေပါတယ်။

Photo Credit: Goal

ဒါကြောင့် လီဗာပူးမှာ ကြံ့ခိုင်မှု ပြည့်ဝတဲ့ ခံစစ်မှူး ၅ဦးသာ ကျန်တော့သလို အဆိုပါ ခံစစ်မှူး ၅ဦးစလုံးက ညာသန် ခံစစ်မှူးတွေချည်း ဖြစ်နေတာကြောင့် လီဗာပူးဟာ ဘယ်သန် ခံစစ်မှူး တဦးကို ခေါ်ယူဖို့ အသည်းအသန် လိုအပ်နေပါတယ်။

တဖက်မှာတော့ အသက် ၂၂နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ဗဟိုနောက်ခံလူ အင်နာစီယိုဟာ ဘယ်ခြေအားသန် ဗဟိုခံစစ်မှူး ဖြစ်ပြီး အင်နာစီယိုဟာ ဗဟိုခံစစ်မှူး ဖြစ်ပေမယ့် လိုအပ်ရင် ဘယ်နောက်ခံနဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာပါ ကစားနိုင်စွမ်း ရှိပါတယ်။

Photo Credit: Football 365

နာမည်ကြီး ပေါ်တူဂီ သတင်းထောက် အယ်မိုင်ဒါရဲ့ ဖော်ပြချက်အရ လီဗာပူးဟာ အင်နာစီယိုကို ခေါ်ယူဖို့ အတွက် အတော်လေး စိတ်ဝင်စားနေသလို ဆွေးနွေးမှုတွေ တောက်လျှောက် ပြုလုပ်နေပြီး လီဗာပူးဟာ အင်နာစီယိုရဲ့ စာချုပ်ဖျက်သိမ်းကြေးကို ပေးချေကာ အင်နာစီယိုကို ခပ်မြန်မြန် ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။

အင်နာစီယိုရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို ၆၀သန်း တန်ကြေး ရှိပြီး စပို့တင်း လစ္စဘွန်းက အင်နာစီယိုကို ဆောင်းဈေးကွက်မှာ မရောင်းချချင်ပေမယ့် အကယ်၍ လီဗာပူးကသာ စာချုပ်ဖျက်သိမ်းကြေး ပေးမယ် ဆိုရင် အင်နာစီယိုကို လက်လွှတ်ရမှာပဲ ဖြစ်ပါတယ်။