ဒီနေ့ တနင်းလာနေ့ညမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၃)ရဲ့ လက်ကျန်နောက်ဆုံးပွဲစဉ်(၂)ပွဲကို ဆက်လက်ယှဉ်ပြိုင်စေမှာဖြစ်ပြီး ဒီ(၂)ပွဲထဲကမှ ဘောလုံးပရိသတ်တွေ လုံးဝကို လက်မလွတ်တမ်း စောင့်ကြည့်ရမယ့် ပွဲကြီးပွဲကောင်းပွဲစဉ်ဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံနေတဲ့ ပွဲစဉ်အကြောင်းကို ရွေးချယ်ဖော်ပြပေးသွားချင်ပါတယ်ခင်ဗျာ။ ပညာရှင်ဆန်ဆန်နဲ့ တင်ဆက်တာမဟုတ်ပဲ ဘောလုံးဝါသနာရှင်တစ်ယောက်ရဲ့တင်ဆက်မှုဖြစ်လို့ ရလဒ်လွဲချော်မှုတွေ ဖြစ်ခဲ့ရင်လည်း နားလည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။

လီဗာပူးလ်

Photo Credit : Times24 News
ဒဏ်ရာနဲ့ပွဲပယ် – ဟန်ဒါဆန် မာတစ် ချိန်ဘာလိန် မီနာ(မသေချာ)
နောက်ဆုံး(၅)ပွဲရလဒ်များ – (၄)ပွဲနိုင် (၁)ပွဲရှံး
စောင့်ကြည့်ရမယ့် ကစားသမား – မာနေး
ဖြစ်လာနိုင်ဖွယ် လူစာရင်း (၄-၃-၃)
ဂိုး – အယ်လီဆန်
နောက် – အာနိုး ဗန်ဒိုက် ဖာဘင်ဟို ရောဘတ်ဆန်
လယ် – ဝိုင်နယ်ဒန် သီယာဂို ကီတာ
ရှေ့ – မာနေး ဖာမီနို ဆာလာ

ဒီပွဲမတိုင်ခင်မှာ လီဗာပူးလ်ဘက်ကနေ ဂိုးသမားအယ်လီဆန်နဲ့ ကွင်းလယ်လူသီယာဂိုတို့ လွဲချော်ဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်လာခဲ့ပေမယ့်လည်း အနည်းဆုံးတော့ အရန်လူစာရင်းထဲမှာတော့ ပါဝင်လာနိုင်ပါတယ်။ လီဗာပူးလ်က ပရီးမီးယားလိဂ်မှာ (၂)ပွဲဆက်တိုက် အနိုင်ယူထားခဲ့ပြီး တိုက်စစ်က ပုံစံကောင်းပြသလျက်ရှိနေသလို ခံစစ်မှာလည်း ဗန်ဒိုက်နဲ့ဖာဘင်ဟိုတို့ တွဲဖက်ကစားလို့ ပိုပြီးကျစ်လစ်လာစေပါတယ်။

အာဆင်နယ်

Photo Credit : SPORTbible
နောက်ဆုံး(၅)ပွဲရလဒ်များ – (၅)ပွဲနိုင်
ဒဏ်ရာနဲ့ပွဲပယ် – ချမ်ဘာ မာတင်နယ်လီ မူစတာဖီ ဆွာရက်စ်(မသေချာ) တီယာနေး(မသေချာ) ဆိုကရေးတစ်(မသေချာ)
စောင့်ကြည့်ရမယ့် ကစားသမား – အူဘာမီယန်း
ဖြစ်လာနိုင်ဖွယ် လူစာရင်း (၃-၄-၃)
ဂိုး – လေနို
နောက် – ဟိုးဒင်း ဂါဘရီရယ် ဒေးဗစ်လုဇ်
လယ် – ဘယ်လာရင် စီဘယ်ယို့စ် ချာကာ တီယာနေး
ရှေ့ – ဝီလီယံ လာကာဇက် အူဘာမီယန်း

အာဆင်နယ်ကလည်း လီဗာပူးလ်လိုပဲ (၂)ပွဲဆက်တိုက် အနိုင်ရထားတဲ့အသင်းဖြစ်ပြီး ဒီရာသီမှာလည်း အသင်းရဲ့ပုံစံက ပိုပြီးကောင်းမွန်နေပါတယ်။ ဒါ့အပြင် လီဗာပူးလ်နဲ့ဆုံတိုင်းမှာ ခြေစွမ်းပြလေ့ရှိနေတဲ့ နောက်ခံလူလုဇ်ကလည်း ဒဏ်ရာကနေ သက်သာနေပြီဖြစ်လို့ ဒီပွဲကို ပါဝင်လာတော့မှာပါ။ အူဘာ ဝီလီယံတို့ရဲ့တောင်ပံတစ်ချပ်စီက တိုးအားတွေနဲ့ လီဗာပူးလ်ရဲ့ခံစစ်ကို အချိန်မရွေး ဒုက္ခပေးလာနိုင်သလို အထောင်တိုက်စစ်နေရာက လာကာဇက်ကလည်း ဒီနောက်ပိုင်းမှာ ဂိုးမြူးနေလို့ လီဗာပူးလ်ခံစစ်က အတော်လေးသတိထားရပါမယ်။

Photo Credit : Sky Sports

ဒီအသင်းနှစ်သင်းက ကွန်မြူနတီဒိုင်းပွဲမှာပဲ ဆုံတွေ့ထားကြပြီး တစ်ဖက်ကို တစ်ဂိုးစီနဲ့ သရေကျခဲ့ရင်းနဲ့ ပင်နယ်တီမှာ အာဆင်နယ်က အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် အခုပွဲကတော့ ဒီလို တစ်ဖက်တစ်ဂိုးစီ မဖြစ်နိုင်တော့ပါဘူး။ နှစ်သင်းလုံးက ပွဲအေရအတွက် အထိုက်အလျောက် ကစားထားရသလို တိုက်စစ်တွေကလည်း ထက်မြက်နေတာဖြစ်လို့ နှစ်သင်းပေါင်း သွင်းဂိုးများနိုင်ပါတယ်။ (၄)ဂိုးသွင်းမှ အပြည့်အောင်နိုင်မယ့် ဖွင့်လှစ်မှုအရတော့ ဂိုးအပေါ်ကို သဘောကျမိပါတယ်။ အသင်းဆိုရင်တော့ နောက်ဆုံး(၂)ပွဲဆက် အနိုင်ရထားတဲ့ အာဆင်နယ်ထက် လီဗာပူးလ်ကို ပိုကြိုက်မိတယ်။ လီဗာပူးလ်ပဲ နိုင်ပါလိမ့်မယ်။