လီဗာပူးလ်အသင်းနဲ့ အသင်းနည်းပြ ယာဂန်ကလော့ပ်တို့ဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို ပြန်လည် တည်ဆောက်နိုင်ဖို့အတွက် ရီးယဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား ဖရက်ဒရစ်ကိုဗယ်လ်ဗာဒီကို အလိုအရှိဆုံး ကစားသမားအဖြစ် သတ်မှတ်ထားတဲ့အတွက် ကမ်းလှမ်းမှုတွေ ထပ်မံ ပြုလုပ်ဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Real Madrid & Liverpool play down talk of record Federico Valverde bid

Photo Credit : 90Min

လီဗာပူးလ်အသင်းက မကြာသေးမီ နှစ်များကနေ စတင်ပြီး အသင်းရဲ့ ကစားသမားစာရင်းမှာ ပျမ်းမျှအသက်အရွယ်မျိုး ဖြစ်နေအောင် လုပ်ဆောင်ထားခဲ့တာ ဖြစ်သလို ပြီးခဲ့တဲ့ နွေကလည်း ပြင်သစ် လူငယ်ကစားသမားလေး ချူယာမန်နီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးသလို လက်ရှိမှာ ချူယာမန်နီရဲ့ အသင်းဖော်ဖြစ်နေသူ ဗယ်လ်ဗာဒီကိုလည်း ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။ ကွင်းလယ်ပိုင်း အားဖြည့်ဖို့ လိုအပ်နေသေးတဲ့ လီဗာပူးလ်ဟာ နွေစျေးကွက် မပ်တ်သိမ်းခင်လောက်က ရီးယဲလ်ရဲ့ ဥရုဂွေး ကွင်းလယ်လူ ဗယ်လ်ဗာဒီကို ပြောင်းရွှေ့ကြေး ပေါင်(၈၅)သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ရီးယဲလ်ဘက်က ကက်စီမီရိုကို ယူနိုက်တက်အသင်းဆီ ရောင်းချထားတာဖြစ်လို့ ဗယ်လ်ဗာဒီကိုပါ လက်လွတ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

Photo Credit : Eurosport

ဒါပေမယ့် စပိန်နိုင်ငံထုတ် AS သတင်းစာရဲ ဖော်ပြချက်အရတော့ လီဗာပူးလ်အသင်းဟာ ပြန်လည် တည်ဆောက်သွားမယ့် အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ဗယ်လ်ဗာဒီက သူတို့အတွက် အသင့်တော်ဆုံး ကစားသမားလို့ သတ်မှတ်ထားတာကြောင့် ဗယ်လ်ဗာဒီကို ထပ်မံ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။ ဒါပေမယ့် လက်ရှိမှာ အသက်(၂၄)နှစ်အရွယ် ကွင်းလယ်ကစားသမား ဗယ်လ်ဗာဒီက ရီးယဲလ်အတွက် အတော်လေးကို ခြေစွမ်းပြနေနိုင်သူဖြစ်လို့ အသင်းဘက်က ဒီကစားသမားကို လုံးဝ ရောင်းထုတ်ဖို့ ဆန္ဒမရှိပဲ ဖြစ်နေပါတယ်။ လက်ရှိ ရီးယဲလ်ကွင်းလယ်မှာ မိုဒရစ် တိုနီကရူးစ်တို့က အကျပိုင်း အရွယ်ကို ရောက်နေပြီဖြစ်လို့ ဗယ်လ်ဗာဒီ ကာမာဗင်ဂါ ချူယာမန်နီတို့လို လူငယ် ကစားသမားတွေနဲ့ အသင်းရဲ့ ကွင်းလယ်ကို ပြန်လည် တည်ဆောက်သွားရမှာဖြစ်လို့ လီဗာပူးလ်အနေနဲ့ ဗယ်လ်ဗာဒီကို ခေါ်ယူဖို့က ပိုမို ခက်ခဲရနိုင်ပါတယ်။ ဒါပေမယ့် လီဗာပူးလ်က လာမယ့် ဆောင်းဈေးကွက်မှာ ဖလာမင်ဂိုအသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်ကစားသမားလေးဖြစ်သူ ဂိုးမက်စ်ကိုတော့ ခေါ်ယူလို့ ရရှိနိုင်ဖွယ် ရှိနေရပြီး ဒီကစားသမားလေးကိုယ်တိုင်ကလည်း လီဗာပူးလ်မှာ ပါဝင် ကစားပေးသွားချင်တယ်လို့ ထုတ်ဖော် ပြောဆိုထားခဲ့ဖူးတာကြောင့် ဒီအပြောင်းအရွှေ့က ဆောင်းဈေးကွက်မှာ ဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေရပါတယ်။