လက်ရှိမှာတော့ COVID-19 ခေါ် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ကူးစက်ပိုးဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအနံ့ကို ပျံနှံ့လျက်ရှိပြီး အခုဆိုရင်တော့ ဘောလုံးအားကစားလောကအတွင်းထိပါ လာရောက်ရိုက်ခတ်လာခဲ့ပါတယ်။ နာမည်ကျော် ဘောလုံးသမားတွေ နည်းပြ တွေနဲ့ အားကစားဝန်ထမ်းတွေ တော်တော်များများဟာ လက်ရှိမှာဆိုရင်တော့ COVID-19 Positive တွေပါ ပြသလာခဲ့ပြီဖြစ်လို့ ပွဲတွေကို ကွင်းပိတ်ကျင်းပရုံသာမကပဲ လာမယ့်ဧပြီလအထိကို ခဏရပ်နားထားရမယ်လို့ ထုတ်ပြန်ချက်ကြေညာလာခဲ့ရပါတယ်။ ဒါဆိုရင် ဒီဟာတွေရဲ့နောက်ဆက်တွဲမှာ ဘာတွေဖြစ်လာနိုင်မလဲ ဆွေးနွေးကြည့်ရအောင်ဗျာ။

Photo Credit : BBC

ပထမဆုံးအနေနဲ့တော့ ကျွန်တော်တို့တွေ နှစ်စဉ်နှစ်တိုင်း မြင်တွေ့နေကြဖြစ်တဲ့ လိဂ်ပြိုင်ပွဲတွေရဲ့တန်းတတ်တန်းဆင်းအကြောင်းကို အရင်ဆုံးပြောချင်ပါတယ်။ ဖြစ်နိုင်ခြေကတော့ နည်းလမ်း(၃)ခုရှိတယ်ဗျ။ ပထမဆုံးကတော့ အခုလက်ရှိ လုပ်နေသလို ပွဲတွေကိုရပ်နားထားပြီး တန်းတတ်တန်းဆင်း မထားပဲ လက်ရှိအသင်းတွေနဲ့ပဲ နောက်နှစ်ဘောလုံးရာသီမှာမှ ပြန်လည်ကျင်းပစေမယ့် နည်းလမ်း။ ဒါကတော့ အလုပ်ဖြစ်ဖို့ ရာခိုင်နှုန်းအရမ်နည်းပါတယ်။ နောက်နည်းလမ်းကတော့ ပုံမှန်အတိုင်း တန်းဆင်းတန်းတတ်ပေါ့။ နောက်ဆုံးတစ်ခုကတော့ လက်ရှိရပ်တည်နေကြတဲ့ အဆင့်တွေအတိုင်း တန်းဆင်းတန်းတတ်ကို ဆုံးဖြတ်ပေးတာတွေပဲဖြစ်ပါတယ်။

Photo Credit : Stamdford Avocate

တကယ်တော့ ဒီဖြစ်နိုင်ခြေတွေအားလုံးမှာတော့ အငြင်းပွားမှုတွေရှိနိုင်ပါတယ်။ လက်ရှိ သတင်းတွေသဲ့သဲ့ထွက်နေတာကတော့ ဂျာမန်ဘွန်ဒက်လီဂါပြိုင်ပွဲအတွင်း လာမယ့်ဘောလုံးရာသီအတွင်း တန်းဆင်းရမယ့် အသင်းတွေကို သတ်မှတ်မှာမဟုတ်ပဲ တန်းတတ်လာရမယ့် အသင်းကိုတော့ ၄သင်းလောက်အထိ သတ်မှတ်လာနိုင်တယ်လို့ သိရပါတယ်။ ဒီလို အသင်းပေါင်း၂၂သင်းနဲ့ ကျင်းပဖို့ရှိနေတဲ့ ဘွန်ဒက်လီဂါပြိုင်ပွဲလိုပဲ စပိန်လာလီဂါမှာလည်း တန်းဆင်းအသင်းမထားပဲ တန်းတတ်အသင်း ၂သင်းပဲထားရှိပြီး ၂၂သင်းနဲ့ပဲ ကျင်းပဖို့ရှိနေပါတယ်။ ဒါ့အပြင် Play-off ပိုင်း ကစားမှုတွေလည်း ပိုမိုအကြိတ်အနယ်ရှိလာနိုင်ပြီး အသင်း၆သင်းလောက် ယှဉ်ပြိုင်ကစားရဖွယ်ရှိနေပါတယ်။