ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်တွေ ဆိုးဝါးနေတဲ့ ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးက သူတို့အသင်းရဲ့ အားနည်းနေတဲ့ ကွင်းလယ်ပိုင်း အတွက် အသင်းလက်မဲ့ ဖြစ်နေတဲ့ စပိန်ကွင်းလယ်လူ အစ္စကိုကို ခေါ်ယူရန် စတင် စဉ်းစားနေကြောင်း လီဗာပူးနဲ့ နီးစပ်တဲ့ Liverpool Echo သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် စပိန်ကွင်းလယ်လူ အစ္စကိုက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ရီးရဲလ်မက်ဒရစ် ကနေ ဆီဗီးလားထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပေမယ့် သူက ဆီဗီးလားရဲ့ ဘုတ်အဖွဲ့နဲ့ ဆက်ဆံရေး အဆင်မပြေတော့တာကြောင့် ဇန်နဝါရီလ အတွင်းမှာပဲ ဆီဗီးလားနဲ့ သူ့ရဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့ပါတယ်။

Photo Credit: Sports Max

တဖက်မှာတော့ လီဗာပူးက ကွင်းလယ်ပိုင်း အားနည်းချက်တွေကြောင့် ရလဒ်တွေ တောက်လျှောက် ဆိုးဝါးနေပြီး လီဗာပူးရဲ့ ကွင်းလယ်ပိုင်းဟာ ပြိုင်ဘက်ရဲ့ တိုက်စစ်တွေကို ဟန့်တားနိုင်စွမ်းသာ ရှိကာ ကိုယ့်ရဲ့ တိုက်စစ်မှူးတွေ လုံလောက်တဲ့ ဖန်တီးမှုတွေ မလုပ်ပေးနိုင်ပါဘူး။

လီဗာပူးက ဟန်ဒါဆန် ၊ သီယာဂို ၊ ဖာဘင်ဟို ၊ နာဘီကီတာ ၊ ချိန်ဘာလိန် ၊ အဲလိယက် ၊ ကာတစ်ဂျုံးစ် စတဲ့ လုပ်အားနှုန်း ကောင်းမွန်ပေမယ့် ဖန်တီးနိုင်စွမ်း နည်းပါးတဲ့ ကွင်းလယ်လူတွေကိုသာ ပိုင်ဆိုင်ထားပြီး လက်ရှိမှာတော့ လီဗာပူးနည်းပြ ယာဂင် ကလော့ပ်နဲ့ တာဝန်ရှိသူတွေက အသင်းရဲ့ ကွင်းလယ် ပြဿနာကို ဖြေရှင်းဖို့ စတင် လုပ်ဆောင်လာကြပါတယ်။

Photo Credit: Sports Max

လီဗာပူးနည်းပြ ကလော့ပ်က အသင်းရဲ့ ကွင်းလယ်အတွက် ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဟမ်နဲ့ ဝုဗ်ကွင်းလယ်လူ နူနက်စ်တို့ကို လာမယ့် နွေဈေးကွက်မှာ ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး လီဗာပူးရဲ့ တာဝန်ရှိသူတွေက ဘယ်လင်ဟမ်နဲ့ နူနက်စ်တို့ကို ခေါ်ယူဖို့ မဖြစ်နိုင်သေးခင်မှာ အသင်းရဲ့ ကွင်းလယ်ပြဿနာကို အစ္စကိုလို ဖန်တီးနိုင်စွမ်း မြင့်မားတဲ့ ကွင်းလယ်လူ တဦးကို ကာလတို စာချုပ်နဲ့ ခေါ်ယူကာ ဖြေရှင်းချင်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Liverpool Echo သတင်းဌာနရဲ့ ဖော်ပြချက်အရ အပြောင်းအရွှေ့ ဈေးကွက် ပိတ်သွားပေမယ့် လီဗာပူးက အသင်းလက်မဲ့ ကွင်းလယ်လူ တဦးကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ကာ လီဗာပူးဟာ အစ္စကိုရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး စုံစမ်းမှုတွေ ပြုလုပ်လာသလို အစ္စကိုကလည်း လီဗာပူးဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတာကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖွယ် ရှိကြောင်း သိရပါတယ်။