ကွင်းလယ်ကစားသမားတစ်ဦးခန့် ခေါ်ယူသွားဖို့ ပြင်ဆင်နေတဲ့ လီဗာပူးလ်အသင်းဟာ လိုက်ပ်ဇစ်အသင်းရဲ့ ကွင်းလယ်လူ ကွန်ရတ်လိုင်းမားကို ပစ်မှတ်ထားလာခဲ့တယ်လို့ ဂျာမနီသတင်းစာ Kicker ကနေ ဖော်ပြလာခဲ့ပါတယ်။

Image

Photo Credit : Twitter

ဒီရာသီမှာ ဒါဝင်နူနက်ဇ် ဖေဘီယိုကာဗယ်လ်ဟိုနဲ့ ကယ်လ်ဗင်ရမ်ဆေးတို့ကို ခေါ်ယူထားခဲ့တဲ့ လီဗာပူးလ်အသင်းဟာ လက်ရှိမှာ ကွင်းလယ်ပိုင်းအတွက် ကစားသမားသစ်တစ်ဦးက်ို ခေါ်ယူသွားရမယ့် အခြေအနေမှာ ရှိနေသလို နည်းပြယာဂင်ကလော့ပ်ကိုယ်တိုင်ပါ သူတို့အသင်းက ကွင်းလယ်လူတစ်ဦး ခေါ်ယူရလိမ့်မယ်လို့ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ လီဗာပူးလ်က ဘာစီလိုနာ ကွင်းလယ်လူ ဒီယွန်းကို ခေါ်ယူမယ်လိမ့်မယ်လို့ ကောလဟာလ ထွက်ပေါ်လာခဲ့ပေမယ့် လက်ရှိမှာ လီဗာပူးလ်က ရှက်ဖီး ကွင်းလယ်လူ ဆန်ဒါဘာဂါနဲ့ လိုက်ပ်ဇစ် ကွင်းလယ်လူ လိုင်းမားတို့ကိုသာ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

RB Leipzig English on Twitter: "INJURY UPDATE ℹ️ Konrad #Laimer will  undergo knee surgery on Thursday and will therefore be unavailable for the  next four weeks. 🚑 Wishing you all the best,

Photo Credit : Twitter

ဒီကစားသမားနှစ်ဦးထဲကမှ သြစတြီးယား ကွင်းလယ်ကစားသမား လိုင်းမားကို လီဗာပူးလ်ဘက်က ပိုမို မျက်စိကျနေပြီး ကမ်းလှမ်းမှုတွေလည်း ပြုလုပ်သွားဖို့ပြင်ဆင်ထားတယ်လို့ Kicker ကနေ ဖော်ပြလာပါတယ်။ အသက်(၂၅)နှစ်အရွယ် ကစားသမား လိုင်းမားဟာ ဒီနှစ် နွေဈေးကွက်တစ်လျှောက်လုံးမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက် ထွက်ပေါ်ခဲ့ရပေမယ့် လိုက်ပ်ဇစ်ဘက်က လိုင်းမားကို ရောင်းထုတ်ခဲ့ခြင်း မရှိပဲ အသင်းမှာ ဆက်ထိန်းထားခဲ့ပါတယ်။ ဒါပေမယ့် လိုင်းမားက လိုက်ပ်ဇစ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာကြောင့် တကယ်လို့ လိုင်းမားသာ စာချုပ် မတိုးဖြစ်ခဲ့ရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှံးရနိုင်မယ့် အခြေအနေလည်း ရှိနေတာဖြစ်လို့ လိုက်ပ်ဇစ်အနေနဲ့ လိုင်းမားကို ပြောင်းရွှေ့ကြေး ပေါင်(၂၅)သန်းဝန်းကျင်လောက်နဲ့ ရောင်းထုတ်ရနိုင်ဖွယ် ရှိနေပါတယ်။ CM DM တွေအပြင် ကွင်းလယ်(၃)ယောက်တန်းရဲ့ ညာခြမ်းနေရာမှာပါ ကစားတတ်သူ လိုင်းမားဟာ ၂၀၁၇ခုနှစ်ကတည်းက လိုက်ပ်ဇစ်မှာ ပါဝင်နေခဲ့သူဖြစ်ပြီး ဘွန်ဒစ်လီဂါပွဲစဉ်ပေါင်း (၁၁၁)ပွဲအထိ ပါဝင်ထားခဲ့တဲ့ အတွေ့အကြုံရင့် ကွင်းလယ်ကစားသမားတစ်ဦး ဖြစ်ပါတယ်။