လတ်တလောမှာ ကွင်းလယ် ကစားသမားတွေြုဖစ်တဲ့ အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန် နဲ့ ဖာဘင်ဟိုတို့ကို လက်လွတ်သွားရဖို့ ရှိနေတဲ့ လီဗာပူးလ်အသင်းက ကွင်းလယ်ပိုင်း ပြန်လည် အားဖြည့်ဖို့အတွက် ကယ်လ်ဗင် ဖီးလစ်  ၊ ရိုမီရို လာဗီယာ ၊ ဆိုဖန် အမ်မရာဘတ် နဲ့ ရိုင်ယန် ဂရာဗန်ဘာ့ချ်တို့ကို ပစ်မှတ်ထားနေတယ်လို့ Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : This is Anfield

   လီဗာပူးလ်က ဒီနွေမှာ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ဒိုမနစ် ဆိုဘိုဆလိုင်း နဲ့ အလက်ဆစ် မက် အယ်လစ္စတာတို့ကို ခေါ်ယူအားဖြည့်ထားပြီးမှ ကွင်းလယ်လူ ဟန်ဒါဆန် နဲ့ ဖာဘင်ဟိုတို့ကို ဆော်ဒီကလပ်တွေက အသေအချာ ကြိုးပမ်းလာခဲ့ရာ ကစားသမားနှစ်ဦးလုံးက ဆော်ဒီကလပ်တွေဆီ ရောက်ရှိဖို့ကလည်း အလွန် နီးစပ်လာခဲ့ပါတယ်။ ဒါကြောင့် လီဗာပူးလ်အနေနဲ့ ဒီကစားသမားတွေကိုသာ လက်လွတ်ရမယ်ဆိုရင် ပြန်လည် အစားထိုးနိုင်ဖို့အတွက် ကွင်းလယ်လူ (၄)ဦးအထိ ချိန်ရွယ်လာခဲ့ပါတယ်။

Photo Credit : Caughtoffside

   လီဗာပူးလ်က ဆိုဘိုဆလိုင်းကို လိုက်ပ်ဇစ်ကနေ ခေါ်ယူပြီးချိန်ကတည်းက ဆောက်သမ်တန် ကွင်းလယ် ကစားသမားလေး လာဗီယာကို ဆက်လက် ကြိုးပမ်းနေတာဖြစ်ပြီး ပြောင်းရွှေ့ကြေးပိုင်းမှာ အဆင်မပြေသေးလို့သာ မကမ်းလှမ်းတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ဖာဘင်ဟို ဟန်ဒါဆန်တို့အပြင် သီယာဂိုကိုပါ လက်လွတ်သွားဖို့ ရှိနေတာကြောင့် အနည်းဆုံး ကွင်းလယ် ကစားသမားသစ် (၂)ဦးခန့်လောက်အထိ ပြန်လည် အားဖြည့်ဖို့ ရှိနေပါတယ်။

   လက်ရှိ လီဗာပူးလ်နဲ့ သတင်းထွက်နေတဲ့ ကစားသမားထဲမှာ ဖီးလစ်က ခေါ်ယူဖို့ ခက်ခဲနိုင်ပြီး အကြောင်းအရင်းကတော့ မန်စီးတီး နဲ့ လီဗာပူးလ်တို့က အဓိက ပြိုင်ဘက်တွေ ဖြစ်နေတဲ့အတွက် ရောင်းချဖို့ ခဲယဉ်းနိုင်ပါတယ်။ ဒါကြောင့် လီဗာပူးလ်က ရိုမီရို အမ်မရာဘတ် နဲ့ ဂရာဗန်ဘာ့ချ်တို့ကိုသာ ကြိုးပမ်းရနိုင်ပြီး မန်ယူနိုက်တက် နဲ့ သတင်းထွက်နေသူ မော်ရိုကို ကွင်းလယ်လူ အမ်မရာဘတ် နဲ့ ချယ်လ်ဆီး အာဆင်နယ်တို့ အလိုရှိနေတဲ့ စီးတီး ကစားသမားဟောင်းလေး ရိုမီရိုတို့ကို ပိုမို ပစ်မှတ်ထားနိုင်ပါတယ်။