MySport Myanmar

ဘယ်လင်ဟမ်ရော မာသီးယပ်စ်နူးနက်စ်ကိုပါ ပစ်မှတ်ထားလာခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ လာမယ့်နွေမှာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အား ဖြည့်တင်းသွားဖို့အတွက် ဒေါ့မွန်အသင်းရဲ့ အင်္ဂလန်ကြယ်ပွင့် ဘယ်လင်ဟမ်ကိုသာမကပဲ ဝုလ်အသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်ကစားသမား မာသီးယပ်စ်နူးနက်စ်ကိုပါ ပစ်မှတ်ထားနေခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Daily Mail

လီဗာပူးလ်အသင်းအနေနဲ့ အခု ဆောင်းဈေးကွက်ထဲမှာပဲ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ကစားသမား ခေါ်ယူမှုတွေ လုပ်ဆောင်ချင်ပေမဲ့ သူတို့ တကယ်လိုချင်တဲ့ ကစားသမားတွေကို ခေါ်ယူဖို့က နွေဈေးကွက်မှသာ ပိုမို ဖြစ်နိုင်ခြေရှိတာကြောင့် နွေဈေးကွက် ဖွင့်လှစ်ချိန်အတွင်းမှာပဲ ကမ်းလှမ်းမှုတွေ စတင်ပြုလုပ်ဖွယ်လည်း ရှိနေပါတယ်။ လီဗာပူးလ်အသင်း အလိုရှိဆုံး ကွင်းလယ်ကစားသမားကတော့ ဒေါ့မွန်မှာရော အင်္ဂလန်မှာပါ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ဆယ်ကျော်သက် ကစားသမားလေး ဘယ်လင်ဟမ်ဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းနဲ့အပြိုင် စိတ်ဝင်စားလျက် ရှိနေပါတယ်။

Photo Credit : UK Sports News

ဘယ်လင်ဟမ်က အင်္ဂလန် ကစားသမား ဖြစ်တာကြောင့် ပရီးမီးယားလိဂ်မှာလည်း လုံးဝ မကစားဖူးတာကြောင့် လီဗာပူးလ်အသင်းဆီ ပြောင်းရွေ့လာဖို့ ဆန္ဒရှိနေပေမဲ့လည်း ကမ်းလှမ်းမှုတွေ အပြိုင်လုပ်ရတဲ့အခါ ရီးယဲလ်က လီဗာပူးလ်ထက်ကို ပြောင်းရွေ့ကြေး ပိုပေးနိုင်တဲ့ အနေအထားမျိုး ရှိနေတာကြောင့် ဒီအချက်က လီဗာပူးလ်အတွက် မလွယ်ကူနိုင်တဲ့ အခြေအနေ ဖြစ်လာခဲ့ရပါတယ်။ ဒါကြောင့် လီဗာပူးလ်အနေနဲ့ ဘယ်လင်ဟမ်ကိုသာ မခေါ်ယူနိုင်ခဲ့ရင် နောက်ထပ် option အနေနဲ့ ဝုလ်ဗ် ကွင်းလယ်လူ နူးနက်စ်ကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ် ဘောလုံးရာသီမှ စပို့တင်းလစ္စဘွန်းကနေ ဝုလ်ဗ်ကို ရောက်ရှိလာခဲ့တဲ့ ပေါ်တူဂီ ကွင်းလယ်လူ နူးနက်စ်ဟာ စပို့တင်းမှာ ကစားခဲ့စဉ်ကတည်းက လီဗာပူးလ်ပစ်မှတ် ဖြစ်ခဲ့ရသူဖြစ်ပြီး အခုလည်း လီဗာပူးလ်က ဆောင်းဈေးကွက်အတွင်းမှာတောင် နူးနက်စ်ကို ခေါ်ယူချင်နေပါတယ်။ ဒါပေမဲ့ ဝုလ်ဗ်အသင်းဘက်ကတော့ သူတို့ကစားသမားကို အခုဈေးကွက်ထဲမှာ လက်လွတ်သွားဖို့ အစီအစဉ် မရှိတဲ့အတွက် လာမယ့်နွေမှသာ ထိုက်သင့်တဲ့ ပြောင်းရွေ့ကြေးမျိုးနဲ့ ပြန်လည် ရောင်းချနိုင်ပါတယ်။ နောက်ဆုံး ထွက်ပေါ်ထားတဲ့ သတင်းတွေအရ လီဗာပူးလ်အသင်းဟာ ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တောင်မှ နူးနက်စ်ကိုလည်း ထပ်မံ ခေါ်ယူပြီး ကွင်းလယ်ပိုင်းကို ပိုမို တောင့်တင်းအောင် လုပ်ဆောင်သွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Exit mobile version