လီဗာပူးလ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ၂၀၁၈ ၂၀၁၉တုန်းက နှစ်နှစ်ဆက်တိုက်အထိ ချန်ပီယံလိဂ်မှာ တွေ့ဆုံခဲ့ဖူးတဲ့ ပြိုင်ဘက်ဟောင်း နာပိုလီနဲ့ ထိပ်တိုက် ပြန်လည်တွေ့ဆုံနေခဲ့ပြီး ဒီတစ်ကြိမ် နေပယ်မှာ ထပ်မံ တွေ့ဆုံရာမှာလည်း အိမ်ရှင်နာပိုလီရဲ့ အသာစီး ရယူမှုနဲ့ ထပ်ပြီး ရင်ဆိုင်ခဲ့ရပြန်ပါတယ်။

Photo Credit : Bola

လီဗာပူးလ်က နာပိုလီအသင်းနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ဆုံတွေ့ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်မှာတော့ ၂၀၁၈ခုနှစ်မှာ ထိပ်တိုက် တွေ့ဆုံကြတာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်က နေပယ်မှာ ကစားခဲ့တဲ့ ပွဲစဉ်အတွင်းမှာ အိမ်ရှင် နာပိုလီက လီဗာပူးလ်ကို (၁)ဂိုးတည်းနဲ့ ကပ်အနိုင်ရခဲ့ပြီး လီဗာပူးလ်ကတော့ ဂိုးပေါက်တည့်ကန်ချက်တောင် တစ်ကြိမ်မှ မလုပ်နိုင်ပဲ ရှုံးနိမ့်ခဲ့ရပါတယ်။

Image

Photo Credit : Twitter

၂၀၁၉ခုနှစ်မှာလည်း လီဗာပူးလ်နဲ့ နာပိုလီတို့က ချန်ပီယံလိဂ်မှာ တစ်အုပ်စုတည်း ထပ်မံ ဆုံတွေ့ခဲ့ပြန်ပြီး ဒီတစ်ကြိမ် နေပယ်မှာ ဆုံတွေ့ချိန်မှာလည်း လီဗာပူးလ်က နာပိုလီကို (၂)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြန်ပါတယ်။ အခု ဒီနှစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ထပ်မံ ဆုံတွေ့နေရပြီး ဒီတစ်ခေါက်မှာလည်း နာပိုလီရဲ့ အကောင်းဆုံး ကစားဟန် လီဗာပူးလ်ရဲ့ ခံစစ်နဲ့ ကွင်းလယ်ပိုင်း အားနည်းချက်တွေကြောင့် လီဗာပူးလ်တို့ ပထမပိုင်း ပွဲချိန်အတွင်း ပေးဂိုး(၃)ဂိုးနဲ့ ပင်နယ်တီ (၂)ကြိမ်ပါ ခွင့်ပြုခဲ့ရသလို ပွဲအပြီးမှာလည်း နာပိုလီကို (၄)ဂိုး (၁)ဂိုးနဲ့ပါ မရူမလှ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါကြောင့် လီဗာပူးလ်ဟာ နေပယ်မှာ ကစားခဲ့သမျှ ချန်ပီယံလိဂ် (၃)ပွဲလုံး (1-0) (2-0) (4-1) ဆိုတဲ့ ရလဒ်တွေနဲ့ ဆက်တိုက် ရှုံးနိမ့်ရင်း နေပယ် ကျိန်စာဆိုးတွေအောက်ကနေ မရုန်းထွက်နိုင်သေးပဲ ဖြစ်နေရပါတယ်။