လီဗာပူးလ်အသင်းရဲ့ အငှားကစားသမား ကွင်းလယ်လူ အာသာမယ်လိုရဲ့ ဒဏ်ရာအခြေအနေက ပြင်းထန်မှု ရှိတာကြောင့် ကာလအတန်ကြာအထိ အနားယူသွားရနိုင်တယ်လို့ လီဗာပူးလ်နည်းပြကြီး ယာဂန်ကလော့ပ်က အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

Arthur Melo is out for a 'long' time with a 'serious' thigh injury

Photo Credit : The Sun

ဒီနှစ်ရဲ့နွေဈေးကွက်အတွင်းကမှ ဂျုဗင်တပ်စ်အသင်းကနေ တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့တဲ့ ဘရာဇီးလ် ကွင်းလယ်ကစားသမား အာသာဟာ လီဗာပူးလ်က နာပိုလီကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာသာ အသင်းအတွက် (၁၄)မိနစ်ခန့် ကစားခဲ့ရပြီး အဲ့ဒီနောက်ပိုင်းကတည်းကနေ ဒဏ်ရာပြသာနာကြောင့် ဆက်တိုက် အနားယူနေခဲ့ရပါတယ်။ အသာဟာ လက်ရှိမှာ ပေါင်ဒဏ်ရာကို ခံစားနေရတာဖြစ်ပြီး ဒီဒဏ်ရာက ပြင်းထန်တဲ့ ဒဏ်ရာမျိုး ဖြစ်တာကြောင့် ကာလရှည်ကြာ အနားယူရလိမ့်မယ်လို့ နည်းပြကလော့ပ်က အတည်ပြု ပြောကြားလိုက်ပါတယ်။

Jurgen Klopp has got just 13 minutes of action from the Brazilian

Photo Credit : The Sun

အသက်(၂၆)နှစ်အရွယ် အောက်တိုဘာလဆန်းပိုင်းအတွင်း အသင်းလိုက် လေ့ကျင့်ခန်း ပြုလုပ်နေစဉ်အတွင်းမှာ ပေါင်ဒဏ်ရာကို ရရှိသွားခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိ လီဗာပူးလ်အသင်းမှာ ဒဏ်ရာပြသာနာများစွာနဲ့ ရင်ဆိုင်နေရပြီး တိုက်စစ်ပိုင်းမှာဆိုရင်လည်း လူးဝစ်ဒီယက်ဇ်နဲ့ ဒီယေဂိုဂျိုတာတို့က ဒဏ်ရာအသီးသီးနဲ့ ကြုံတွေ့နေရတာကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ထားခဲ့ရပါတယ်။ အခုလည်း injury prone player တစ်ဦးဖြစ်တဲ့ အာသာကပါ သူရဲ့ဒဏ်ရာ ပြင်းထန်နေတာကြောင့် ရက်ရှည်အနားယူရမှာဖြစ်ကြောင်း “အဲ့ဒါက တကယ့်ကို ပြင်းထန်တဲ့ ဒဏ်ရာတစ်ခုပါ။ သူ ဒီမှာပဲ ရှိနေပါတယ်။ ကာလရှည် ဒဏ်ရာကနေ သူ ပြန်ကောင်းမွန်လာတဲ့အခါ ကျွန်တော်တို့ ပြန်စဉ်းစားပါမယ်။ ဒဏ်ရာကြောင့် ဘယ်လောက်နားရမယ်ဆိုတာ မသိပေမယ့် အဲ့ဒါက ကြာရှည်ပါလိမ့်မယ်။ ဒါပေမယ့် လာမယ့် ဇန်နဝါရီမှာ အငှားစာချုပ်ကို ကျွန်တော်တို့ဘက်က ဖျက်သိမ်းသွားမှာ မဟုတ်ပါဘူး” လို့ ကလော့ပ်က ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီအခြေအနေကြောင့် ကလော့ပ်ဟာ လာမယ့် ဆောင်းဈေးကွက်အတွင်း ကွင်းလယ်လူတစ်ဦးကို ခေါ်ယူသွားရဖွယ် ရှိနေသလို ကွင်းလယ်လူကီတာရဲ့ စာချုပ်အခြေအနေကိုလည်း သေချာ ဆုံးဖြတ်ပေးရဖွယ် ရှိနေပါတယ်။