ဇန်နဝါရီလရဲ့အပြောင်းအရွှေ့ဈေးကွက် မစတင်ခင်ကတည်းက ချန်ပီယံလိဂ်မှာ ပြိုင်ဘက်တွေအဖြစ် ဆုံစည်းခဲ့ဖူးတဲ့ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမား မီနာမီနိုကို ပေါင်၇သန်းဝန်းကျင်လောက်နဲ့ ခေါ်ယူအားဖြည့်နိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ အခုအခါမှာလည်း လိဂ်ချန်ပီယံရှစ်ကလပ် ဘရန်ဖိုဒ့်အသင်းရဲ့ လူငယ်တိုက်စစ်ကစားသမားလေးဖြစ်သူ ဂျိုးဟာဒီကို အခုဈေးကွက်ရဲ့ဒုတိယမြောက် ကစားသမားအင်အားဖြည့်တင်းမှုအဖြစ် ခေါ်ယူလိုက်နိုင်ပြီဖြစ်ကြောင်း The Sun သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။
Photo Credit : Forbes
(Unicode)
ဆောင်းရာသီစျေးကွက်ရဲ့ဒုတိယမြောက် လူခေါ်ယူမှုကို ထပ်မံပြုလုပ်ခဲ့တဲ့ လီဗာပူးလ်
ဇန်နဝါရီလရဲ့အပြောင်းအရွှေ့စျေးကွက် မစတင်ခင်ကတည်းက ချန်ပီယံလိဂ်မှာ ပြိုင်ဘက်တွေအဖြစ် ဆုံစည်းခဲ့ဖူးတဲ့ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမား မီနာမီနိုကို ပေါင်ရသန်းဝန်းကျင်လောက်နဲ့ ခေါ်ယူအားဖြည့်နိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ အခုအခါမှာလည်း လိဂ်ချန်ပီယံရှစ်ကလပ် ဘရန်ဖိုဒ့်အသင်းရဲဲ့ လူငယ်တိုက်စစ်ကစားသမားလေးဖြစ်သူ ဂျိုးဟာဒီကို အခုစျေးကွက်ရဲဲ့ဒုတိယမြောက် ကစားသမားအင်အားဖြည့်တင်းမှုအဖြစ် ခေါ်ယူလိုက်နိုင်ပြီဖြစ်ကြောင်း The Sun သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။
Photo Credit : Daily Express
အသက်၂၁နှစ်သာရှိသေးတဲ့ တိုက်စစ်မှူးဟာဒီက လီဗာပူးလ်အသင်းရဲ့အနီးဆုံးပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းဖြစ်တဲဲ့ မန်စီးတီးရဲ့အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်သလိုု အဲ့ဒီကနေတစ်ဆင့် ဘရန်ဖိုဒ့်လူငယ်အသင်းမှာ ၂၀၁၆ခုနှစ်ကနေ စတင်ပါဝင်ကစားနေသူဖြစ်ပါတယ်။ ဒီရာသီမှာလည်း ဘရန့်ဖိုဒ့်ဘီအသင်းအတွက် ယူ-၁၈ ပရီးမီးယားလိဂ်ပြိုင်ပွဲပေါင်း ၁၉ပွဲ ကစားထားပြီး ၁၁ဂိုးသွင်းယူထားနိုင်ခဲ့ကာ ၅ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဒီလို အရည်အသွေးပြည့်ဝတဲ့ တိုက်စစ်ကစားသမားလေးဟာ လီဗာပူးလ်လူငယ်အသင်းမှာ စတင်ကစားရမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။
Photo Credit : Forbes
လီဗာပူးလ်အသင်းဟာ မကြာသေးခင်ကမှ သူတို့ရဲ့မြို့ခံဒါဘီအသင်းဖြစ်တဲ့ အဲဗာတန်အသင်းနဲဲ့ အက်အေဖလား တတိယအဆင့်ပွဲစဉ်ကိုိ ဆင်နွဲခဲ့ကြပြီး လူငယ်ကစားသမားလေး ကာတစ်ဂျုံးရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရယူခဲ့ပြီး စတုတ္ထအဆင့်မှာ ဘရစ္စတိုးစီးတီး ဒါမှမဟုတ် ရှရူးဘူရီ နှစ်သင်းထဲက တစ်သင်းသင်းနဲ့ တွေ့ဆုံရတော့မှာဖြစ်ပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ်ချန်ပီယံ ဆုဖလားကြီးကို ပိုင်ဆိုင်နိုင်ဖို့အတွက် အခြေအနေအကောင်းဆုံးမှာရှိနေတဲ့အပြင် လက်ရှိခြေစွမ်းတွေကြောင့်လည်း ချန်ပီယံလိဂ်ဖလားကိုပါ ဆက်လက်ကာကွယ်နိုင်ဖွယ်ရှိနေတဲ့ လီဗာပူးလ်အသင်းဟာ တကယ့်ကို အင်အားတောင့်တင်းလှတဲ့ ကစားသမားစုဖွဲ့မှုကို ပိုင်ဆိုင်ထားတဲ့အပြင် မီနာမီနို ဂျိုးဟာဒီတို့လို အရည်အသွေးပြည့်ဝတဲ့ ကစားသမားသစ်တွေကိုပါ ခေါ်ယူအားဖြည့်နိုင်လို့ အတော်လေးကို စိတ်ကျေနပ်စရာ အခြေအနေမျိုးကို ရောက်ရှိနေရပါတယ်။