လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်း စတီဗင် မက်မာနာမန်က လီဗာပူးလ်အသင်းအနေနဲ့ ဘာစီလိုနာအသင်းကို ရောင်းချသွားခဲ့တဲ့ ကော်တင်ဟိုကို ပြန်လည် ခေါ်ယူသင့်ပြီ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ (၂၀၁၈) ခုနှစ်၊ နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ ကွင်းလယ်လူ ကော်တင်ဟိုကို ယူရို သန်း (၁၆၀) နဲ့ ဘာစီလိုနာအသင်းကို ရောင်းခဲ့ပြီး ကော်တင်ဟိုကို ရောင်းချရာကနေ ရတဲ့ ငွေနဲ့ နောက်ခံလူ ဗန်ဒိုက်ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Gettyimage

ကွင်းလယ်လူ ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းကို ရောက်သွားခဲ့ပြီး အစပိုင်းမှာ ပွဲထွက်ခွင့် ရရှိခဲ့ပေမဲ့လည်း နောက်ပိုင်းမှာ ပွဲထွက်ခွင့် နည်းပါးလာပြီး လက်ရှိမှာတော့ ဘိုင်ယန်အသင်းကို အငှားနဲ့ သွားရောက်ကစားနေပါတယ်။ လီဗာပူးလ် ကစားသမားဟောင်း မက်မာနာမန်ကတော့ လီဗာပူးလ်အသင်းအနေနဲ့ ပုံမှန်ပွဲထွက်ခွင့် မရတဲ့ အသင်းရဲ့ လက်ရှိ ကစားသမား အချို့တွေကို ရောင်းပြီး ကော်တင်ဟိုကို ပြန်လည် ခေါ်ယူသင့်တယ်လို့ HorseRacing.Net မှာ ပြောခဲ့ပါတယ်။

Photo Credit: Gettyimage

မက်မာနာမန်က “လီဗာပူးလ်အသင်းက ကော်တင်ဟိုကို ပြန်ခေါ်ဖို့ ရွေးချယ်ရင် ဖြစ်နိုင်ပါတယ်။ ကော်တင်ဟို ပြန်လာတာကို မြင်ရမှာ ကျွန်တော် ဘာမှ မဖြစ်ပါဘူး။ သူက ကစားသမားကောင်း ဖြစ်ပြီး ဒီအရာတွေ အများစုက စီးပွားရေး ဆန်ကြပါတယ်။ တကယ်လို့ ဈေးနှုန်း အသင့်အတင့်နဲ့ ကော်တင်ဟိုကို ခေါ်ယူပြီး ပုံမှန် ပွဲဦးထွက်ခွင့် မရတဲ့ ကစားသမားတွေကို ရောင်းလိုက်ရင် ဒါက ဖြစ်လာနိုင်ပါတယ်။ နေရာရသေးရင် ကော်တင်ဟိုကို ပြန်ခေါ်ချင်ပါတယ်”လို့ ပြောခဲ့ပါတယ်။