နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကို လက်လက်ဆက်ဆက် ရရှိပြီးနောက် အသင်းကို ပိုမို အားကောင်းအောင် ဖြည့်တင်းချင်တာကြောင့် နာပိုလီအသင်းရဲ့ နောက်ခံ ကစားသမား ဖြစ်သူ ကူလီဘာလီကို လာမယ့် ဈေးကွက်မှာ ခေါ်ယူချင်နေပါတယ်။ Tuttotpsport သတင်းအရ နာပိုလီအသင်းဟာ အသင်းရဲ့ နောက်ခံလူ ကူလီဘာလီကို ပေါင် သန်း (၉၀) နဲ့ ရောင်းချချင်နေတာ ဖြစ်ပြီး လီဗာပူးလ်အသင်းက ပေါင် သန်း (၉၀) ကို အပြည့် မပေးဘဲ လိုဗရန်နဲ့ရော ငွေကြေးနဲ့ရော ကမ်းလှမ်းမယ် ဆိုရင် ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

Photo Credit: Dailymail

နာပိုလီအသင်းရဲ့ ဥက္ကဌ ဖြစ်သူ အော်ရီလီယို ဒီ လောရန်တီးစ် (Aurelio De Laurentiis) က ကူလီဘာလီကို ခေါ်ယူဖို့ ပေါင် သန်း (၆၀) နဲ့အောက် မနည်းဘဲ ကမ်းလှမ်းလာကြမယ် ဆိုရင် ကမ်းလှမ်းမှုကို မငြင်းဘဲ စဉ်းစားပေးသွားမှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်အနည်းက ပြောသွားခဲ့ပါတယ်။  လီဗာပူးလ်အသင်းဟာ အသင်းရဲ့ နောက်ခံလူ လိုဗရန်ကို အလိုက်ပေးပြီး နာပိုလီအသင်းရဲ့ နောက်ခံလူ ကူလီဘာလီကို ခေါ်ယူချင်နေပြီး နောက်ခံ ကစားသမား လိုဗရန်ကတော့ လက်ရှိရာသီမှာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ် (၁၀) ပွဲပဲ ကစားထားရတာပဲ ဖြစ်ပါတယ်။

Photo Credit: Dailymail

လိုဗရန်ဟာ လီဗာပူးလ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ် (၁) နှစ်သာ ကျန်ရှိတော့တာ ဖြစ်ပြီး လီဗာပူးလ်အသင်းရဲ့ နည်းပြ ကလော့ပ်အနေနဲ့ အသင်းရဲ့ နောက်တန်းမှာ ဗန်ဒိုက်၊ မာတစ်၊ နဲ့ ဂိုးမက်စ် စသဖြင့် အသုံးပြုလို့ ရတဲ့ နောက်ခံ ကစားသမားတွေ အများကြီး ရှိနေကြပါတယ်။ နာပိုလီ နောက်ခံလူ ကူလီဘာလီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတဲ့ အသင်းတွေထဲမှာ နည်းပြ ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းလည်း ပါဝင်နေပြီး အခြား ဥရောပ အသင်းကြီးတွေ များစွာကလည်း နောက်ခံလူ ကူလီဘာလီကို ခေါ်ယူနိုင်ဖို့အတွက် စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ နောက်ခံလူ ကူလီဘာလီကို ခေါ်ယူနိုင်ဖို့ လိုဗရန်နဲ့ရော ငွေကြေးနဲ့ရော ကမ်းလှမ်းမယ် ဆိုရင် ခေါ်ယူနိုင်ချေ ရှိပြီး တကယ်လို့ ကူလီဘာလီကသာ လီဗာပူးလ်အသင်း ရောက်လာမယ် ဆိုရင် လီဗာပူးလ်အသင်းက အများကြီး ပိုကောင်းသွားဦးမှာပဲ ဖြစ်ပါတယ်။