ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ အဆင်မပြေ ဖြစ်လို့နေရတဲ့ တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားဟာ လာမယ့် နွေရာသီမှာ ဂျုဗင်တပ်စ်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာရဖွယ် ရှိနေတာကြောင့် သူ့ကို ကလပ်အသင်း များစွာကနေ ချိတ်ဆက်မှုတွေ ပြုလုပ်လာခဲ့သလို လီဗာပူးလ်အသင်းကလည်း ဒီဘားလားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်မှုတွေ ပြုလုပ်လာခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Photo Credit : Daily Mail
ဂျုဗင်တပ်စ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း အီတလီစီးရီးအေမှာ အတော်လေး တောက်ပနေတဲ့ ဆာဘီးယား တိုက်စစ်ကစားသမား ဒူဆန်ဗလာဟိုဗစ်ကို ဖီအိုရင်တီးနားအသင်းကနေ ခေါ်ယူသွားဖို့ အနီးစပ်ဆုံး ဖြစ်လာခဲ့တဲ့နောက်မှာ အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မိုရာတာ ဒီဘားလားတို့ရဲ့ အနာဂတ်တွေက လှုပ်ခတ်သွားခဲ့ရပါတယ်။ စပိန်တိုက်စစ်မှူး မိုရာတာက ဒီနှစ်ဘောလုံးရာသီအကုန်မှာ သူနဲ့ ဂျုဗင်တပ်စ်အသင်းတို့ကြား အငှားစာချုပ် ကုန်ဆုံးတော့မှာ ဖြစ်သလို ဒီဘားလားကလည်း လာမယ့်နွေမှာ ဂျုဗင်တပ်စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ အခုလို ဗလာဟိုဗစ်ကို ခေါ်ယူခဲ့ခြင်းက ဒီကစားသမား(၂)ယောက်ရဲ့ အနာဂတ်ကို ပိုမိုဝေဝါးသွားစေနိုင်ပါတယ်။
Photo Credit : Eurosport
အသက်(၂၈)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား ဒီဘားလားဟာ ၂၀၁၅ခုနှစ်ကမှ ပါလာမိုအသင်းကနေ ဂျုဗင်တပ်စ်အသင်းဆီကို အပိုဆုကြေး အပါအဝင် ယူရိုသန်း(၄၀)နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၂၇၅)ပွဲ ပါဝင်ကစားထားခဲ့ကာ စုစုပေါင်းသွင်းဂိုး (၁၁၀)အထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီဘားလားဟာ ဂျုဗင်တပ်စ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်နေပေမယ့်လည်း သူနဲ့ အသင်းကြားက စာချုပ်သက်တမ်းဟာ ဒီရာသီအကုန်မှာပဲ အဆုံးသတ်သွားတော့မှာ ဖြစ်တဲ့အတွက် သက်တမ်းတိုးဖို့ကို ကစားသမားဘက်ကရော အသင်းဘက်ကပါ လုပ်ဆောင်ကြပေမယ့် အခုထိ ညှိနှိုျင်းမှု မရနိုင်သေးသလို စာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး အသင်းနဲ့ ကစားသမားတို့ကြား အဆင်မပြေမှုတွေပါ ဖြစ်နေရတဲ့အတွက် သက်တမ်းတိုးဖို့က ကြန့်ကြာနေရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုး ရှိလို့နေတဲ့ ဒီဘားလားကို အင်တာမီလန်အသင်းက ခေါ်ယူသွားဖို့ စတင်စိတ်ဝင်စားလာခဲ့သလို ပရီးမီးယားလိဂ် ကလပ်အသင်းတွေကလည်း ဒီဘားလားရဲ့ အခြေအနေကို စောင့်ကြည့်လာခဲ့ပြီး လီဗာပူးလ်အသင်းကပါ ဒီဘားလားကို ပစ်မှတ်ထားလာခဲ့တယ်လို့ Football Italia ကနေ ဖော်ပြလာခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိမှာ ဆာလာ မာနေးတို့ကို စာချုပ်သက်တမ်းတိုးဖို့ အဓိကထားပြီး ဆောင်ရွှက်နေပေမယ့် သက်တမ်းတိုးဖို့ အဆင်မပြေနိုင်ခဲ့ရင် အသင်းတိုက်စစ်ပိုင်း အားမလျော့သွားဖို့အတွက် ဒီဘားလားကို အလိုရှိနေတာ ဖြစ်သလို လာမယ့်နွေမှာ ခေါ်ယူနိုင်ဖို့အတွက်ပါ အကြိုသဘောတူညီမှု ရယူနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။