နော်ဝေ ဘောလုံးအကျော်အမော်နဲ့ နာမည်ကြီး ဘောလုံးသုံးသပ်သူအဖြစ် လုပ်ကိုင် နေတဲ့ ဖျိုးတော့ပ် ကတော့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ်ဟာ လစ်ဇက်အသင်းရဲ့ တိုက်စစ်မှူး တီမိုဝါနာကို အမှန်တကယ် ခေါ်ယူလိုခဲ့တာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ လစ်ဇက်အသင်းရဲ့ ဂျာမန်တိုက်စစ်မှူး ဖြစ်တဲ့ တီမိုဝါနာဟာ ကနဦးမှာ လီဗာပူးအသင်းထံကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှု ရယူထားပြီးပြီ ဖြစ်ကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တဲ့ ကစားသမား ဖြစ်ပေမယ့် အဆုံးသတ်မှာတော့ ချယ်လ်ဆီး အသင်းထံကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားခဲ့တဲ့ ကစားသမား ဖြစ်ပြီး ဘာ့ကြောင့် ဝါနာ ဟာ လီဗာပူးအသင်းနဲ့ သဘောတူညီမှု မရရှိခဲ့သလဲဆိုတာဟာ ပရိသတ်တွေကြားထဲမှာ သိရှိလိုတဲ့ မေးခွန်းတစ်ခု ဖြစ်ခဲ့ပါတယ်။

Photo Credit: Express

လက်ရှိမှာတော့ ဖျိုးတော့ပ်ဟာ ပရိသတ်တွေ သိရှိလိုနေတဲ့ တီမိုဝါနာနဲ့ လီဗာပူးအသင်းတို့ကြားမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို ဖော်ထုတ် သွားခဲ့ပြီး လီဗာပူးအသင်းနည်းပြ ကလော့ပ် ဟာ တီမိုဝါနာကို အမှန်တကယ် ခေါ်ယူဖို့ ဆက်သွယ်ခဲ့ကြောင်း ဖွင့်ဟ သွားခဲ့ပါတယ်။ ဒါပေမယ့် ဖျိုးတော့ပ်ရဲ့ အဆိုအရ လီဗာပူး အသင်းရဲ့ အမေရိကန်ပိုင်ရှင်တွေဟာ တီမိုဝါနာ ကို အသင်းထံ မခေါ်ယူချင်ခဲ့ပဲ ကိုရိုနာဗိုင်းရပ် ပျံ့ပွားနေတ​ဲ့ အချိန်မှာ အသင်းရဲ့ ဘဏ္ဏာရေး အခြေအနေဟာ သိပ်မကောင်းကြောင်း ကလော့ပ်ကို ပြောပြီး တီမိုဝါနာကို ဝယ်ယူဖို့ အတွက် ငွေထုတ်မပေးခဲ့တာလို့ သိရပါတယ်။ အဆိုပါ အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး ဖျိုးတော့ပ်က –

Photo Credit: Express

” ကျွန်တော်က လီဗာပူးအသင်းမှာ ရှိတဲ့ ဝန်ထမ်းတစ်ယောက်ကို ဆက်သွယ်ခဲ့ပါတယ်။ ကျွန်တော်က သူ့ကို အတော်လေး ယုံကြည်မှုရှိပြီး သူ့ကို ဝါနာနဲ့ လီဗာပူးရဲ့ကြားမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ မေးခဲ့ပါတယ်။ သူပြောပြတာ ကတော့ အသင်းပိုင်ရှင်တွေဖြစ်တဲ့ အမေရိကန် ပိုင်ရှင်တွေဟာ ကလော့ပ်ကို ပြတ်ပြတ်သားသားပဲ ပြောခဲ့တယ်လို့ သိရပါတယ်။ ငါတို့ ဝါနာကို မခေါ်ယူဘူး။ သူ့ကို ခေါ်ယူဖို့အတွက်လည်း ငါတို့ မတတ်နိုင်ဘူး။ ပြီးတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာလည်း အပြောင်းအရွှေ့ အသုံးစရိတ် ရရှိမယ်လို့ မင်း မထင်ထားနဲ့ ဆိုပြီး ကလော့ပ်ကို ပြောခဲ့တယ်လို့ ပြန်သိရပါတယ် ” ဆိုပြီး ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။