MySport Myanmar

လာမယ့် ဇန်နဝါရီမှာ အာသာရဲ့ အငှားစာချုပ်ကို ဖျက်သိမ်းသွားဖွယ် ရှိနိုင်တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ အသင်းအတွက် ရေရှည် အားထားရမယ့် ကွင်းလယ်လူတစ်ဦးကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အာသာမယ်လိုရဲ့ တစ်ရာသီ အငှားစာချုပ်ကို ဖျက်သိမ်းပြီး ဂျုဗင်တပ်စ်အသင်းဆီ ပြန်လည် ပို့ဆောင်သွားဖို့ စီစဉ်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Liputan6

နွေဈေးကွက် စတင်ချိန်ကတည်းက ကစားသမားသစ်တွေကို ခေါ်ယူအားဖြည့်ထားခဲ့တဲ့ လီဗာပူးလ်အသင်းဟာ ကွင်းလယ်ပိုင်းကပါ ထပ်မံ ဖြည့်တင်းဖို့ လိုအပ်နေချိန်မှာ အမှန်တကယ် ခေါ်ယူချင်နေတဲ့ ကွင်းလယ်လူတစ်ဦးကို ခေါ်ယူဖို့ ခဲယဉ်းနေခဲ့လို့ နောက်ဆုံးမှာ ဘရာဇီးလ် ကွင်းလယ်လူ အာသာကို တစ်ရာသီအငှားနဲ့ ဂျုဗင်တပ်စ်ကနေ ခေါ်ယူလိုက်ရပါတယ်။ လီဗာပူးလ်က အာသာကို အငှား+အပြီးသတ်ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပေမယ့်လည်း လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က သူ့အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ရေရှည် အားကိုးရမယ့် ကစားသမားမျိုးကိုသာ လိုချင်နေတာဖြစ်လို့ ဆောင်းဈေးကွက် ဖွင့်ချိန်မှာပဲ ကွင်းလယ်လူတစ်ဦး ထပ်မံရှာဖွေသွားဖွယ် ရှိနေပါတယ်။

Photo Credit : The Sun

အသက်(၂၆)နှစ်အရွယ် ဘာစီလိုနာ ကစားသမားဟောင်း အာသာဟာ သူရဲ့တစ်နိုင်ငံတည်းသား ကစားသမားတွေဖြစ်တဲ့ ဖေမီနို အယ်လီဆန် ဖာဘင်ဟိုတို့ရှိရာ လီဗာပူးလ်အသင်းဆီကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် နာပိုလီကို (၄)ဂိုး (၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာသာ လီဗာပူးလ်အတွက် (၁၃)မိနစ်ခန့် ကစားထားရသလို အသင်းအနေနဲ့ ဇန်နဝါရီလမှာ long-term plan အဖြစ် သတ်မှတ်ထားတဲ့ ကွင်းလယ်လူတစ်ဦးကိုပါ ရရှိနိုင်ခဲ့မယ်ဆိုရင်လည်း အာသာကို စာချုပ်ဖျက်သိမ်းသွားနိုင်တယ်လို့ TUTTOmercatoWEB ကနေ ဖော်ပြလာခဲ့ပါတယ်။ လီဗာပူးလ်နည်းပြ ကလော့ပ် အမှန်တကယ် အလိုရှိနေတဲ့ ကွင်းလယ်ကစားသမားကတော့ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန်ကြယ်ပွင့် ကွင်းလယ်လူ ဘယ်လင်ဟမ် ဖြစ်ပေမယ့်လည်း ဒီကစားသမားလေးကို ဆောင်းဈေးကွက်မှာ ခေါ်ယူဖို့ ဘယ်လိုမှ မလွယ်ကူတာကြောင့် နောက်ထပ် ပစ်မှတ်ကစားသမားဖြစ်တဲ့ လိုင်းမားကို ထပ်မံ ကြိုးပမ်းလာနိုင်ပါတယ်။ အသက်(၂၅)နှစ်အရွယ် သြစတြီးယား ကွင်းလယ်လူ လိုင်းမားက ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ လိုက်ပ်ဇစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ အသင်းနဲ့ သက်တမ်းတိုးဖို့ သဘောတူမှု မရထားခဲ့ဘူးဆိုရင် ဇန်နဝါရီမှာပဲ cut-price နဲ့ ခေါ်ယူနိုင်မှာ ဖြစ်သလို ဒါမှမဟုတ် လာမယ့်နွေမှာ free transfer နဲ့ ခေါ်ယူဖို့ကိုလည်း ကြိုတင် သဘောတူညီမှုရအောင် လုပ်ဆောင်ထားနိုင်မှာ ဖြစ်ပါတယ်။

Exit mobile version