ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက လီဗာပူးလ်အသင်းကို ချန်ပီယံလိဂ်ဖလားကြီး ပိုင်ဆိုင်ဖို့ အဓိကဆောင်ရွှက်ခဲ့သူတွေထဲမှာ ကွင်းလယ်ကစားသမား ရှာကွီရီလည်း ပါဝင်လို့နေပြီး ပွဲတိုင်နီးပါးမှာ ပါဝင်ခဲ့ရတာမဟုတ်ပေမယ့်လည်း ဘာစီလိုနာအသင်းနဲ့ အန်ဖီးလ်မှာ ကစားခဲ့ရတဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ လီဗာပူးလ်အသင်းနဲ့အတူ ပွဲထွက်ကစားခဲ့ပြီး အသင်းကို အံ့အားသင့်ဖွယ်ရလဒ်အဖြစ် ၄ဂိုးပြတ်အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ကာ ဖိုင်နယ်ကို တတ်လှမ်းရင်းနဲ့ နောက်ဆုံးတော့ ချန်ပီယံလိဂ်ဖလားကို ပိုင်ဆိုင်လိုက်ရတာပဲဖြစ်ပါတယ်။
လက်ရှိမှာ အသက်၂၈နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ရှာကွီရီဟာ တန်းဆင်းသွားပြီဖြစ်တဲ့ စတုတ်စီးတီးအသင်းကမှ လီဗာပူးလ်အသင်းဆီကို ၂၀၁၈ခုနှစ်အတွင်းမှာ ပေါင်၁၃သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ပွဲထွက်ခွင့် သိပ်မရှိပေမယ့်လည်း သူပါဝင်ရတဲ့ပွဲတွေမှာတော့ အသင်းအတွက် အကျိုးရှိအောင် လုပ်ဆောင်ပေးနိုင်သူဖြစ်လို့ အသင်းရဲ့ပွဲထွက်ကစားသမားစာရင်းမှာ ဝင်တိုးမရပေမယ့်လည်း လီဗာပူးလ်နည်းပြ ယာဂင်ကလော့ကတော့ သူရဲ့ကစားသမားကို အသင်းကနေ အလွယ်တကူ ထွက်ခွာခွင့်မပေးချင်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ စီးရီးအေထိပ်သီးအသင်းကြီး ရိုးမားက ရှာကွီရီကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာခဲ့လို့ အသင်းမှာ ဆက်ထိန်းထားဖို့တောင် ခက်ခဲလှနိုင်ပါတယ်။
(Unicode)
လီဗာပူးလ်အသင်းမှာ နေရာမရလို့ အီတလီမြေကို ပြန်သွားဖွယ်ရှိလို့နေတဲ့ ရှာကွီရီ
ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက လီဗာပူးလ်အသင်းကို ချန်ပီယံလိဂ်ဖလားကြီး ပိုင်ဆိုင်ဖို့ အဓိကဆောင်ရွှက်ခဲ့သူတွေထဲမှာ ကွင်းလယ်ကစားသမား ရှာကွီရီလည်း ပါဝင်လို့နေပြီး ပွဲတိုင်နီးပါးမှာ ပါဝင်ခဲ့ရတာမဟုတ်ပေမယ့်လည်း ဘာစီလိုနာအသင်းနဲဲ့ အန်ဖီးလ်မှာ ကစားခဲ့ရတဲဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ လီဗာပူးလ်အသင်းနဲ့အတူ ပွဲဲထွက်ကစားခဲ့ပြီး အသင်းကို အံ့အားသင့်ဖွယ်ရလဒ်အဖြစ် ၄ဂိုးပြတ်အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲဲ့ကာ ဖိုင်နယ်ကို တတ်လှမ်းရင်းနဲဲ့ နောက်ဆုံးတော့ ချန်ပီယံလိဂ်ဖလားကို ပိုင်ဆိုင်လိုက်ရတာပဲဖြစ်ပါတယ်။
Photo Credit : Getty Images
လက်ရှိမှာ အသက်၂၈နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ရှာကွီရီဟာ တန်းဆင်းသွားပြီဖြစ်တဲ့ စတုတ်စီးတီးအသင်းကမှ လီဗာပူးလ်အသင်းဆီကို ၂၀၁၈ခုနှစ်အတွင်းမှာ ပေါင်၁၃သန်းနဲဲ့ ရောက်ရှိလာခဲဲ့တာဖြစ်ပြီး အသင်းနဲ့ပွဲထွက်ခွင့် သိပ်မရှိပေမယ့်လည်း သူပါဝင်ရတဲ့ပွဲတွေမှာတော့ အသင်းအတွက် အကျိုးရှိအောင် လုပ်ဆောင်ပေးနိုင်သူဖြစ်လို့ အသင်းရဲ့ပွဲထွက်ကစားသမားစာရင်းမှာ ဝင်တိုးမရပေမယ့်လည်း လီဗာပူးလ်နည်းပြ ယာဂင်ကလော့ကတော့ သူရဲ့ကစားသမားကို အသင်းကနေ အလွယ်တကူ ထွက်ခွာခွင့်မပေးချင်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ စီးရီးအေထိပ်သီးအသင်းကြီး ရိုးမားက ရှာကွီရီကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာခဲဲ့လို့ အသင်းမှာ ဆက်ထိန်းထားဖို့တောင် ခက်ခဲလှနိုင်ပါတယ်။
Photo Credit : Getty Images
ရိုးမားအသင်းဟာ ဂျုဗင်တပ်စ်အသင်းနဲဲ့ ကစားခဲဲ့ရတဲ့ စီးရီးအေပွဲစဉ်အတွင်းမှာ သူတို့ရဲ့ကွင်းလယ်ကြယ်ပွင့်ကစားသမားလေး ဇာနီအိုလို ဒဏ်ရာရသွားခဲ့လို့ ရာသီကုန်အထိ လက်လွတ်ရဖွယ်ရှိနေတဲ့အတွက် သူရဲ့နေရာမှာ ရှာကွီရီလို အတွေ့အကြုံမြင့်မားလှတဲ့ ကစားသမားနဲဲ့ အစားထိုးချင်နေတာဖြစ်ပါတယ်။ ရှာကွီရီကလည်း အင်တာမီလန်အသင်းနဲ့ အီတလီမြေမှာ ကျင်လည်ခဲ့ဖူးသူဖြစ်တဲ့အပြင် ဘိုင်ယန်မြူးနစ် ဘေဆယ်တို့လို ဥရောပထိပ်သီးအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးပြီး အတွေ့အကြံုများစွာ ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ရှာကွီရီကို ရိုးမားအသင်းက အငှားစာချုပ်နဲ့ စတင်ကမ်းလှမ်းသွားမှာဖြစ်ပြီး အငှားသက်တမ်းပြည့်သွားမှသာ ယူရို၂၂သန်းနဲ့ အပြီးသတ်ခေါ်ယူသွားဖွယ်  ရှိလို့နေပါတယ်။ ဒီရာသီမှာ လီဗာပူးလ်အတွက် ပွဲဲအနည်းငယ်လေးပဲ ပါဝင်ကစားထားရတာဖြစ်လို့ ရှာကွီရီအနေနဲ့ ရိုးမားအသင်းရဲ့ကမ်းလှမ်းချက်ကို လက်ခံဖွယ်ရှိလာနိုင်ပြီး ရိုးမားကလည်း လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်အောင် ရှာကွီရီလို ကစားသမားမျိုးကို ခေါ်ယူထားနိုင်ဖို့ လိုအပ်လျက်ရှိနေပါတယ်။