ယနေ့မနက်မှာ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက် အဆင့် ပထမအကျော့ပွဲစဉ်မှာတော့ အိမ်ရှင် အက်သလက်တီကိုမက်ဒရစ် အသင်းဟာ ဧည့်သည် လီဗာပူးလ်အသင်းကို တစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ နောက်တစ်ဆင့် အတွက် အခြေအနေကောင်းသွားခဲ့ပါတယ်​။

Photo Credit: Mirror.com

အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲကစားချိန် ၇မိနစ်မှာ ကွင်းလယ်လူ ဆာအူလ်က သွင်းယူပေးခဲ့တာဖြစ်ပြီး ကျန်ပွဲချိန်တွေမှာတော့ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။

Photo Credit: Mirror.com

လီဗာပူးလ်အသင်းအတွက်တော့ ဒီပွဲစဉ်ဟာ ယခုရာသီရဲ့ အဆိုးဝါးဆုံးခြေစွမ်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီး ဒီပွဲစဉ်မှာ လီဗာပူးလ် အသင်းဟာ အက်သလက်တီကိုမက်ဒရစ် အသင်းရဲ့ ခံစစ်ပိုင်းကို အကြိမ်ကြိမ်အခါခါ ထိုးဖောက်ကစားခဲ့ပေမယ့် ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မှ မရှိခဲ့ဘူးလို့ သိရှိရပါတယ်။

Photo Credit: Mirror.com

ဒါဟာ ကလော့ပ်ရဲ့ လီဗာပူးလ်နည်းပြ ဘဝမှာ ဒုတိယအကြိမ်မြောက် ဂိုးပေါက်တည့် ကန်ချက်တစ်ကြိမ်မှ မရှိခဲ့တဲ့ပွဲစဉ်ဖြစ်ကြောင်း မှတ်တမ်းတွေအရ သိရှိရပါတယ်။ လီဗာပူးလ် နည်းပြကလော့ပ်ကတော့ ပွဲစဉ်ဟာ မပြီးဆုံးသေးကြောင်းနဲ့ ဒုတိယအကျော့မှာ အန်ဖီးလ် ကွင်းကနေ စောင့်နေမယ်လို့ အက်သလက်တီကိုမက်ဒရစ်အသင်းကို သတိပေးသွားခဲ့ပါတယ်။