မကြာသေးခင်ကမှ လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ တောင်ပံတိုက်စစ်ကစားသမားလေး ဂျိုးဟာဒီဟာ မန်စီးတီးလူငယ်အသင်းမှာ ပါဝင်ကစားခဲ့ဖူးတဲ့ လူငယ်ကစားသမားလေးတစ်ယောက်ဖြစ်ကာ ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ လီဗာပူးလ်ကို မဖော်ပြထားတဲ့ ပြောင်းရွှေ့ကြေးပမာဏတစ်ခုနဲ့ ဘရန်ဖိုဒ့်အသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂျိုးဟာဒီဟာ လီဗာပူးလ် ယူ-၂၃ လူငယ်အသင်းမှာ ပါဝင်ကစားလျက်ရှိနေပြီး သူရဲ့အသင်းဟောင်းနဲ့ အသင်းသစ်ကြားက ကွာခြားချက်တွေကို ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Getty Images

အသက်၂၁နှစ်အရွှယ်ရှိ ညာတောင်ပံကစားသမား ဂျိုးဟာဒီဟာ ထရန်းမဲလ်ရိုဗာအသင်းက လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ကာ အဲ့ဒီကနေတစ်ဆင့် အသက်၁၃နှစ်သားအရွှယ်မှာ မန်စီးတီးလူငယ်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းမှာတော့ လူငယ်အသင်းကနေ စီနီယာအသင်းဆီကို ရောက်ရှိဖို့မလွယ်ကူတဲ့အတွက် ဘရန့်ဖိုဒ့်အသင်းဆီကို ထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။ အခုတော့ ဟာဒီဟာ ဘရန်ဖိုဒ့်ကနေတစ်ဆင့် လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ လီဗာပူးလ် ယူ-၂၃အသင်းနဲ့အတူ ပါဝင်ကစားနေလျက်ရှိပါတယ်။

Photo Credit : Getty Images

ဟာဒီက “စီးတီးမှာတုန်းကတော့ ကြီးကြီးမားမားတွေ ရရှိခဲ့ပါတယ်။ Game Plan တွေကလည်း ခြားနားပါတယ်။ ကျွန်တော်တို့တွေ နိုင်ငံရပ်ခြားကို ခရီးတွေအများကြီးထွက်ခဲ့ရတယ်။ ဒါကိုတော့ အရမ်းသဘောကျတယ်။ အဲ့ဒီနောက်မှာတော့ ဘရန့်ဖိုဒ့်ကို ကျွန်တော်ပြောင်းရွှေ့ဖြစ်တယ်။ လီဗာပူးလ်ကို ထပ်မံပြောင်းရွှေ့ခွင့်ရတာကလည်း တကယ့်ကို အံ့မခန်းပါပဲ။ လက်ရှိ အသင်းတစ်သင်းမှာ ကစားရမယ်ဆိုရင် အဲ့ဒီအသင်းက လီဗာပူးလ်အသင်းပဲဖြစ်မှာပါ။ မွေးရပ်မြေနေရာတစ်ခုကို ပြန်လည်ရောက်ရှိလာတာက ကျွန်တော့်အတွက် ပြီးပြည့်စုံတယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေကလည်း လီဗာပူးလ်အသင်းရဲ့အားပေးနေကြသူတွေချည်းပဲ။ ဒါကို ကျွန်တော်သဘောကျတယ်။ ဒီမှာ အလျင်အမြန် အထိုင်ကျသွားမှာပါ” လို့ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။