မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ဗီလာရီးယဲလ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အိမ်ရှင်အသင်းက ပထမပိုင်း ပွဲချိန်လေးအတွင်းမှာပဲ သွင်းဂိုး(၂)ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် လီဗာပူးလ်အတွက် အခက်တွေ့ခဲ့ရပေမယ့် ဒုတိယပိုင်းမှာပဲ လီဗာပူးလ်တို့ ပြန်လာနိုင်ခဲ့ပြီး (၃)ဂိုးထိ ပြန်သွင်းယူနိုင်ခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် (၂)ဂိုး (၅)ဂိုးဆိုတဲ့ ရလဒ်နဲ့ လီဗာပူးလ်က ချန်ပီယံလိဂ် ဖိုင်နယ်ထိ တတ်လှမ်းသွားနိုင်ခဲ့ရပါတယ်။

Photo Credit : Twitter

ပထမပိုင်း ပွဲချိန်အတွင်း ဖရိုဖရဲ ဖြစ်ခဲ့ရတဲ့ လီဗာပူးလ် ခံစစ်တန်းမှာ ပါဝင်ခဲ့တဲ့ ညာနောက်ခံလူ အာနိုးဟာ ဒုတိယပိုင်း ပွဲချိန်မှာတော့ အသင်းအတွက် အကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့ပြီး လူးဝစ်ဒီယက်ဇ်ရဲ့ ခေါင်းတိုက်ဂိုးကိုပါ ဖန်တီးပေးနိုင်ခဲ့ပါသေးတယ်။ ပွဲအပြီးမှာတော့ အာနိုးက အသင်းရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေအတွင်း ဆီမီးဖိုင်နယ်အဆင့်များကို ခက်ခက်ခဲခဲ ကျော်ဖြတ်ရပုံနဲ့ ပတ်သက်ပြီး “ကျွန်တော်တို့တွေ ဒီလို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တွေကို ဘယ်တော့မှ လွယ်လွယ်ကူကူနဲ့ ကျော်ဖြတ်နိုင်ရအောင် မလုပ်ဆောင်နိုင်ခဲ့ဘူး”

Photo Credit : Goal

“ကျွန်တော်တို့တွေ ရိုးမားကို အဝေးကွင်းမှာ ရှုံးနိမ့်တယ်။ ပြီးတော့ ဘာစီလိုနာ။ အခု ဒီမှာပါ ထပ်ကြုံခဲ့ရသေးတယ်။ ခက်ခဲပါတယ်။ တကယ့်ကို ခက်ခဲပါတယ်။ ကျွန်တော်တို့ ဒီကိုရောက်လာပြီး သူတို့က ပထမပိုင်းမှာ ကစားပုံ အရမ်းကောင်းမွန်ခဲ့တယ်။ ပထမပိုင်းပြီးချိန်မှာ ကျွန်တော်တို့ ပြန်လည်စုဖွဲ့ခဲ့ပြီး ပွဲကိုလည်း အားလုံးနီးပါး ထိန်းချုပ်လာနိုင်ခဲ့တယ်။ ကျွန်တော်တို့ လုပ်ဖို့ လိုအပ်တာတွေကို လုပ်ခဲ့တယ်။ ဒီလို အခြေအနေမျိုး ကျွန်တော်တို့ မျှော်လင့်ထားခဲ့ပေမယ့် တစ်ခါတစ်လေမှာ ဘယ်လိုကစားချင်လဲဆိုတာကို မထိန်းချုပ်နိုင်ပါဘူး။ သူတို့က စောစောစီးစီးပဲ ဂိုးသွင်းယူတယ်။ ဒါက သူတို့လုပ်ချင်တာကို လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကလည်း ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ကစားခဲ့သလိုမျိုး ကျွန်တော်တို့ ဘယ်တော့မှကို မကစားခဲ့ဖူးပါဘူး။ သူတို့က သူတို့ကစားချင်သလို ကစားနေတာကို ကျွန်တော်တို့ဘက်ကနေ ခွင့်ပြုနေသလိုပါ ဖြစ်နေရတယ်။ အင်္ဂါနေ့မှာပဲ အလုပ်ပြီးအောင် လုပ်ရတာက အမြဲတမ်းကို ကောင်းပါတယ်။ နောက်ဆီမီးဖိုင်နယ်ပွဲကိုလည်း ကျွန်တော်တို့ ကြည့်ရှုနိုင်ပါပြီ။ ဒီပွဲမှာ ယှဉ်ပြိုင်ကြမယ့် အသင်းနှစ်သင်းလုံးဟာလည်း ဖိုင်နယ် တတ်လှမ်းဖို့ ထိုက်တန်မှုရှိတဲ့ အသင်းတွေပါ” လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။