ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲပေါင်း၂၄ပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် သရေပွဲ၁ပွဲသာရှိခဲ့ပြီး ကျန်တဲ့၂၃ပွဲလုံးကို အနိုင်ရထားခဲ့ကာ ဒုတိယနေရာမှာရှိနေတဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းကိုပါ ၁၉မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ နေရာစုံမှာ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားခဲ့ပေမယ့်လည်း လွန်ခဲ့တဲ့ ၂၀၀၃ခုနှစ်လောက်တုန်းက အနာဂတ်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာမယ့် ခရစ္စတီယာနိုရော်နယ်ဒိုကို ခေါ်ယူနိုင်ဖို့ အခွင့်အရေးရခဲ့ပေမယ့်လည်း ဒီအခွင့်အရေးကို ပယ်ချခဲ့တယ်လို့ Mirror သတင်းမီဒီယာကနေ ပြန်လည်တူးဆွဖော်ပြခဲ့ပါတယ်။

Photo Credit : Youtube

ဘလွန်းဒီအောဆုကို ၅ကြိမ်တိုင်အောင် ပိုင်ဆိုင်ထားနိုင်ခဲ့တဲဲ့ ရော်နယ်ဒိုဟာ စပို့တင်းလစ္စဘွန်းအသင်းမှာ ပါဝင်ကစားနေရင်းနဲ့ ၂၀၀၃ခုနှစ်ဝန်းကျင်လောက်မှာ ဥရောပထိပ်သီးအသင်းတွေရဲ့ မျက်စိကျခြင်းကို စတင်ရရှိလာခဲ့တာဖြစ်ပြီး အာဆင်နယ် ဘာစီလိုနာအသင်းတို့ဆီကိုတောင် ရောက်ရှိဖို့ နီးစပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဘယ်သူမှ သိပ်သတိမထားမိတာကတော့ ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပေါင်၁၂သန်းနဲ့ မရောက်ရှိခင်မှာ လီဗာပူးလ်အသင်းဆီကို ရောက်ရှိဖို့လည်း နီးစပ်ခဲ့သေးပြီး အဲ့ဒီအချိန်တုန်းက လီဗာပူးလ်နည်းပြဖြစ်ခဲ့တဲ့ ဟူလီယာက နောက်ဆုံး ဆုံးဖြတ်ချက်အဖြစ် ရော်နယ်ဒိုကို မခေါ်ယူဖို့ပဲ ဆုံးဖြတ်ခဲ့တာဖြစ်လို့ လီဗာပူးလ်အတွက်တော့ ဆုံးရှံးမှုတစ်ခု ဖြစ်စေခဲ့ရပါတယ်။

Photo Credit : Mirror

လီဗာပူးလ်အသင်းရဲ့ လက်ထောက်နည်းပြဟောင်း ဖေးလ်တွမ်ဆန်ရဲ့ပြောဆိုချက်အရ သူနဲဲ့ ရော်နယ်ဒိုရဲ့အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်တို့ အပြောင်းအရွှေ့ကိစ္စကို ဆွေးနွေးရာမှာ ပေါင်၄သန်းဝန်းကျင်လောက်နဲဲ့ပင် ရော်နယ်ဒိုကို ရရှိဖို့ အခွင့်အရေးရခဲ့ပေမယ့် နည်းပြဟောင်း ဂျရတ်ဟူလီယာက ရော်နယ်ဒိုကို ခေါ်ယူမယ်ဆိုရင် အသင်းရဲ့လစာပေးမှုစနစ်အပေါ်မှာ သက်ရောက်မှုရှိလာမှာနဲ့ အဝတ်လဲခန်းအတွင်း ကစားသမားတွေ စုစည်းမှုပြိုကွဲလာနိုင်မှာကို စိုးရိမ်တာကြောင့် ခေါ်ယူဖို့ကို လက်လျှော့လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂျော့မန်ဒက်စ်က ရော်နယ်ဒိုကို ခေါ်ယူစာချုပ်ဖို့အတွက် တစ်နှစ်လုပ်ခကို ပေါင်၁သန်းပေးချေဖို့နဲ့ ၄နှစ်စာချုပ်စာကို တစ်ခါတည်းပေးဖို့ တောင်းဆိုခဲ့တာကြောင့်ပဲဖြစ်တယ်လို့ တွမ်ဆန်က ရှင်းပြခဲ့ပါတယ်။ နောက်ဆုံးတော့ ရော်နယ်ဒိုဟာ လီဗာပူးလ်ရဲ့ခါးသီးပြိုင်ဘက် ယူနိုက်တက်ကိုသာ ရွေးချယ်ခဲ့ပြီး ယူနိုက်တက်နဲဲ့အတူ အောင်မြင်မှုတွေများစွာကို ရယူနိုင်ခဲဲ့ပါတယ်။

(Zawgyi)

ေရာ္နယ္ဒုိ ေခၚယူဖုိ႔အတြက္ အခြင့္အေရးရခဲ႔ေပမယ့္လည္း ပယ္ခ်ခဲ႔တဲ႔ လီဗာပူးလ္

ဒီရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ပြဲေပါင္း၂၄ပြဲ ယွဥ္ၿပိဳင္ကစားခဲ႔ၿပီးေနာက္ သေရပြဲ၁ပြဲသာရွိခဲ႔ၿပီး က်န္တဲ႔၂၃ပြဲလုံးကုိ အႏုိင္ရထားခဲ႔ကာ ဒုတိယေနရာမွာရွိေနတဲ႔ လက္ရွိခ်န္ပီယံ မန္စီးတီးအသင္းကုိပါ ၁၉မွတ္အထိ ျဖတ္ေတာက္ထားႏုိင္ခဲ႔တဲ႔ လီဗာပူးလ္အသင္းဟာ ေနရာစုံမွာ ကစားသမားေကာင္းေတြ ပုိင္ဆုိင္ထားခဲ႔ေပမယ့္လည္း လြန္ခဲ႔တဲ႔ ၂၀၀၃ခုႏွစ္ေလာက္တုန္းက အနာဂတ္မွာ ကမာၻ႕အေကာင္းဆုံးကစားသမားျဖစ္လာမယ့္ ခရစၥတီယာႏုိေရာ္နယ္ဒုိကုိ ေခၚယူႏုိင္ဖုိ႔ အခြင့္အေရးရခဲ႔ေပမယ့္လည္း ဒီအခြင့္အေရးကုိ ပယ္ခ်ခဲ႔တယ္လုိ႔ Mirror သတင္းမီဒီယာကေန ျပန္လည္တူးဆြေဖာ္ျပခဲ႔ပါတယ္။

Photo Credit : Youtube

ဘလြန္းဒီေအာဆုကုိ ၅ႀကိမ္တုိင္ေအာင္ ပုိင္ဆုိင္ထားႏုိင္ခဲ႔တဲဲ႔ ေရာ္နယ္ဒုိဟာ စပုိ႔တင္းလစၥဘြန္းအသင္းမွာ ပါဝင္ကစားေနရင္းနဲ႔ ၂၀၀၃ခုႏွစ္ဝန္းက်င္ေလာက္မွာ ဥေရာပထိပ္သီးအသင္းေတြရဲ႕ မ်က္စိက်ျခင္းကုိ စတင္ရရွိလာခဲ႔တာျဖစ္ၿပီး အာဆင္နယ္ ဘာစီလုိနာအသင္းတုိ႔ဆီကုိေတာင္ ေရာက္ရွိဖုိ႔ နီးစပ္ခဲ႔ပါေသးတယ္။ ဒါေပမယ့္ ဘယ္သူမွ သိပ္သတိမထားမိတာကေတာ့ ေရာ္နယ္ဒုိဟာ မန္ခ်က္စတာယူႏုိက္တက္အသင္းဆီကုိ ေပါင္၁၂သန္းနဲ႔ မေရာက္ရွိခင္မွာ လီဗာပူးလ္အသင္းဆီကုိ ေရာက္ရွိဖုိ႔လည္း နီးစပ္ခဲ႔ေသးၿပီး အဲ႔ဒီအခ်ိန္တုန္းက လီဗာပူးလ္နည္းျပျဖစ္ခဲ႔တဲ႔ ဟူလီယာက ေနာက္ဆုံး ဆုံးျဖတ္ခ်က္အျဖစ္ ေရာ္နယ္ဒုိကုိ မေခၚယူဖုိ႔ပဲ ဆုံးျဖတ္ခဲ႔တာျဖစ္လုိ႔ လီဗာပူးလ္အတြက္ေတာ့ ဆုံးရွံးမႈတစ္ခု ျဖစ္ေစခဲ႔ရပါတယ္။

Photo Credit : Mirror

လီဗာပူးလ္အသင္းရဲ႕ လက္ေထာက္နည္းျပေဟာင္း ေဖးလ္တြမ္ဆန္ရဲ႕ေျပာဆုိခ်က္အရ သူနဲဲ႔ ေရာ္နယ္ဒုိရဲ႕ေအးဂ်င့္ျဖစ္သူ ေဂ်ာ့မန္ဒက္စ္တုိ႔ အေျပာင္းအေရႊ႕ကိစၥကုိ ေဆြးေႏြးရာမွာ ေပါင္၄သန္းဝန္းက်င္ေလာက္နဲဲ႔ပင္ ေရာ္နယ္ဒုိကုိ ရရွိဖုိ႔ အခြင့္အေရးရခဲ႔ေပမယ့္ နည္းျပေဟာင္း ဂ်ရတ္ဟူလီယာက ေရာ္နယ္ဒုိကုိ ေခၚယူမယ္ဆိုရင္ အသင္းရဲ႕လစာေပးမႈစနစ္အေပၚမွာ သက္ေရာက္မႈရွိလာမွာနဲ႔ အဝတ္လဲခန္းအတြင္း ကစားသမားေတြ စုစည္းမႈၿပိဳကြဲလာႏုိင္မွာကုိ စုိးရိမ္တာေၾကာင့္ ေခၚယူဖုိ႔ကုိ လက္ေလွ်ာ့လုိက္တာျဖစ္တယ္လုိ႔ သိရပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ေဂ်ာ့မန္ဒက္စ္က ေရာ္နယ္ဒုိကုိ ေခၚယူစာခ်ဳပ္ဖုိ႔အတြက္ တစ္ႏွစ္လုပ္ခကုိ ေပါင္၁သန္းေပးေခ်ဖုိ႔နဲ႔ ၄ႏွစ္စာခ်ဳပ္စာကုိ တစ္ခါတည္းေပးဖုိ႔ ေတာင္းဆုိခဲ႔တာေၾကာင့္ပဲျဖစ္တယ္လုိ႔ တြမ္ဆန္က ရွင္းျပခဲ့ပါတယ္။ ေနာက္ဆုံးေတာ့ ေရာ္နယ္ဒုိဟာ လီဗာပူးလ္ရဲ႕ခါးသီးၿပိဳင္ဘက္ ယူႏုိက္တက္ကုိသာ ေရြးခ်ယ္ခဲ႔ၿပီး ယူႏုိက္တက္နဲဲ႔အတူ ေအာင္ျမင္မႈေတြမ်ားစြာကုိ ရယူႏုိင္ခဲဲ႔ပါတယ္။