ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပရိသတ်တွေရဲ့ အာရုံကို အပြည့်အဝ ဖမ်းစားဖို့ရှိနေတဲ့ ပွဲစဉ်တစ်ခု ရှိနေပါတယ်။ အဲ့ဒါကတော့ အန်ဖီးလ်ကွင်းထဲမှာ ယှဉ်ပြိုင်ကစားကြမယ့် အစဉ်အလာပြိုင်ဘက် လီဗာပူးလ်အသင်းနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ အင်္ဂလန်ဒါဘီပွဲစဉ်ပဲ ဖြစ်ပါတယ်။
Photo Credit: AS English.com
လီဗာပူးလ်အသင်းဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ်ကို သိမ်းပိုက်ဖို့အတွက် ပြင်းပြင်းပျပျ ကြိုးစားနေတဲ့ အသင်းဖြစ်ပြီး အမှတ်ပေးဇယားရဲ့ အဆင့်တစ်နေရာမှာ ရှိနေသလို ရှုံးပွဲ မရှိစံချိန်ကိုလည်း ၃၈ပွဲဆက်တိုက် ရရှိထားတဲ့ အသင်းဖြစ်ကာ ယခုတစ်ပတ် အင်္ဂလန်ဒါဘီမှာလည်း ယူနိုက်တက်အသင်းကို အနိုင်ယူနိုင်ဖို့ ရေပန်းစားနေပါတယ်။
Photo Credit: AS English.com
ဒါပေမယ့် ယူနိုက်တက်အသင်းဟာ ရှုံးပွဲမရှိ စံချိန်မှတ်တမ်းတွေကို ချိုးဖျက်လေ့ရှိတဲ့ အသင်းဖြစ်ကြောင်း အချက်အလက် မှတ်တမ်းတွေအရ သိရပါတယ်။ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အရှည်ကြာဆုံး ရှုံးပွဲမရှိမှတ်တမ်းတွေဖြစ်တဲ့ အာဆင်နယ်အသင်း(၄၉ပွဲ) ၊ ချယ်လ်ဆီးအသင်း(၄၀ပွဲ)တို့ကို ရပ်တန့်ပြထားတာကြောင့် ယခုတစ်ကြိမ်မှာ လီဗာပူးလ်ကို ရပ်တန့်ပြနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။
Photo Credit: AS English.com
ဘောလုံးကျွမ်းကျင်သူတွေကတော့ ဒီပွဲမှာ လီဗာပူးလ်အသင်းဟာ အိမ်ရှင်အားသာချက် ရှိသလို ကစားပုံပိုင်းမှာလည်း ယူနိုက်တက်ထက် လက်ရှိအချိန်မှာ သာလွန်နေတာကြောင့် အနည်းဆုံး သရေရလဒ် ရရှိမယ်လို့ သုံးသပ် ဆွေးနွေးထားကြပါတယ်။ ကဲ ပရိသတ်တွေကရော ဘယ်အသင်းက အင်္ဂလန်ဒါဘီမှာ အနိုင် ရရှိသွားမယ်လို့ ထင်ကြလဲဗျ…။