MySport Myanmar

ချယ်လ်ဆီးပစ်မှတ် ကိုင်စီဒိုကို ပေါင် ၉၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းလိုက်တဲ့ လီဗာပူး

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးက သူတို့ရဲ့ ပြည်တွင်းပြိုင်ဘက် ချယ်လ်ဆီးရဲ့ နွေဈေးကွက် နံပါတ်တစ် ပစ်မှတ် ဖြစ်တဲ့ ဘရိုက်တန် ကွင်းလယ်လူ ကိုင်စီဒိုကို ပေါင် ၉၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းလိုက်ကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ မတ်လောက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ လီဗာပူးတို့က လက်ကျန် နွေဈေးကွက် အတွင်းမှာ ကွင်းလယ်ခံစစ် ကစားသမား တဦး ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေကြတဲ့ အသင်းတွေ ဖြစ်ပြီး ချယ်လ်ဆီးရဲ့ နံပါတ်၁ပစ်မှတ်က ဘရိုက်တန် ကွင်းလယ်လူ ကိုင်စီဒို ဖြစ်သလို လီဗာပူးရဲ့ နံပါတ်၁ပစ်မှတ်က ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာပါ။

Photo Credit: Goal

ဒါပေမယ့် လက်ရှိချိန်အထိ နှစ်သင်းစလုံးက ကိုင်စီဒိုနဲ့ လာဗီယာတို့ အတွက် သက်ဆိုင်ရာကလပ်တွေနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရသေးပဲ ချယ်လ်ဆီးက ကိုင်စီဒိုအတွက် ပေါင် ၁၀၀သန်း သုံးစွဲဖို့ စိတ်ကူးမရှိသလို လီဗာပူးကလည်း လာဗီယာအတွက် ပေါင် ၅၀သန်း မသုံးစွဲချင်ပါဘူး။

ဒီနေ့မနက်မှာတော့ ချယ်လ်ဆီးက လီဗာပူးရဲ့ ပစ်မှတ် လာဗီယာကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပြီး ချယ်လ်ဆီးက လာဗီယာကို ပြောင်းရွှေ့ကြေး ပေါင် ၄၈သန်းနဲ့ ကမ်းလှမ်းမှု လုပ်ခဲ့တာ ဖြစ်ကာ ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုဟာ လီဗာပူးရဲ့ ကမ်းလှမ်းမှုထက် ပေါင် ၃သန်း ပိုများပါတယ်။

Photo Credit: Talksports

ချယ်လ်ဆီးရဲ့ ကြားဖြတ် ကမ်းလှမ်းမှုကြောင့် လီဗာပူးရဲ့ လာဗီယာကို ခေါ်ယူဖို့ ကြိုးပမ်းမှုဟာ အတော်လေး ခက်ခဲသွားပြီး လီဗာပူးရဲ့ တာဝန်ရှိသူတွေက ချယ်လ်ဆီးရဲ့ လုပ်ရပ်အတွက် တုံ့ပြန်မှုအဖြစ် လာဗီယာကို မခေါ်တော့ပဲ ချယ်လ်ဆီးပစ်မှတ် ကိုင်စီဒိုကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးစားလာပါတယ်။

ချယ်လ်ဆီးနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် မတ်လောရဲ့ ဖော်ပြချက်အရ လီဗာပူးက ယနေ့ညနေပိုင်းမှာပဲ ချယ်လ်ဆီးပစ်မှတ် ကိုင်စီဒိုအတွက် ကမ်းလှမ်းမှု တခု ဘရိုက်တန်ထံ ပေးပို့ခဲ့ပြီး လီဗာပူးရဲ့ ကမ်းလှမ်းမှုက ချယ်လ်ဆီးရဲ့ နောက်ဆုံး ကမ်းလှမ်းချက်ထက် ပိုများကြောင်း သိရပါတယ်။

ကိုင်စီဒိုအတွက် ချယ်လ်ဆီးရဲ့ နောက်ဆုံးအကြိမ် ကမ်းလှမ်းမှုက ပေါင် ၈၀သန်း ရှိတာကြောင့် လီဗာပူးရဲ့ ကမ်းလှမ်းမှုဟာ ပေါင် ၈၀သန်းနဲ့ ၉၀သန်းကြား ရှိမယ်လို့ ခန့်မှန်းရပြီး ဘရိုက်တန်ကတော့ ကိုင်စီဒိုအတွက် ပေါင် ၁၀၀သန်း အထိ လိုချင်နေပါတယ်။

Exit mobile version