လီဗာပူးလ်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဂျွန် ဘားနက်စ်က လီဗာပူးလ်အသင်းဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ဆုဖလားကို သက်သောင့်သက်သာ ရရှိမှာ ဖြစ်ပေမဲ့လည်း အာဆင်နယ်အသင်းရဲ့ ရှုံးပွဲမရှိစံချိန်ကို မမှီနိုင်ဘူးလို့ ပြောခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၅) ပွဲ ကစားပြီးရာမှာ ရှုံးပွဲမရှိသေးတာကြောင့် ပွဲစဉ် (၄၉) ပွဲ ရှုံးပွဲ မရှိခဲ့တဲ့ နည်းပြ ဝင်းဂါးရဲ့ အာဆင်နယ်အသင်းကို မှီနိုင်ဖို့ ဖြစ်နိုင်ချေ ရှိပါတယ်။

Photo Credit: Dailymail

အာဆင်နယ်အသင်းဟာ နည်းပြ ဝင်းဂါးရဲ့ လက်ထက် (၂၀၀၃) ခုနှစ် နဲ့ (၂၀၀၄) ခုနှစ်ကြားမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၄၉) ပွဲဆက် ရှုံးပွဲ မရှိခဲ့တာမို့ ရွှေဖလားဆုကို ရရှိခဲ့ပြီး (၅၀) ပွဲမြောက်မှာ နည်းပြ ဖာဂူဆန်ရဲ့ မန်ယူအသင်းကို အရေးနိမ့်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ နှစ် (၃၀) ကြာ စောင့်စားခဲ့ရတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိဖို့ သေချာနေပြီ ဖြစ်ပေမဲ့ လီဗာပူးလ် ကစားသမားဟောင်း ဘားနက်စ်ကတော့ (၁) ပွဲတော့ ရှုံးလိမ့်မယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Dailymail

ဂျွန် ဘားနက်စ်က “လီဗာပူးလ်အသင်းအနေနဲ့ တစ်ရာသီလုံးကို ရှုံးပွဲမရှိ ကစားနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ သူတို့ ကစားနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော ထင်မိပါတယ်။ သူတို့ (၁) ပွဲတော့ ရှုံးပါလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာကတော့ သူတို့ ပရီးမီးယားလိဂ် ဖလားကို သက်သောင့်သက်သာနဲ့ ရရှိမှာပါ။ နောက်ဆုံး ရှုံးပွဲမရှိတာက လီဗာပူးလ်အတွက် အရေးမကြီးဘဲ ဖလားရတာ အရေးကြီးမှာပါ”လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။