လီဗာပူးလ်အသင်းဟာ မနေ့ညက မန်ယူအသင်း နဲ့ မန်စီးတီးအသင်းတို့ ကစားခဲ့ကြတဲ့ ပွဲစဉ်မှ မန်စီးတီးအသင်း ရှုံးနိမ့်ခဲ့တာကြောင့် လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် (၂) ပွဲကို အနိုင်ရနိုင်မယ် ဆိုရင် နှစ် (၃၀) ကြာ စောင့်စားခဲ့ရတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိတော့မှာပဲ ဖြစ်ပါတယ်။ နည်းပြ ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ မန်ယူ တိုက်စစ်မှူး မာရှယ် နဲ့ ကွင်းလယ်လူ တွန်မီနေးရဲ့ သွင်းဂိုး (၂) ဂိုးကို ခွင့်ပြုခဲ့ပြီး ချေပဂိုး ပြန်မသွင်းနိုင်ခဲ့တာကြောင့် (၂-ဝ) ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီး အဆင့် (၁) နေရာက လီဗာပူးလ်အသင်းနဲ့ (၂၅) မှတ် ကွာဟခဲ့တာ ဖြစ်ပါတယ်။

Photo Credit: talkSPORTS

နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ စနေနေ့ညuကစားခဲ့တဲ့ ပွဲစဉ်က ပွဲကစားချိန် (၉) မိနစ်မှာ ဝီလ်ဆင်ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရပေမဲ့ ဆာလတ် နဲ့ မာနေးတို့ရဲ့ သွင်းဂိုး (၂) ဂိုးကြောင့် ဘုန်းမောက်အသင်းကို (၂-ဝ) နဲ့ အနိုင်ရပြီး ပုံစံကောင်းကို ဆက်လက် ပြသခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ မနေ့ညက မန်ယူအသင်း နဲ့ မန်စီးတီးအသင်းတို့ ကစားခဲ့ကြတဲ့ ပွဲစဉ်မှာ မန်စီးတီးအသင်း ရှုံးနိမ့်ခဲ့တာကြောင့် လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် (၂) ပွဲကိုသာ အနိုင်ရမယ် ဆိုရင် ပရီးမီးယားလိဂ် ဆုဖလားကို ရာသီမကုန်ခင် စောစောစီးစီး ရရှိသွားတော့မှာ ဖြစ်ပါတယ်။

Photo Credit: talkSPORTS

လီဗာပူးလ်အသင်းဟာ လာမယ့် ပွဲစဉ် အဖြစ် အက်သလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ် ကစားပြီးရင် အဲဗာတန်အသင်း၊ ခရစ်စတယ်ပဲလေ့စ်အသင်းတို့နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂) ပွဲ ကစားရမှာ ဖြစ်တာကြောင့် အနိုင်ရနိုင်ချေ အလွန် များနေပါတယ်။ လီဗာပူးလ်အသင်းဟာ ယခုလ (၁၇) ရက်နေ့မှာ အဲဗာတန်အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး ယခုလ (၂၂) ရက်နေ့မှာ ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ ကစားရမှာ ဖြစ်တာကြောင့် သူတို့ နှစ်သင်းကို အနိုင်ရသွားမယ် ဆိုရင်တော့ ပရီးမီးယားလိဂ် ဆုဖလားကို ကိုင်မြောက်နိုင်တော့မှာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိမှာ ရမှတ် (၈၂) မှတ် ရရှိထားတာကြောင့် လာမယ့် ပွဲစဉ် (၂) ပွဲကို အနိုင်ရရှိမယ် ဆိုရင် ရမှတ် (၈၈) မှတ် ရရှိမှာ ဖြစ်ပြီး ရမှတ် (၈၈) မှတ်နဲ့ ပရီးမီးယားလိဂ် ဖလားကို သိမ်းပိုက်နိုင်ချေ ရှိနေပါတယ်။