လီဗာပူးလ်အသင်းရဲ့ နည်းပြကြီး ယာဂန်ကလော့ပ်က အသင်းရဲ့ တိုက်စစ်ပိုင်းနေရာနဲ့ အထူးသဖြင့် တောင်ပံတိုက်စစ်အခြမ်းကို အားဖြည့်တင်းနိုင်ဖို့အတွက် ပရီးမီးယားလိဂ် ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ လိဒ်စ်ယူနိုက်တက် တောင်ပံကစားသမား ရာဖင်ညာနဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဘိုဝင်တို့ နှစ်ဦးလုံးကို ပစ်မှတ်ထား ချိန်ရွှယ်လျက် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

လီဗာပူးလ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ တိုက်စစ်ပိုင်း အလွန်အားကောင်းလျက် ရှိလို့နေပြီး ပရီးမီးယားလိဂ်မှာ (၁၈)ပွဲ ကစားထားကာ သွင်းဂိုး(၅၀)ထိ သွင်းယူထားနိုင်ခဲ့သလို ချန်ပီယံလိဂ်ဘက်မှာလည်း အုပ်စု(၆)ပွဲအတွင်း သွင်းဂိုး(၁၇)ဂိုးပါ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီလို တိုက်စစ်စွမ်းရည် ထက်မြက်နေပေမယ့်လည်း လီဗာပူးလ်နည်းပြ ကလော့ပ်ကတော့ အသင်းရဲ့ တောင်ပံတိုက်စစ် နေရာအတွက် ပရီးမီးယားလိဂ်ရဲ့ ညာတောင်ပံ ကစားသမားနှစ်ဦးဖြစ်တဲ့ ဘိုဝင်နဲ့ ရာဖင်ညာတို့ကို အသင်းဆီ ခေါ်ယူအားဖြည့်သွားဖို့ စိတ်ဝင်စားလျက် ရှိနေပြီး ကစားသမားနှစ်ဦးထဲကမှ တစ်ဦးကို အရခေါ်ယူသွားဖွယ် ရှိနေတယ်လို့ ဗြိတိန်အခြေစိုက် သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Sun

ဘိုဝင် ရာဖင်ညာတို့ နှစ်ဦးစလုံးဟာ သူတို့ရဲ့သက်ဆိုင်ရာ ကလပ်အသင်းတွေမှာ အထူးခြေစွမ်းပြလျက် ရှိလို့နေပြီး ဘိုဝင်ကလည်း သူရဲ့ဝက်စ်ဟမ်းအသင်းအတွက် ပြိုင်ပွဲစုံ(၂၆)ပွဲ ကစားထားကာ (၅)ဂိုးသွင်း (၇)ဂိုးဖန်တီးထားနိုင်ခဲ့သလို ရာဖင်ညာကလည်း လိဒ်စ်အသင်းအတွက် ပြိုင်ပွဲစုံ(၁၆)ပွဲ ကစားထားပြီး (၈)ဂိုးသွင်း (၁)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ လတ်တလောမှာတော့ ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ရာဖင်ညာကို လီဗာပူးလ် အပါအဝင် ဥရောပ ထိပ်တန်းကလပ်အသင်း များစွာကနေ ပစ်မှတ်ထားလို့နေပြီး လက်ရှိမှာ သူရဲ့ကလပ် လိဒ်စ်အသင်းကလည်း အခြေအနေ သိပ်မဟန်တော့တာကြောင့် ရာဖင်ညာကိုယ်တိုင် မကြာခင်မှာ အသင်းအပြောင်းအလဲ လုပ်ဆောင်နိုင်ဖွယ် ရှိနေပါတယ်။ ဘိုဝင်ကတော့ ဝက်စ်ဟမ်းအသင်းမှာ အခြေကျလို့နေပေမယ့် လက်ရှိမှာလည်း ဝက်စ်ဟမ်းက ရလဒ်ပိုင်းတွေ ကျဆင်းလို့နေတာကြောင့် ဘိုဝင်ရဲ့ အနာဂတ်ကလည်း လှုပ်ခတ်လာနိုင်ဖွယ် ရှိပါတယ်။ ဒီလို အခြေအနေ ရှိနေရတဲ့ ရာဖင်ညာနဲ့ ဘိုဝင်တို့ကို လီဗာပူးလ်အသင်းကနေ ပစ်မှတ်ထားလို့နေတာဖြစ်ပြီး လာမယ့် ဆောင်းရာသီ စျေးကွက်အတွင်းမှာပဲ လီဗာပူးလ်ဘက်ကနေ ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်ဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။