လီဗာပူးလ် နည်းပြ ကလော့ပ်ဟာ မာနေး၊ ဆာလတ် နဲ့ ဖာမင်နိုတို့ကို ပိုင်ဆိုင်ထားပေမဲ့လည်း တိုက်စစ်ပိုင်းကို ထပ်မံ အားဖြည့်ချင်နေပြီး ဂျာမနီကလပ် လိုက်ပ်ဇစ် တိုက်စစ်မှူး တီမို ဝါနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဂျာမနီနိုင်ငံ အခြေစိုက် Sport Bild သတင်းက ဘွန်ဒက်စ်လီဂါ လိုက်ပ်ဇစ်အသင်းဟာ တိုက်စစ်မှူး တီမို ဝါနာကို လာမယ့် နွေရာသီ အပြောင်းအရွေ့မှာ အသင်းက ထွက်သွားခွင့် ပြုခဲ့ပြီ ဖြစ်ပြီး သူ့ရဲ့ စာချုပ် ဖျက်သိမ်းကြေး ပေါင် (၅၁) သန်း ပေးနိုင်တဲ့ ဘယ်အသင်းကိုမဆို ရောင်းသွားဖွယ် ရှိတယ်လို့ ဖော်ပြသွားခဲ့ပါတယ်။


Photo Credit: DailyMail

Sport Bild သတင်းက လီဗာပူးလ် နည်းပြ ကလော့ပ်အနေနဲ့ အသက် (၂၃) နှစ်အရွယ် လူငယ် တိုက်စစ်မှူး တီမို ဝါနာကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူချင်နေလျက်ရှိနေပြီး စာချုပ်ဖျက်သိမ်းကြေး ပေါင် (၅၁) သန်းကို ပေးချေချင်နေတယ်လို့လည်း ဖော်ပြသွားပါတယ်။ တိုက်စစ်မှူး ဝါနာဟာ လက်ရှိရာသီမှာ ခြေစွမ်းစွာနေလျက် ရှိပြီး ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၂၁) ပွဲ ကစားထားရာမှာ သွင်းဂိုး (၂၀) ဂိုး နဲ့ ဂိုးဖန်တီးမှု (၆) ကြိမ်အထိတောင် ပြုလုပ်ထားပါတယ်။

Photo Credit: DailyMail

လီဗာပူးလ် နည်းပြ ကလော့ပ်ကတော့ လိုက်ပ်ဇစ် တိုက်စစ်မှူး ဝါနာရဲ့ စာချုပ် ဖျက်သိမ်းကြေး ပေါင် (၅၁) သန်းကို ပေးချေပြီး လာမယ့် နွေရာသီ အပြောင်းအရွေ့မှာ အပြီးသတ် ခေါ်ချင်တာ ဖြစ်တယ်လို့ Sport Bild သတင်းက ဖော်ပြခဲ့ပါတယ်။ နည်းပြ ကလော့ပ်အနေနဲ့ နောက်လမှာ စပါးအသင်း နဲ့ လိုက်ပ်ဇစ်အသင်းတို့ ကစားကြမယ့် ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပွဲစဉ်မှာ ဝါနာရဲ့ ခြေစွမ်းကို အကဲခတ်နိုင်မှာ ဖြစ်ပြီး တကယ် ခေါ်ယူသွားမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။