MySport Myanmar

အားနည်းနေတဲ့ ကွင်းလယ်ပိုင်းအတွက် ဒီဂျောင်ကို စိတ်ဝင်စားလာတဲ့ လီဗာပူး

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၃ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီးနောက် ကွင်းလယ်လူသစ် တဦးကို ခေါ်ယူဖို့ အပူတပြင်း ကြိုးပမ်းနေတဲ့ လီဗာပူးက ဘာစီလိုနာကနေ ထွက်ခွာခွင့် ရထားတဲ့ နယ်သာလန် ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်အား ခေါ်ယူရန် စိတ်ဝင်စားလာကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Times သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းတွေထဲက တသင်း ဖြစ်တဲ့ လီဗာပူးဟာ ကစားသမား အင်အားပိုင်း တောင့်တင်းတဲ့ အသင်းတသင်း ဖြစ်ပေမယ့် သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်းဟာ အားနည်းချက် တခု အဖြစ် ရှိနေပြီး အသက်အရွယ်ကြောင့် ခြေစွမ်းကျလာတဲ့ ကစားသမားတွေ ၊ ဒဏ်ရာပြဿနာ များတဲ့ ကစားသမားတွေ ရှိနေပါတယ်။

Photo Credit: Team Talk

အထူးသဖြင့် လီဗာပူးရဲ့ အဓိက ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ ဟန်ဒါဆန် ၊ မီလ်နာတို့ နှစ်ဦးစလုံးဟာ အကျပိုင်းကို ရောက်လာချိန်မှာ နောက်ထပ် အားကိုးရတဲ့ ကွင်းလယ်လူ နှစ်ဦး ဖြစ်တဲ့ ချိန်ဘာလိန်နဲ့ အယ်ကန်တာရာတို့ကလည်း ဒဏ်ရာလူသားတွေ ဖြစ်နေတဲ့ အချက်ဟာ လီဗာပူးနည်းပြ ကလော့ပ်အတွက် ခေါင်းကိုက်စရာတွေ ဖြစ်နေပါတယ်။

ဒါကြောင့်ပဲ လီဗာပူးနည်းပြ ကလော့ပ်က ယခု နွေဈေးကွက် မပိတ်သိမ်းမီမှာပဲ အသင်းအတွက် အားကိုးရမယ့် ကွင်းလယ်လူ တဦးအား ခေါ်ယူပေးဖို့ အသင်းရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုခဲ့သလို လီဗာပူးရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေကလည်း အသင်းအတွက် ကွင်းလယ်လူသစ် ရှာပုံတော် ဖွင့်နေကြပါပြီ။

Photo Credit: Team Talk

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Times Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူးက သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် ထိပ်တန်း ကွင်းလယ်လူတွေကို ရှာဖွေနေရာ ဘာစီလိုနာကနေ ထွက်ခွာခွင့် ရထားတဲ့ ဒီဂျောင်ဟာ သူတို့အသင်းရဲ့ ပစ်မှတ် ကစားသမားတွေထဲက တဦး ဖြစ်နေသလို လီဗာပူးက ဒီဂျောင်အတွက် ကမ်းလှမ်းမှု ပြုလုပ်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

ဘာစီလိုနာကတော့ ဖရန်ကီ ဒီဂျောင်အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရလာရင် ဒီဂျောင်ကို ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ဒီဂျောင်ကလည်း လီဗာပူးလို ထိပ်သီးအသင်း တသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိနေပါတယ်။

Exit mobile version