MySport Myanmar

ဆဲလ်ဘက် လူငယ်တိုက်စစ်မှူး အိုကာဖော်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ လီဗာပူး

Salzburg's Swiss midfielder Noah Okafor (C) celebrates with team mates scoring his 1-0 during the UEFA Champions League Group E football match FC Salzburg v AC Milan on September 6, 2022, in Salzburg, Austria. (Photo by JOE KLAMAR / AFP) (Photo by JOE KLAMAR/AFP via Getty Images)

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးက သူတို့အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ တိုက်စစ်ပိုင်း အတွက် ရက်ဘူးလ် ဆဲလ်ဘက်ရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး အိုကာဖော်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Germany သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

လီဗာပူးက ယခုအချိန်မှာ ဆာလာ ၊ နူနက်ဇ် ၊ ဒီယက်ဇ် ၊ ဂျိုတာ ၊ ဖာမီနို စတဲ့ တိုက်စစ်မှူး ၅ဦးကို ပိုင်ဆိုင်ထားပေမယ့် ဖာမီနိုက အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ နီးစပ်နေသလို ဒီယက်ဇ်နဲ့ ဂျိုတာတို့ကလည်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာကြောင့် အသင်းအတွက် စွယ်စုံ သုံးလို့ရမယ့် တိုက်စစ်မှူး တဦးကို စတင် ရှာဖွေနေတာပါ။

Photo Credit: Mirror

တဖက်မှာတော့ အသက် ၂၂နှစ် အရွယ် ဆွစ်ဇာလန် လက်ရွေးစင် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး အိုကာဖော်က ဘယ် ၊ ညာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်စွမ်း ရှိသလို လိုအပ်ရင် ထိပ်တန်း တိုက်စစ်မှူး တဦး အဖြစ်ပါ ကစားနိုင်တာကြောင့် အိုရီဂီ မရှိတော့တဲ့နောက် လူစားဝင် တိုက်စစ်မှူး တဦးကို လိုအပ်နေတဲ့ လီဗာပူး အတွက် အိုကာဖော်ဟာ ရွေးချယ်စရာ ကောင်းတဲ့ တိုက်စစ်မှူး တဦးပဲ ဖြစ်ပါတယ်။

အိုကာဖော်က ယခုနှစ် ဘောလုံးရာသီမှာ ဆဲလ်ဘက် အတွက် ပြိုင်ပွဲစုံမှာ ၂၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၀ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ပြီး ဆဲလ်ဘက်ကတော့ သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၅သန်းကြားနဲ့ ၄၀သန်းကြား လိုချင်နေပါတယ်။

Photo Credit: Mirror

နာမည်ကြီး ဂျာမန်အခြေစိုက် သတင်းထောက် တဦး ဖြစ်သူ ပလက်တန်ဘက်ရဲ့ ဖော်ပြချက်အရ လီဗာပူးက အိုကာဖော်ကို လာမယ့် ဆောင်းရာသီဈေးကွက် အတွင်းမှာပဲ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အိုကာဖော်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ တခြားအသင်းတွေလည်း ရှိတာကြောင့် လီဗာပူးဟာ အိုကာဖော်ကို ခေါ်ယူချင်ရင် ခပ်မြန်မြန် ကြိုးစားရမယ်လို့ သိရပါတယ်။

ဒါ့အပြင် ပလက်တန်ဘက်က အကယ်၍ အိုကာဖော်ကသာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆွစ်ဇာလန်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ရင် ဆဲလ်ဘက်က အိုကာဖော်ရဲ့ တန်ကြေးကို မြှင့်တင်နိုင်ကြောင်းပါ ထုတ်ဖော် ပြောကြားထားပါတယ်။

Exit mobile version