လီဗာပူးလ်အသင်းဟာ ကွင်းလယ်ပိုင်းအတွက် ပစ်မှတ်တွေဖြစ်တဲ့ ကိုင်စီဒို နဲ့ လာဗီယာတို့ကို ခေါ်ယူနိုင်ဖွယ် မရှိတော့တာကြောင့် ယခင် အသင်းရဲ့ ပစ်မှတ်ဟောင်းဖြစ်သူ မိုချန်ဂလာဘတ် ကွင်းလယ်လူ မာနူ ကိုနေးကိုသာ ပြန်လည် ပစ်မှတ်ထားလာခဲ့တယ်လို့ သိရပါတယ်။

ပြင်သစ် ကွင်းလယ် ကစားသမား ကိုနေးဟာ ဒူးဒဏ်ရာ ပြသာနာကြောင့် အနားယူနေရတာ ဖြစ်လို့ သူနဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့ သတင်းတွေက ငြိမ်သက်ခဲ့ရပေမယ့်လည်း လက်ရှိမှာ ဒဏ်ရာကနေ ပြန်လည် သက်သာလာတဲ့ ကိုနေးကို လီဗာပူးလ် အပါအဝင် ပီအက်စ်ဂျီ နဲ့ ဂျုဗင်တပ်စ်တို့ကလည်း စောင့်ကြည့်နေပါတယ်။

Photo Credit : This is Anfield

လီဗာပူးလ်အသင်းကလည်း မက် အယ်လစ္စတာကို ခေါ်ယူပြီးကတည်း ကိုနေး နဲ့ သူရမ် ပြင်သစ် ကွင်းလယ်လူနှစ်ဦးနဲ့ တောက်လျှောက် သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း တစ်ဦးကိုမှ မခေါ်ယူနိုင်ခဲ့ပဲ လိုက်ပ်ဇစ်က ဟန်ဂေရီ ကွင်းလယ်လူ ဆိုဘော့ဇ်ဆလိုင်းသာ ခေါ်ယူဖြစ်ခဲ့ပါတယ်။

အယ်လစ္စတာ ဆိုဘော့ဇ်ဆလိုင်းတို့လို အမိုက်စား ကွင်းလယ် တစ်စုံကို ပိုင်ဆိုင်ပြီးမှ ဟန်ဒါဆန် ဖာဘင်ဟိုတို့ကို ဆော်ဒီအသင်းတွေဆီ လက်လွတ်ရတာကြောင့် ဒီနေရာအတွက် ပြန်လည် ဖြည့်တင်းဖို့ လိုအပ်လာခဲ့ပြီး အသင်းဘက်က ခေါ်ယူချင်နေတဲ့ ကိုင်စီဒိုရော လာဗီလာပါ ချယ်လ်ဆီးက အကုန်ခေါ်ယူသွားတာကြောင့် လီဗာပူးလ်တို့ အခက်တွေ့ခဲ့ရပါတယ်။

Photo Credit : This is Anfield

ဒီအချိန်မှာ သူတို့ရဲ့ ပစ်မှတ်ဟောင်း ကိုနေးဟာ ဒူးဒဏ်ရာကနေ ပြန်လည် သက်သာလာပြီဖြစ်လို့ လီဗာပူးလ်အနေနဲ့ ကွင်းလယ်မှာ ခံစစ်ရော တိုက်စစ်ပါ လိုက်ကစားနိုင်တဲ့ ကိုနေးကို ပြန်လည် ကြိုးပမ်းလာနိုင်ပါတယ်။

ဒါပေမယ့် လီဗာပူးလ်နည်းတူ ပီအက်စ်ဂျီ ဂျုဗင်တပ်စ်တို့ကလည်း ဒီကစားသမားရဲ့ အခြေအနေကို စောင့်ကြည့်နေတာမို့ လီဗာပူးလ်အတွက် ပြိုင်ဘက်တွေ များလာနိုင်ပြီး ကိုနေးရဲ့ လက်ရှိ တန်ကြေးဟာလည်း ယူရို သန်း(၄၀)လောက် ရှိနေတာဖြစ်လို့ အနိမ့်ဆုံး ယူရို သန်း(၅၀)လောက်နဲ့ စတင် ကမ်းလှမ်သွားရနိုင်ပါတယ်။