နယူးကာဆယ်ယူနိုက်တက်အသင်းဟာ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပွဲစဉ်ပေါင်း (၂၃)ပွဲ ကစားထားပြီးချိန် ရှုံးပွဲ(၂)ပွဲတည်းနဲ့ အသင်း(၂၀)လုံးမှာ ရှုံးပွဲ အနည်းဆုံးအသင်းအဖြစ် ရပ်တည်နေပြီး တိုက်တိုက်ဆိုင်ဆိုင် လီဗာပူးလ် တစ်သင်းတည်းကိုသာ ရှုံးနိမ့်ထားခဲ့ရတာ ဖြစ်ပါတယ်။

Newcastle United Soccer - Newcastle United News, Scores, Stats, Rumors &  More | ESPN

Photo Credit : ESPN

နယူးကာဆယ်အသင်းဟာ ဒီရာသီမှာ (၂၃)ပွဲ ကစားထားအပြီး နိုင်ပွဲ(၁၀)ပွဲ ရယူထားခဲ့ပြီး သရေပွဲပေါင်း (၁၁)ပွဲအထိပါ ရှိထားခဲ့ရကာ ဘရန့်ဖို့ဒ်အသင်းနဲ့အတူ ဒီရာသီရဲ့ သရေပွဲ အများဆုံး အသင်းတွေအဖြစ် ပူးတွဲ ရပ်တည်နေပါတယ်။ သရေပွဲတွေ များလွန်းနေတဲ့ နယူးကာဆယ်က ရှုံးပွဲတွေလည်း အလွန် နည်းပါးနေရသလို အသင်းရဲ့ ခံစစ်ကနေလည်း (၂၃)ပွဲအတွင်း (၁၅)ဂိုးသာ ခွင့်ပြုထားရပြီး ရှုံးပွဲအနည်းဆုံး ပေးဂိုးအနည်းဆုံးအသင်း ဖြစ်နေရပါတယ်။

Photo Credit : Twitter

ဒီလို စွမ်းဆောင်ရည်တွေနဲ့ အဆင့်(၄)နေရာထိ ရပ်တည်ထားတဲ့ နယူးကာဆယ်ဟာ ဒီရာသီအတွင်း ပရီးမီးယားလိဂ် ရှုံးပွဲ (၂)ပွဲသာ ရှိထားရသေးပြီး အဲ့ဒီ(၂)ပွဲလုံးဟာ လီဗာပူးလ် တစ်သင်းတည်းနဲ့သာ ကြုံတွေ့ထားခဲ့ရတာ ဖြစ်ပါတယ်။ အန်ဖီးလ်မှာ ယှဉ်ပြိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်က (၂-၁)နဲ့ အရေးနိမ့်ခဲ့သလို မနေ့ညက စိန့်ဂျိမ်းစ်ပတ်ခ်မှာ လီဗာပူးလ်ကို ပြန်လည် ဧည့်ခံရချိန်မှာလည်း (၀-၂)နဲ့ ထပ်မံ ရှုံးနိမ့်ခဲ့ရတဲ့အပြင် အသင်းရဲ့ အရေးအပါဆုံး ကစားသမားဖြစ်သူ ဂိုးသမား နစ်ပုဒ်ပါ တိုက်ရိုက် အနီကတ် ပြသခံခဲ့ရတာကြောင့် နစ်ပုဒ်အနေနဲ့ ဖေဖော်ဝါရီ လကုန်ပိုင်းထဲ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမဲ့ လိဂ်ဖလား ဖိုင်နယ်ပွဲကိုပါ ပွဲပယ်ခံသွားရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Twitter

နယူးကာဆယ်ဟာ အန်ဖီးလ်မှာ လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ် (၁၇)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့သလို အဲ့ဒီ(၁၇)ပွဲအတွင်း စပါး ချဲလ်ဆီးတို့ကို အနိုင်ယူခဲ့ပြီး မန်ယူနိုက်တက် အာဆင်နယ်တို့ကို ဂိုးမရှိသရေဖြစ်အောင် ကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နယူးကာဆဲလ်ဟာ ဒီအသင်းတွေနဲ့ ရင်ဆိုင်ရစဉ် ရှုံးပွဲ မကြုံခဲ့ရပေမဲ့ လီဗာပူးလ်နဲ့ ရင်ဆိုင်ရချိန်မှာ ရလဒ်ရော ကံကြမာမှာ လုံးဝ မကောင်းခဲ့ပဲ လီဗာပူးလ်က ဒီရာသီမှာ နယူးကာဆယ်အတွက် အိမ်မက်ဆိုးလို့ ဖြစ်နေခဲ့ရပါတယ်။