ဒီနှစ်ဘောလုံးရာသီကမှ လီဗာပူးလ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ဂိုးသမားအက်ဒရီယန်ကတော့ အသင်းမှာ ပင်တိုင်ဂိုးသမား အယ်လီဆန်ဘတ်ကာ ဒဏ်ရာရရှိနေချိန် အသင်းရဲ့ဂိုးပေါက်မှာ ဝင်ရောက်ဂိုးဖမ်းပေးခဲ့ပြီး ချယ်လ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ ဥရောပစူပါဖလားဖိုင်နယ်ပွဲစဉ််မှာလည်း သူရဲ့လက်စွမ်းပြကာကွယ်မှုတွေနဲ့ ဖလားကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း မနေ့ညက ကစားသွားခဲ့တဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ပွဲမှာတော့ သူရဲ့အမှားကြောင့် လီဗာပူးလ်အသင်းက ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပါတယ်။

Photo Credit : Getty Image

ဘရာဇီးလက်ရွေးစင်ဂိုးသမားဖြစ်သူ အယ်လီဆန်ဟာ ဒဏ်ရာပြသာနာကြောင့် အသက်လက်တီကိုအသင်းနဲ့ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲကို လွဲချော်ခဲ့ရပြီး သူရဲ့နေရာမှာ စပိန်အသင်းရဲ့ဂိုးသမားဖြစ်သူ အက်ဒရီယန် အစားဝင်ရောက်ကစားခဲ့ပါတယ်။ အဆိုပါပွဲမှာ အသက်လက်တီကိုအသင်းက မိနစ်၉၀အတွင်း လီဗာပူးလ်ဘက်ကို ထိုးဖောက်မှုတွေ သိပ်များများစားစား မလုပ်ဆောင်နိုင်ခဲ့ပဲ အချိန်ပိုရောက်မှသာ တိုက်စစ်ဆင်မှုတွေကို လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပြီး အသက်လက်တီကိုအသင်းအတွက် အရေးပါလှတဲ့ ချေပဂိုးကတော့ လီဗာပူးလ်ဂိုးသမားအက်ဒရီယန်ရဲ့အမှားကနေ စတင်ဖြစ်ပေါ်လာခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Getty Image

အက်ဒရီယန်ဟာ သူရဲ့လီဗာပူးလ်အသင်းသားတွေဆီကို ဘောလုံးလှမ်းပို့ရာမှာ သေသပ်မှုမရှိလို့ အသက်လက်တီကိုအသင်းဆီ ရောက်ရှိခဲ့ပြီး အဲ့ဒီကနေတစ်ဆင့် လော်ရန်တေးက ချေပဂိုးသွင်းယူခဲ့သလို အဲ့ဒီကမှ လော်ရန်တေးကပဲ နောက်ထပ်ချေပဂိုး သွင်းယူနိုင်ခဲ့သလို လူစားဝင်တိုက်စစ်မှူး မိုရာတာကပါ အနိုင်ဂိုးကို ဆက်တိုက်သွင်းယူနိုင်ခဲ့ကာ ၂ဂိုး၃ဂိုးနဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၂ဂိုး၄ဂိုးနဲ့ အသက်လက်တီကိုအသင်းက ကွာတားဖိုင်နယ်ကို တတ်လှမ်းသွားခဲ့ပါတယ်။ အက်ဒရီယန်က သူရဲ့အမှားအတွက် တွစ်တာပေါ်ကနေ ပရိသတ်တွေကို တောင်းပန်စကားဆိုသွားခဲ့ပြီး ပရိသတ်တွေကတော့ သူရဲ့တောင်းပန်မှုအပေါ်မှာ လုံးဝစိတ်ကျေနပ်ခြင်းမရှိပဲ “အသင်းကနေ ထွက်ခွာသွားသင့်တယ်” “မင်းကသေလိုက်သင့်တယ်” လို့အထိပါ ပြန်လည်ပြောဆိုခံနေရပါတယ်။