လီဗာပူးလ် ကစားသမားဟောင်း စတီဗ် နီကိုလ်ကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ လီဗာပူးလ် တိုက်စစ်မှူး ဆာလတ်ထက် ပိုပြီး စိတ်ပျက်စေတဲ့ ကစားသမား ရှိလားလို့ ပြောသွားခဲ့ပါတယ်။ သဘောကတော့ သူက ဆာလတ်ထက် ပိုပြီး စိတ်ပျက်စေတဲ့ ကစားသမား မရှိဘဲ ဆာလတ်အနေနဲ့ စိတ်ပျက်စရာ အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ ရည်ညွန်း ပြောသွားခဲ့တာပါပဲ။ နီကိုလ်က ဆာလတ်ဟာ လီဗာပူးလ်အသင်း နိုင်ပွဲတွေ ရရှိနေတာကြောင့် ဝေဖန်မှုတွေကို မခံရဘဲ လီဗာပူးလ်အသင်းရဲ့ ပွဲစဉ်တိုင်းကို ကစားနိုင်တာ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

Photo Credit: Goal

လီဗာပူးလ် တိုက်စစ်မှူး ဆာလတ်ဟာ ပြိုင်ပွဲစုံ သွင်းဂိုး (၂၀) ဂိုးနဲ့ အထက် သွင်းခဲ့တာကြောင့် (၃) နှစ်ဆက်တိုက် ပြိုင်ပွဲစုံ သွင်းဂိုး (၂၀) ဂိုးနဲ့ အထက် သွင်းယူနိုင်တဲ့ ဒုတိယမြောက် လီဗာပူးလ် ကစားသမား ဖြစ်ခဲ့ပြီး ပထမ ကစားသမားကတော့ ကစားသမားဟောင်း အိုဝင် ဖြစ်ပါတယ်။ ဆာလတ်ဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ သွင်းဂိုး (၁၆) ဂိုး သွင်းနိုင်ခဲ့ပေမဲ့လည်း လီဗာပူးလ် နောက်ခံ ကစားသမားဟောင်း စတီဗ် နီကိုလ်ကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဆာလတ်ထက် ပိုပြီး စိတ်ပျက်စေတဲ့ ကစားသမား ရှိပါသလားလို့ ခနဲ့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Goal

စတီဗ် နီကိုလ်က ” နိုင်ပွဲဆိုတာက ပြိုင်ပွဲရဲ့ အနံ့အသက် ပျောက်ဆေး ဖြစ်ပြီး အနံ့ဆိုးတွေကို ဖယ်ရှားပေးပါတယ်။ နိုင်ပွဲရပြီ ဆိုရင် ဆိုးတဲ့ အရာတွေ များစွာကို ဖယ်ရှားနိုင်ပါတယ်။ ဒါကို ဆာလတ်နဲ့ ဥပမာပေးပြီး ပြောလို့ ရပါတယ်။ လက်ရှိရာသီမှာ ဆာလတ်ရဲ့ ပုံစံနဲ့ ပက်သက်ပြီး ပရီးမီးယားလိဂ်မှာ ဆာလတ်ထက် ပိုပြီး စိတ်ပျက်စေတဲ့ ကစားသမား ရှိလို့လား။ ဒါမှမဟုတ်ရင် အခြား ပြိုင်ပွဲမှာ တစ်ခုခု လုပ်ခဲ့တာကြောင့် စိတ်ပျက်စေတဲ့ ကစားသမားရှိလား။ ရုတ်တရက်ဆိုသလို ဆာလတ်က တစ်ခုခုကို လုပ်ပြသွားပါတယ်။ သူ အဲဒီလို လုပ်ပြရင်လည်းပဲ သူ့အကြောင်းကို ပြောကြပါတယ်။ ဒါပေမဲ့ သူက ဘာလို့ ပွဲစဉ်တိုင်းကို ကစားရတာလဲ။ ဘာလို့လဲဆိုရင်တော့ လီဗာပူးလ်အသင်းက အနိုင်ရနေလို့ပါပဲ”လို့ ဆာလတ်ကို ဝေဖန်သွားလိုက်တာပဲ ဖြစ်ပါတယ်။