မန္စီးတီးလူငယ္အသင္းကေန ထြက္ေပၚလာခဲ့တဲ႔ ေတာင္ပံတုိက္စစ္ကစားသမာေလးျဖစ္ၿပီး အသင္းမွာ ပုံမွန္ေနရာတစ္ခု ရလာဖုိ႔မလြယ္ကူတာေၾကာင့္ ပရီးမီးယားလိဂ္ကေန ဘြန္ဒက္လီဂါၿပိဳင္ပြဲဆီကုိ ေျပာင္းေရႊ႔ကစားခဲ႔ၿပီး ႏွစ္အနည္းငယ္အတြင္းမွာပဲ ေဒါ့မြန္အသင္းရဲ႕အဓိက ကစားသမားတစ္ေယာက္ျဖစ္လာခဲ႔ရတဲ႔ ေဂ်ဒန္ဆန္ခ်ိဳကေတာ့ သူရဲ႕ေျခစြမ္းေကာင္းေတြနဲ႔ ဥေရာပထိပ္သီးအသင္းႀကီးေတြရဲ႕စိတ္အာရုံကုိဖမ္းစားထားႏုိင္တဲ႔အျပင္ လက္ရွိမွာလည္း အသင္းနဲ႔ၾကားမွာ မေျပလည္မႈေတြ ရွိေနတာေၾကာင့္ သူရဲ႕အနာဂတ္က အရင္ကထက္ကုိ ပုိမုိလႈပ္ခတ္ေနရတာေၾကာင့္ သူရဲ႕အေျခအေနကုိ အသင္းမ်ားစြာကေန ေစာင့္ၾကည့္လိုု႔ေနပါတယ္။

Photo Credit : Getty Images

ဒီ အသက္၁၉ႏွစ္အရႊယ္ ဆယ္ေက်ာ္သက္ေတာင္ပံတုိက္စစ္ကစားသမားေလးဆန္ခ်ိဳကုိ ေစာင့္ၾကည့္လ်က္ရွိေနတဲ႔အသင္းေတြထဲမွာ ဆန္ခ်ိဳရဲ႕အသင္းေဟာင္းမန္စီးတီးရဲ႕ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူႏုိက္တက္အသင္းက ထိပ္ဆုံးကေနကုိ ပါဝင္ေနတာျဖစ္ၿပီး လြန္ခဲ႔တဲ႔ ၂၀၁၈ခုႏွစ္ကေလာက္ေနစတင္ကာ ေခၚယူဖုိ႔ စိတ္ဝင္စားေနခဲ႔တာျဖစ္ပါတယ္။ ဒါေပမယ့္ ဆန္ခ်ိဳကုိ သူရဲ႕ေဒါ့မြန္အသင္းကေန ထုတ္ေရာင္းသြားဖုိ႔ ဆႏၵမရွိသလုိ ဆန္ခ်ိဳကုိယ္တုိင္ကလည္း ေဒါ့မြန္စြန္႔ခြာသြားဖုိ႔ အခ်ိန္မတန္ေသးဘူးလုိ႔ ယူဆထားတာေၾကာင့္ ယူႏုိက္တက္ရဲ႕စိတ္ဝင္စားမႈက ပစ္မွတ္ထားရုံနဲ႔တင္ ရပ္တန္႔သြားခဲ႔ရတာျဖစ္ပါတယ္။ ဒါေပမယ့္ အခုေတာ့ ဆန္ခ်ိဳနဲ႔ ေဒါ့မြန္အသင္းတုိ႔ၾကားမွာ မေျပလည္မႈေတြ ျမင့္တတ္လာခဲ႔တာေၾကာင့္ ဆန္ခ်ိဳကုိ ေခၚယူႏုိင္ဖုိ႔ ယူႏုိက္တက္အသင္းဘက္ကေန အရွိန္ျမင့္ႀကိဳးပမ္းလာခဲ႔တာျဖစ္ပါတယ္။

Photo Credit : Getty Images

ဒါေပမယ့္ ေဘာလုံးသမားဘဝကေန နာမည္ေက်ာ္ ေဘာလုံးဂ်ာနယ္လစ္တစ္ဦးျဖစ္လာခဲ႔သူရဲ႕ေဖာ္ျပခ်က္ေတြအရ ဆန္ခ်ိဳဟာ ယူႏုိက္တက္အသင္းထက္ နည္းျပယာဂင္ကေလာ့ရွိရာ လီဗာပူးလ္အသင္းကုိ ေရြးခ်ယ္သြားဖုိ႔ အေျခအေနမ်ားေနတယ္လုိ႔ သိရပါတယ္။ ေဒါ့မြန္အသင္းရဲ႕နည္းျပေဟာင္းျဖစ္သူ ယာဂင္ကေလာ့က ဆန္ခ်ိဳရဲ႕ေျခစြမ္းေတြနဲ႔ပတ္သက္ၿပီး အင္တာဗ်ဴးေတြအတြင္းမွာ ခ်ီးက်ဴးခဲ႔ဖူးသူျဖစ္ကာ အသင္းမွာ သူ႔လုိၾကယ္ပြင့္ကစားသမားမ်ိဳးကုိလည္း ေခၚယူအားျဖည့္သြားခ်င္ေနတာျဖစ္ပါတယ္။ ဆန္ခ်ိဳကေတာ့ အဂၤလန္လက္ေရြးစင္အသင္းနဲ႔ ႏုိင္ငံတကာပြဲေတြကို ပါဝင္ကစားၿပီးေနာက္ ေဒါ့မြန္အသင္းနဲ႔ ျပန္လည္ပူးေပါင္းခဲ႔ရာမွာ သတ္မွတ္ခ်ိန္ထက္ ေနာက္က်ခဲ႔တာေၾကာင့္ သူ႔ကုိ အသင္းကေန ဒဏ္ေၾကးရုိက္ခဲ႔သလုိ ဘုိင္ယန္နဲ႔ပြဲမွာလည္း ေစာေစာစီးစီး လူစားလဲခံခဲ႔ရၿပီး ဘာစီလုိနာအသင္းနဲ႔ပြဲမွာလည္း ဒုတိယပုိင္းမွသာ ပါဝင္ကစားခြင့္ရခဲ႔တာျဖစ္ပါတယ္။ ဒီလုိအေျခအေနေတြေၾကာင့္ ဆန္ခ်ိဳဟာ ေဒါ့မြန္အသင္းကုိ စြန္႔ခြာသြားဖုိ႔ စဥ္းစားလာခဲ႔တာျဖစ္ကာ မန္ခ်က္စတာလား လီဗာပူးလ္ဆုိတာကုိပဲ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

(Unicode)

ဆန်ချိုကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းထက် အခြေအနေပိုကောင်းနေတဲ့ လီဗာပူးလ်

မန်စီးတီးလူငယ်အသင်းကနေ ထွက်ပေါ်လာခဲ့တဲ့ တောင်ပံတိုက်စစ်ကစားသမာလေးဖြစ်ပြီး အသင်းမှာ ပုံမှန်နေရာတစ်ခု ရလာဖို့မလွယ်ကူတာကြောင့် ပရီးမီးယားလိဂ်ကနေ ဘွန်ဒက်လီဂါပြိုင်ပွဲဆီကို ပြောင်းရွှေ့ကစားခဲ့ပြီး နှစ်အနည်းငယ်အတွင်းမှာပဲ ဒေါ့မွန်အသင်းရဲ့အဓိက ကစားသမားတစ်ယောက်ဖြစ်လာခဲ့ရတဲ့ ဂျေဒန်ဆန်ချိုကတော့ သူရဲ့ခြေစွမ်းကောင်းတွေနဲ့ ဥရောပထိပ်သီးအသင်းကြီးတွေရဲ့စိတ်အာရုံကိုဖမ်းစားထားနိုင်တဲ့အပြင် လက်ရှိမှာလည်း အသင်းနဲ့ကြားမှာ မပြေလည်မှုတွေ ရှိနေတာကြောင့် သူရဲ့အနာဂတ်က အရင်ကထက်ကို ပိုမိုလှုပ်ခတ်နေရတာကြောင့် သူရဲ့အခြေအနေကို အသင်းများစွာကနေ စောင့်ကြည့်လိုု့နေပါတယ်။

Photo Credit : Getty Images

ဒီ အသက်၁၉နှစ်အရွှယ် ဆယ်ကျော်သက်တောင်ပံတိုက်စစ်ကစားသမားလေးဆန်ချိုကို စောင့်ကြည့်လျက်ရှိနေတဲ့အသင်းတွေထဲမှာ ဆန်ချိုရဲ့အသင်းဟောင်းမန်စီးတီးရဲ့မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းက ထိပ်ဆုံးကနေကို ပါဝင်နေတာဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်ကလောက်နေစတင်ကာ ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဆန်ချိုကို သူရဲ့ဒေါ့မွန်အသင်းကနေ ထုတ်ရောင်းသွားဖို့ ဆန္ဒမရှိသလို ဆန်ချိုကိုယ်တိုင်ကလည်း ဒေါ့မွန်စွန့်ခွာသွားဖို့ အချိန်မတန်သေးဘူးလို့ ယူဆထားတာကြောင့် ယူနိုက်တက်ရဲ့စိတ်ဝင်စားမှုက ပစ်မှတ်ထားရုံနဲ့တင် ရပ်တန့်သွားခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ ဆန်ချိုနဲ့ ဒေါ့မွန်အသင်းတို့ကြားမှာ မပြေလည်မှုတွေ မြင့်တတ်လာခဲ့တာကြောင့် ဆန်ချိုကို ခေါ်ယူနိုင်ဖို့ ယူနိုက်တက်အသင်းဘက်ကနေ အရှိန်မြင့်ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Images

ဒါပေမယ့် ဘောလုံးသမားဘဝကနေ နာမည်ကျော် ဘောလုံးဂျာနယ်လစ်တစ်ဦးဖြစ်လာခဲ့သူရဲ့ဖော်ပြချက်တွေအရ ဆန်ချိုဟာ ယူနိုက်တက်အသင်းထက် နည်းပြယာဂင်ကလော့ရှိရာ လီဗာပူးလ်အသင်းကို ရွေးချယ်သွားဖို့ အခြေအနေများနေတယ်လို့ သိရပါတယ်။ ဒေါ့မွန်အသင်းရဲ့နည်းပြဟောင်းဖြစ်သူ ယာဂင်ကလော့က ဆန်ချိုရဲ့ခြေစွမ်းတွေနဲ့ပတ်သက်ပြီး အင်တာဗျူးတွေအတွင်းမှာ ချီးကျူးခဲ့ဖူးသူဖြစ်ကာ အသင်းမှာ သူ့လိုကြယ်ပွင့်ကစားသမားမျိုးကိုလည်း ခေါ်ယူအားဖြည့်သွားချင်နေတာဖြစ်ပါတယ်။ ဆန်ချိုကတော့ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ နိုင်ငံတကာပွဲတွေကို ပါဝင်ကစားပြီးနောက် ဒေါ့မွန်အသင်းနဲ့ ပြန်လည်ပူးပေါင်းခဲ့ရာမှာ သတ်မှတ်ချိန်ထက် နောက်ကျခဲ့တာကြောင့် သူ့ကို အသင်းကနေ ဒဏ်ကြေးရိုက်ခဲ့သလို ဘိုင်ယန်နဲ့ပွဲမှာလည်း စောစောစီးစီး လူစားလဲခံခဲ့ရပြီး ဘာစီလိုနာအသင်းနဲ့ပွဲမှာလည်း ဒုတိယပိုင်းမှသာ ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ဆန်ချိုဟာ ဒေါ့မွန်အသင်းကို စွန့်ခွာသွားဖို့ စဉ်းစားလာခဲ့တာဖြစ်ကာ မန်ချက်စတာလား လီဗာပူးလ်ဆိုတာကိုပဲ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။