လီဗာပူးလ် ပရိသတ်တွေကတော့ မန်ယူ ကွင်းလယ်လူ ပေါ့ဘာကို လီဗာပူးလ်အသင်းရဲ့ ဂန္တာဝင် ကွင်းလယ် ကစားသမားဟောင်း စတီဗင် ဂျာရတ်နဲ့ တူတယ်လို့ နှုှိင်းယှဉ်ခဲ့တဲ့ မန်ယူအသင်းရဲ့ ဂန္တာဝင် ကွင်းလယ် ကစားသမားဟောင်း ပေါလ် စခိုးလ်ကို လူရွင်တော် လုပ်သင့်တယ်လို့ ဝေဖန်သွားခဲ့ကြပါတယ်။ ပေါလ် စခိုးလ်က မန်ယူ ကွင်းလယ်လူ ပေါ့ဘာဟာ ပြေးအားရော ရုန်းအားရော ကျွမ်းကျင်မှုရော လီဗာပူးလ်အသင်းရဲ့ ကွင်းလယ် ကစးသမားဟောင်း စတီဗင် ဂျာရတ်နဲ့ တူတယ်လို့ ပြောခဲ့ပြီး ပေါ့ဘာက ကွင်းလယ်လူ အနေနဲ့ ဘာမဆို လုပ်နိုင်တယ်လို့လည်း ချီးကျူးသွားတာ ဖြစ်ပါတယ်။

Photo Credit: Liverpoolecho

ပေါလ် စခိုးလ်က “ကျွန်တော် ပေါ့ဘာနဲ့ အနည်းငယ် တွဲကစားခဲ့ပါတယ်။ သူ့မှာ အရည်အချင်း ရှိတာကို လူတိုင်း သိကြပါတယ်။ သူက ဂျုဗင်တပ်အသင်းအတွက် ကစားခဲ့တဲ့ အချိန်မှာ ကောင်းစွာ ကစားခဲ့ပါတယ်။ ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် တောက်ပခဲ့တယ်။ အခု မန်ယူအသင်းမှာ ကစားနေချိန်မှာလည်း တကယ် ကောင်းတယ်။ ပေါ့ဘာက ကွင်းလယ် ကစားသမား တစ်ဦးအနေနဲ့ ဘာမဆို လုပ်နိုင်ပါတယ်။ သူက ပြေးအား၊ ရုန်းအား၊ ကျွမ်းကျင်မှု နဲ့ ပက်သက်လာရင် စတီဗင် ဂျာရတ်နဲ့ တူပါတယ်။ သူက ဘာမဆို လုပ်နိုင်တယ်”လို့ ပြောခဲ့ပါတယ်။

Photo Credit: Liverpoolecho

လီဗာပူးလ် ပရိသတ်တွေကတော့ ပေါ့ဘာကို ဂျာရတ်နဲ့ တူတယ်လို့ နှိုင်းယှဉ်ခဲ့တဲ့ ပေါလ် စခိုးလ်ကို ပြန်လည် ဝေဖန်ခဲ့ကြပြီး လီဗာပူးလ် ပရိသတ်တွေများစွာထဲက လီဗာပူးလ်အသင်းရဲ့ အမာခံ ပရိသတ် တစ်ဦးက ပေါလ် စခိုးလ်ကို လူရွှင်တော်လုပ်သင့်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ လီဗာပူးလ် ပရိသတ်တွေက ပေါလ် စခိုးလ်ကို “ခင်ဗျား အခု လူရွင်တော်ပဲ သွားလုပ်လိုက်ပါ”၊ “သူတို့နှစ်ဦးမှာ တူတာ ဆိုလို့ ဘောလုံး ကစားသမား ဖြစ်တာပါပဲ။ ဂျာရတ်က အသင်းအတွက် ဆာလောင်တယ်၊ စိတ်ဓါတ်ပြင်းပြတယ်။ ဒါကိုလည်း မနှိုင်းယှဉ်ပါလား”၊ “ဂျာရတ်က မျက်လုံး ပိတ်ပြီး ကစားရင်တော မျက်လုံး ဖွင့်ပြီး ကစားတဲ့ ပေါ့ဘာထက် ပို ကောင်းပါတယ်”၊ “ပေါလ် စခိုးလ်က ဘယ်လို စဉ်းစားလိုက်တာပါလဲ” စသဖြင့် ပြင်းထန်စွာ ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။