လီဗာပူးလ်အသင်းရဲ့ နောက်ဆုံးရသတင်းတွေကို ဖော်ပြပေးနေတဲ့ လီဗာပူးလ်အခြေစိုက် Liverpool Echo သတင်းဝက်ဆိုဒ်ကနေ စစ်တမ်းတစ်ခုကို ပြုလုပ်ခဲ့ရာ အဲ့ဒီစစ်တမ်းအတွင်း လီဗာပူးလ်အသင်းကနေ ထွက်ခွာသွားကြတဲ့ ကစားသမားဟောင်းတွေထဲက အသင်းဆီကို ပြန်လည်ရောက်လာစေချင်ဆုံး ကစားသမားက ဘယ်သူဖြစ်မလဲဆိုတာကို မဲဲပေးရွေးချယ်ခိုင်းတာဖြစ်ပါတယ်။ နောက်ဆုံးမဲရလဒ်မှာတော့ ဝုလ်ဗ်အသင်းမှာ ပါဝင်ကစားနေလျက်ရှိတဲဲ့ နောက်ခံကစားသမား ကော်နာကိုအာဒီက မဲအများဆုံးနဲ့ အရွေးချယ်ခဲ့ရပါတယ်။
Photo Credit : Liverpool
Liverpool Echo ဝက်ဆိုဒ်က လီဗာပူးလ်ကစားသမားဟောင်းတွေဖြစ်တဲ့ ဖီလစ်ပီကော်တင်ဟို ကိုအာဒီ လူးကပ်လိုင်ဗာ အမ်မရီချန် ဒန်နီအင့်စ် ရာဟန်စတာလင်းတို့တွေထဲကမှ လီဗာပူးလ်မှာ ပြန်လည်မြင်တွေ့လိုတဲ့ ကစားသမားကို မဲဲပေးခိုင်းခဲ့ရာ ကော်တင်ဟိုနဲ့ စတာလင်းတို့က မဲအများဆုံးရလိမ်မ့မယ်လို့ ယူဆခဲဲ့ရပေမယ့်လည်း တကယ်တမ်းမှာတော့ နောက်ခံလူကိုအာဒီကသာ စုစုပေါင်း မဲ၃၀%နဲ့ ထိပ်ဆုံးမှာ ရွေးချယ်ခံခဲဲ့ရတာဖြစ်ပါတယ်။ ကော်တင်ဟိုက မဲ၂၅%နဲ့ ဒုတိယနေရာ စတာလင်က မဲ၁၆%နဲ့ တတိယနေရာတွေမှာ ရပ်တည်ခဲဲ့ရပါတယ်။
Photo Credit : Express & Star
အသက်၂၆နှစ်အရွှယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်နောက်ခံကစားသမား ကိုအာဒီဟာ လီဗာပူးလ်လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီးတော့ လီဗာပူးလ်မြို့မှာပဲ မွေးဖွားခဲ့သူလည်းဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအတွက် စီနီယာကစားသမားဘဝမှာ ၁ပွဲပဲ ပါဝင်ကစားခွင့်ရခဲ့တဲ့ ကိုအာဒီဟာ ရှက်ဖီးယူနိုက်တက်မှာ အငှားကစားခဲ့ရပြီးနောက် ဟတ်စ်ဒါဖီးလ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး အဲ့ဒီကနေတစ်ဆင့် ဝုလ်ဗ်အသင်းကို ၂၀၁၅ခုနှစ်မှာ ပြောင်းရွှေ့ခဲ့ပါတယ်။ ဝုလ်ဗ်မှာတော့ ၅နှစ်တာလောက် ပါဝင်ကစားနေသူဖြစ်ပြီး အသင်းရဲ့ခံစစ်မှာ အမာခံကစားသမားတစ်ယောက်အဖြစ် ရပ်တည်နေသလို အသင်းရဲ့ အသင်းခေါင်းဆောင်တာဝန်ကိုလည်း ထမ်းဆောင်နေသူဖြစ်ပါတယ်။ ကိုအာဒီဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ လီဗာပူးလ်နဲဲ့ ဝုလ်ဗ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း ဖေမီနိုရဲ့နောက်ကျအနိုင်ဂိုးအတွက် သူ့အနေနဲ့ သူ့အသင်းဟောင်းကို ကူညီဖို့ တမင်သက်သက်လှဲချခဲ့တယ်လို့ပါ ပရိသတ်တွေဘက်ကနေ စွပ်စွဲဲခဲ့တာကိုပါ ခံခဲ့ရပါတယ်။
(Zawgyi)
ကိုအာဒီကို အသင်းမှာ ပြန်လည်မြင်တွေ့လိုကြောင်း လီဗာပူးလ်ပရိသတ်များ မဲပေးရွေးချယ်
လီဗာပူးလ်အသင်းရဲ့ နောက်ဆုံးရသတင်းတွေကို ဖော်ပြပေးနေတဲ့ လီဗာပူးလ်အခြေစိုက် Liverpool Echo သတင်းဝက်ဆိုဒ်ကနေ စစ်တမ်းတစ်ခုကို ပြုလုပ်ခဲ့ရာ အဲ့ဒီစစ်တမ်းအတွင်း လီဗာပူးလ်အသင်းကနေ ထွက်ခွာသွားကြတဲ့ ကစားသမားဟောင်းတွေထဲက အသင်းဆီကို ပြန်လည်ရောက်လာစေချင်ဆုံး ကစားသမားက ဘယ်သူဖြစ်မလဲဆိုတာကို မဲပေးရွေးချယ်ခိုင်းတာဖြစ်ပါတယ်။ နောက်ဆုံးမဲရလဒ်မှာတော့ ဝုလ်ဗ်အသင်းမှာ ပါဝင်ကစားနေလျက်ရှိတဲ့ နောက်ခံကစားသမား ကော်နာကိုအာဒီက မဲအများဆုံးနဲ့ အရွေးချယ်ခဲ့ရပါတယ်။
Liverpool Echo ဝက်ဆိုဒ်က လီဗာပူးလ်ကစားသမားဟောင်းတွေဖြစ်တဲ့ ဖီလစ်ပီကော်တင်ဟို ကိုအာဒီ လူးကပ်လိုင်ဗာ အမ်မရီချန် ဒန်နီအင့်စ် ရာဟန်စတာလင်းတို့တွေထဲကမှ လီဗာပူးလ်မှာ ပြန်လည်မြင်တွေ့လိုတဲ့ ကစားသမားကို မဲပေးခိုင်းခဲ့ရာ ကော်တင်ဟိုနဲ့ စတာလင်းတို့က မဲအများဆုံးရလိမ်မ့မယ်လို့ ယူဆခဲ့ရပေမယ့်လည်း တကယ်တမ်းမှာတော့ နောက်ခံလူကိုအာဒီကသာ စုစုပေါင်း မဲ၃၀%နဲ့ ထိပ်ဆုံးမှာ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ ကော်တင်ဟိုက မဲ၂၅%နဲ့ ဒုတိယနေရာ စတာလင်က မဲ၁၆%နဲ့ တတိယနေရာတွေမှာ ရပ်တည်ခဲ့ရပါတယ်။