ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ဘောလုံးပွဲတွေကို ရပ်နားထားခဲ့ရတာကြောင့် ဘောလုံးကလပ်အသင်းတိုင်းလိုလိုမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလို အနှစ်(၃၀)ကျော်အကြာမှ ပရီးမီးယားလိဂ်ဆုဖလားကို ပိုင်ဆိုင်နိုင်ဖို့ အနီးစပ်ဆုံး အခြေအနေမှာရှိနေတဲ့ လီဗာပူးလ်အသင်းမှာလည်း ပွဲအနည်းငယ်လေးကစားတာနဲ့ အမှတ်ပေးဆုဖလားကြီးကို ပိုင်ဆိုင်ရမှာဖြစ်ပေမယ့် ဘောလုံးပွဲတွေ ရပ်နားလိုက်ရတာကြောင့် အခုချိန်ထိကို ဆုဖလားမရနိုင်သေးပဲ ရှိနေရပါတယ်။ ဒီအခြေအနေကို စိတ်မရှည်တော့တဲ့အတွက် လီဗာပူးလ်ပရိသတ်တစ်ယောက်ကတော့ သူ့အစီအစဉ်နဲ့ အောင်ပွဲခံမှုတစ်ခုကို လုပ်ဆောင်သွားခဲ့ပါတယ်။

Photo Credit : Newsflare

ဘောလုံးအသင်းတွေဟာ ဆုဖလားကြီးတစ်ခုခုကို ဆွတ်ခူးပိုင်ဆိုင်နိုင်ပြီဆိုရင် သူတို့အသင်းရဲ့အခြေစိုက်ရာ မြို့အတွင်း အမိုးဖွင့်ဘတ်စ်စကားကြီးတွေနဲ့ လည်ပတ်ပြီး အောင်ပွဲခံအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပတတ်ကြပါတယ်။ တကယ်ဆိုရင် လီဗာပူးလ်အသင်းဟာလည်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရမှတ်(၈၂)မှတ်နဲ့ ဒုတိယနေရာက မန်စီးတီးအသင်းကို (၂၅)မှတ်အထိ ဖြတ်တောက်ထားနိုင်တာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာဖို့က သေချာနေပါတယ်။ ဒါပေမယ့် အခုချိန်ထိ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်လည်မစတင်နိုင်သေးတာကြောင့် ပရီးမီးယားလိဂ်ဖလားကြီးကို လီဗာပူးလ်လက်ထဲကို မရောက်လာနိုင်သေးတာပဲဖြစ်ပါတယ်။

Photo Credit : EPL Scouts

ဒါကို စိတ်မရှည်နိုင်တော့တဲ့ လီဗာပူးလ်အသင်းရဲ့ ပရိသတ်တစ်ဦးလည်းဖြစ် ထိုင်းစီးပွားရေးသမားတစ်ဦးဖြစ်တဲ့ ကွန်ကီယက်က ထရပ်ကားတစ်စီးကို အမိုးဖွင့်ဘတ်စ်ကားပုံစံဖြစ်အောင် ပုံဖော်ထားတဲ့ ထရပ်ကားကိုလည်း လီဗာပူးလ်အသင်းရဲ့ ကိုယ်စားပြုအရောင်ဖြစ်တဲ့ အနီရောင်နဲ့ ဆေးခြယ်ထားသလို ကြိုးကြာနီတံဆိပ်အပြင် လီဗာပူးလ်ရဲ့ အမှတ်တံဆိပ် စကားစုတစ်ခုဖြစ်တဲ့ “You’re Never Walk Alone” ကိုလည်း ရေးထိုးထားခဲ့ပါတယ်။ ဒါ့အပြင် ကွန်ကီယက်ဟာ နောက်ထပ်ထရပ်ကား(၂)စီးနဲ့လည်း သူရဲဲ့အောင်ပွဲခံ အခမ်းအနားကို လီဗာပူးလ်ပရိသတ်တချို့နဲဲ့အတူ ကျင်းပခဲ့တာဖြစ်ပြီး ဒီထရပ်ကား(၃)စင်းအတွက် ထိုင်းဘတ်ငွေ(၁၀)သန်းလောက်အထိတောင် အကုန်ကျခံခဲ့ရတယ်လို့ သိရှိရပါတယ်။ ကွန်ကီယက်ကတော့ သူရဲ့လုပ်ဆောင်မှုကြောင့် ငွေကုန်ကြေးကျမှုတွေ များစွာရှိခဲ့ရပေမယ့်လည်း နှစ်(၃၀)ကြာမှ သူအားပေးတဲ့အသင်းက အခုလို အမှတ်ပေးဆုဖလားကို ပိုင်ဆိုင်ရနိုင်တာဖြစ်လို့ ခမ်းခမ်းနားနား ဂုဏ်ပြုရတာဖြစ်တယ်လို့ ပြန်လည်ရှင်းပြသွားခဲ့ပါတယ်။