ပရိသတ္ေတြအားလုံး ေစာင့္ေမၽွာ္ခဲ့ၾကရတဲ့ ေရႊေဘာလုံးဆုေပးပြဲႀကီးကေတာ့ ၿပီးဆုံးသြားခဲ့ရၿပီး သတင္းေတြထြက္ေပၚခဲ့တဲ့အတိုင္းပဲ ၂ဝ၁၈-၂၀၁၉ေဘာလုံးရာသီအတြက္ အေကာင္းဆုံးကစားသမားအျဖစ္ ဘာစီလိုနာအသင္းရဲ့ကစားသမား လီယြန္နယ္မက္ဆီက သတ္မွတ္ခံခဲ့ရကာ ေရႊေဘာလုံးဆုကို ဆြတ္ခူးသြားနိုင္ခဲ့ပါတယ္။ ယခုတစ္ႀကိမ္ရရွိမွုေၾကာင့္ မက္ဆီဟာ သမိုင္းတစ္ေလၽွာက္ ေရႊေဘာလုံးဆုကို အမ်ားဆုံး ရယူနိုင္ခဲ့တဲ့ ကစားသမားအျဖစ္ ေျခာက္ႀကိမ္နဲ႔အတူ မွတ္တမ္းဝင္ခဲ့ပါတယ္။

Photo Credit: Daily Mail.com

 

မက္ဆီဟာ ေရႊေဘာလုံးဆုကို ရရွိဖို႔အတြက္ လီဗာပူးလ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားကို ရယူနိုင္ခဲ့တဲ့ ေနာက္ခံလူဗန္ဒိုက္ကို အထူး ယွဥ္ၿပိဳင္ခဲ့ရၿပီး ေနာက္ဆုံးမွာေတာ့ ဗန္ဒိုက္ကို ေက်ာ္ျဖတ္ကာ ေရႊေဘာလုံးဆုကို ရရွိခဲ့ပါတယ္။ ယခုႏွစ္ၿပိဳင္ပြဲမွာ မက္ဆီေရႊေဘာလုံးဆုကို ရရွိခဲ့တဲ့အေပၚ လီဗာပူးလ္အသင္းရဲ့ပရိသတ္ေတြက တရားမၽွတမွုမရွိတဲ့လုပ္ဇာတ္ႀကီးလို႔ အမည္တပ္ၿပီး ေဝဖန္ေနၾကတယ္လို႔ သိရပါတယ္။

Photo Credit: Daily Mail.com

လီဗာပူးလ္အသင္းပရိသတ္ေတြက မက္ဆီဟာ ဘာစီလိုနာအသင္းရဲ့ကစားသမားျဖစ္တာေၾကာင့္ ဒီဆုကိုရရွိခဲ့တာလို႔ စြပ္စြဲေျပာဆိုေနၾကၿပီး ဗန္ဒိုက္ကသာ ဘာစီလိုနာအသင္းရဲ့ ကစားသမားျဖစ္ခဲ့ရင္ ဗန္ဒိုက္ကပဲဆုရရွိလိမ့္မယ္လို႔ ေဝဖန္ေနၾကပါတယ္။ လီဗာပူးလ္အသင္းပရိသတ္ေတြရဲ့ ေဝဖန္စကားတခ်ိဳ႕ကို ျပန္လည္ေဝမၽွရမယ္ဆိုရင္ေတာ့….

Photo Credit: Daily Mail.com

” ဗန္ဒိုက္သာ ဘာစီလိုနာအတြက္ ကစားေပးရင္ ေရႊေဘာလုံးဆုကို သူရမွာ ေသခ်ာတယ္ ”
” ဗန္ဒိုက္က ၂ဝ၁၉ရဲ့အေကာင္းဆုံးကစားသမားပဲ… ဒါကို ဆုနဲ႔လြဲခဲ့တာဆိုေတာ့ ဒါက လုပ္ဇာတ္ႀကီးပဲ… ”
” ဗန္ဒိုက္ဆုမရခဲ့တာက တကယ့္ကို ဟာသပဲ… ”

ပရိသတ်တွေအားလုံး စောင့်မျှော်ခဲ့ကြရတဲ့ ရွှေဘောလုံးဆုပေးပွဲကြီးကတော့ ပြီးဆုံးသွားခဲ့ရပြီး သတင်းတွေထွက်ပေါ်ခဲ့တဲ့အတိုင်းပဲ ၂ဝ၁၈-၂၀၁၉ဘောလုံးရာသီအတွက် အကောင်းဆုံးကစားသမားအဖြစ် ဘာစီလိုနာအသင်းရဲ့ကစားသမား လီယွန်နယ်မက်ဆီက သတ်မှတ်ခံခဲ့ရကာ ရွှေဘောလုံးဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ ယခုတစ်ကြိမ်ရရှိမှုကြောင့် မက်ဆီဟာ သမိုင်းတစ်လျှောက် ရွှေဘောလုံးဆုကို အများဆုံး ရယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် ခြောက်ကြိမ်နဲ့အတူ မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo Credit: Daily Mail.com

မက်ဆီဟာ ရွှေဘောလုံးဆုကို ရရှိဖို့အတွက် လီဗာပူးလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့ နောက်ခံလူဗန်ဒိုက်ကို အထူး ယှဥ်ပြိုင်ခဲ့ရပြီး နောက်ဆုံးမှာတော့ ဗန်ဒိုက်ကို ကျော်ဖြတ်ကာ ရွှေဘောလုံးဆုကို ရရှိခဲ့ပါတယ်။ ယခုနှစ်ပြိုင်ပွဲမှာ မက်ဆီရွှေဘောလုံးဆုကို ရရှိခဲ့တဲ့အပေါ် လီဗာပူးလ်အသင်းရဲ့ပရိသတ်တွေက တရားမျှတမှုမရှိတဲ့လုပ်ဇာတ်ကြီးလို့ အမည်တပ်ပြီး ဝေဖန်နေကြတယ်လို့ သိရပါတယ်

Photo Credit: Daily Mail.com

လီဗာပူးလ်အသင်းပရိသတ်တွေက မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ကစားသမားဖြစ်တာကြောင့် ဒီဆုကိုရရှိခဲ့တာလို့ စွပ်စွဲပြောဆိုနေကြပြီး ဗန်ဒိုက်ကသာ ဘာစီလိုနာအသင်းရဲ့ ကစားသမားဖြစ်ခဲ့ရင် ဗန်ဒိုက်ကပဲဆုရရှိလိမ့်မယ်လို့ ဝေဖန်နေကြပါတယ်။ လီဗာပူးလ်အသင်းပရိသတ်တွေရဲ့ ဝေဖန်စကားတချို့ကို ပြန်လည်ဝေမျှရမယ်ဆိုရင်တော့….

Photo Credit: Daily Mail.com

” ဗန်ဒိုက်သာ ဘာစီလိုနာအတွက် ကစားပေးရင် ရွှေဘောလုံးဆုကို သူရမှာ သေချာတယ် ”
” ဗန်ဒိုက်က ၂ဝ၁၉ရဲ့အကောင်းဆုံးကစားသမားပဲ… ဒါကို ဆုနဲ့လွဲခဲ့တာဆိုတော့ ဒါက လုပ်ဇာတ်ကြီးပဲ… ”
” ဗန်ဒိုက်ဆုမရခဲ့တာက တကယ့်ကို ဟာသပဲ… “