လီဗာပူးလ္အသင္းထံကို ယခု ဇန္နဝါရီလ အေျပာင္းအေရႊ႕ကမွ ေရာက္ရွိလာခဲ့တဲ့ ဂ်ပန္ ေတာင္ပံတိုက္စစ္ကစားသမား မီနာမီနိဟာ မေန႔ညက ကစားခဲ့တဲ့ ေရွာင္ဘူရီအသင္းနဲ႔ ပြဲမွာ အသင္းရဲ့တိုက္စစ္ပိုင္းကို ဦးေဆာင္ကစားခြင့္ရခဲ့ေပမယ့္ ေျခစြမ္းမျပနိုင္မွုေၾကာင့္ လီဗာပူးလ္ ပရိသတ္ေတြရဲ့ ေဝဖန္မွုေတြကို ရင္ဆိုင္ေနရပါတယ္။

Photo Credit: Evening Standard.com

ဆဲလ္ဘက္အသင္းနဲ႔အတူ ေတာက္ပတဲ့ ေျခစြမ္းေတြကို ပိုင္ဆိုင္ခဲ့တဲ့ မီနာမီနိုဟာ လက္ရွိမွာ လီဗာပူးလ္အသင္းနဲ႔အတူ တစ္လနီးပါးသာ ေလ့က်င့္ခန္းဆင္းရေသးတာေၾကာင့္ ပရီးမီးယားလိဂ္လို ၿပိဳင္ပြဲမွာ ေျခစြမ္းမျပနိုင္တာကို လက္ခံေပမယ့္ ေရွာင္ဘူရီလို အသင္းမ်ိဳးနဲ႔ ပြဲမွာေတာ့ ပုံမွန္ေျခစြမ္းကို ျပသသင့္တယ္လို႔ လူငယ္ ကစားသမား ကာတစ္ဂ်ဳံးစ္နဲ႔ ႏွိုင္းယွဥ္ကာ လီဗာပူးလ္အသင္းရဲ့ ပရိသတ္ေတြက ေဝဖန္ခဲ့ၾကတာလည္း ျဖစ္ပါတယ္။

Photo Credit: Evening Standard.com

ေရွာင္ဘူရီအသင္းနဲ႔ လီဗာပူးလ္အသင္းတို႔ ႏွစ္ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္မွာ လီဗာပူးလ္ဟာ ပြဲစဥ္အစအဆုံး ေရွာင္ဘူရီအသင္းဘက္ကို ေဘာလုံးပိုင္ဆိုင္မွုအသာနဲ႔ ဖိအားေပး ကစားသြားခဲ့ေပမယ့္ မီနာမီနိုကေတာ့ ၈၅မိနစ္အထိ ကစားရာမွာ ေဘာလုံးထိခ်က္ ၂၈ခ်က္သာ ရွိခဲ့သလို ဂိုးေပါက္ကန္သြင္းခ်က္ တစ္ႀကိမ္သာ ျပဳလုပ္နိုင္ခဲ့ၿပီး အဆိုပါတစ္ႀကိမ္ဟာလည္း ဂိုးေပါက္ မတည့္ခဲ့ပါဘူး။

Photo Credit: Evening Standard.com

ဒါ့ေၾကာင့္ လီဗာပူးလ္အသင္းရဲ့ ပရိသတ္မ်ားက မီနာမီနိုရဲ့ေျခစြမ္းအေပၚ ဘဝင္မက်ျဖစ္ေနကာ အသင္းနဲ႔ထိုက္တန္တဲ့ ေျခစြမ္းေရာရွိရဲ့လားလို႔ လူမွုကြန္ယက္ေတြေပၚကေန ေမးခြန္းထုတ္ေနၾကပါတယ္။ လီဗာပူးလ္နည္းၿပ ကေလာ့ပ္ကေတာ့ မီနာမီနိုရဲ့ေျခစြမ္းအေပၚ ယုံၾကည္မွုရွိေၾကာင္းနဲ႔ လီဗာပူးလ္အသင္းအတြက္ အေရးပါတဲ့ ကစားသမားျဖစ္လာလိမ့္မယ္လို႔ ေျပာဆိုထားခဲ့ပါတယ္။

လီဗာပူးလ်အသင်းထံကို ယခု ဇန်နဝါရီလ အပြောင်းအရွှေ့ကမှ ရောက်ရှိလာခဲ့တဲ့ ဂျပန် တောင်ပံတိုက်စစ်ကစားသမား မီနာမီနိဟာ မနေ့ညက ကစားခဲ့တဲ့ ရှောင်ဘူရီအသင်းနဲ့ ပွဲမှာ အသင်းရဲ့တိုက်စစ်ပိုင်းကို ဦးဆောင်ကစားခွင့်ရခဲ့ပေမယ့် ခြေစွမ်းမပြနိုင်မှုကြောင့် လီဗာပူးလ် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်နေရပါတယ်။

Photo Credit: Evening Standard.com

ဆဲလ်ဘက်အသင်းနဲ့အတူ တောက်ပတဲ့ ခြေစွမ်းတွေကို ပိုင်ဆိုင်ခဲ့တဲ့ မီနာမီနိုဟာ လက်ရှိမှာ လီဗာပူးလ်အသင်းနဲ့အတူ တစ်လနီးပါးသာ လေ့ကျင့်ခန်းဆင်းရသေးတာကြောင့် ပရီးမီးယားလိဂ်လို ပြိုင်ပွဲမှာ ခြေစွမ်းမပြနိုင်တာကို လက်ခံပေမယ့် ရှောင်ဘူရီလို အသင်းမျိုးနဲ့ ပွဲမှာတော့ ပုံမှန်ခြေစွမ်းကို ပြသသင့်တယ်လို့ လူငယ် ကစားသမား ကာတစ်ဂျုံးစ်နဲ့ နှိုင်းယှဉ်ကာ လီဗာပူးလ်အသင်းရဲ့ ပရိသတ်တွေက ဝေဖန်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

Photo Credit: Evening Standard.com

ရှောင်ဘူရီအသင်းနဲ့ လီဗာပူးလ်အသင်းတို့ နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးလ်ဟာ ပွဲစဉ်အစအဆုံး ရှောင်ဘူရီအသင်းဘက်ကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေး ကစားသွားခဲ့ပေမယ့် မီနာမီနိုကတော့ ၈၅မိနစ်အထိ ကစားရာမှာ ဘောလုံးထိချက် ၂၈ချက်သာ ရှိခဲ့သလို ဂိုးပေါက်ကန်သွင်းချက် တစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး အဆိုပါတစ်ကြိမ်ဟာလည်း ဂိုးပေါက် မတည့်ခဲ့ပါဘူး။

Photo Credit: Evening Standard.com

ဒါ့ကြောင့် လီဗာပူးလ်အသင်းရဲ့ ပရိသတ်များက မီနာမီနိုရဲ့ခြေစွမ်းအပေါ် ဘဝင်မကျဖြစ်နေကာ အသင်းနဲ့ထိုက်တန်တဲ့ ခြေစွမ်းရောရှိရဲ့လားလို့ လူမှုကွန်ယက်တွေပေါ်ကနေ မေးခွန်းထုတ်နေကြပါတယ်။ လီဗာပူးလ်နည်းပြ ကလော့ပ်ကတော့ မီနာမီနိုရဲ့ခြေစွမ်းအပေါ် ယုံကြည်မှုရှိကြောင်းနဲ့ လီဗာပူးလ်အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်လာလိမ့်မယ်လို့ ပြောဆိုထားခဲ့ပါတယ်။