ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးပိုင်ဆိုင်နိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ လက်ရှိမှာ ဘောလုံးပွဲတွေ ကစားဖို့မရှိတဲ့အတွက် ကစားသမားခေါ်ယူမှုကို အာရုံစိုက်လုပ်ဆောင်ဖို့ အချိန်ရရှိလို့နေတာကြောင့် သူတို့အသင်းအတွက် အလိုရှိတဲ့ ကစားသမားတွေကို ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်နေရာ အသင်းရဲ့ပစ်မှတ်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်နေတဲ့ ဘယ်နောက်ခံကစားသမားလေး ဂျာမဲလ်လူးဝစ်အတွက် ပြောင်းရွှေ့ကြေး ပေါင်(၁၀)သန်းနဲ့ စတင်ကမ်းလှမ်းလိုက်ပေမယ့် နောရစ်ချ်ဘက်ကတော့ ဒီကမ်းလှမ်းချက်ကို ပယ်ချသွားခဲ့တယ်လို့ The Athletic ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : EPL Scouts

အသက်(၂၂)နှစ်အရွှယ် မြောက်အိုင်ယာလန်နောက်ခံကစားသမားလေး ဂျာမဲလ်လူးဝစ်ဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကမှ နောရစ်ချ်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စတင်ယှဉ်ပြိုင်ကစားခဲ့ဖူးတာဖြစ်ပြီး ရာသီအကုန်မှာ အသင်းက တန်းဆင်းခဲ့ရပေမယ့် လူးဝစ်ကတော့ တစ်ရာသီလုံးမှာ နောရစ်ချ်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့လို့ သူ့ကို လီဗာပူးလ်အပါအဝင် အသင်းပေါင်းများစွာကနေ ပစ်မှတ်ထားလာခဲ့ပါတယ်။ လီဗာပူးလ်အသင်းကတော့ သူတို့အသင်းရဲ့ဘယ်နောက်ခံကစားသမား ရော်ဘတ်ဆန်ရဲ့အရန်အဖြစ် အသုံးပြုသွားဖို့ လူးဝစ်ကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ကမ်းလှမ်းမှုလည်း ပြုလုပ်ခဲ့ပေမယ့် နောရစ်ချ်အသင်းကတော့ ဒီကမ်းလှမ်းမှုကို လက်မခံခဲ့ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

Photo Credit : Daily Express

ပြီးခဲ့တဲ့ ဘောလုံးရာသီတလျှောက်လုံး အသင်းရဲ့ခံစစ်ဘယ်ခြမ်းမှာ ရော်ဘတ်ဆန်ကိုပဲ အမြဲတမ်းအသုံးပြုလာခဲ့ရခြင်းကြောင့် ပွဲပန်းမှုဒဏ်တွေနဲ့ လုံးပန်းခဲ့ရတဲ့အတွက် သူရဲ့နေရာမှာ ဒုတိယဦးစားပေးအဖြစ် အသုံးပြုနိုင်ဖို့ လူးဝစ်ကို ပေါင်(၁၀)သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် နောရစ်ချ်အသင်းဘက်ကနေ ပေါင်သန်း(၂၀)လောက်အထိကို အလိုရှိနေတာကြောင့် ကနဦးကမ်းလှမ်းချက်ကို လက်မခံခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးလ်းအသင်းရဲ့ပိုင်ရှင်တွေကလည်း အသင်းရဲ့လူအင်အားက တောင့်တင်းလွန်းနေတာကြောင့် ကစားသမားသစ်ဝယ်ယူဖို့ မလိုအပ်ဘူးလို့ ယူဆထားတဲ့အတွက် အသင်းကို အပြောင်းအရွှေ့ကိစ္စတွေ ငွေထုတ်ပေးမှာမဟုတ်ဘူးလို့ မီဒီယာတချို့ကနေ ဖော်ပြလာခဲ့အတွက် လီဗာပူးလ်အသင်းဟာ ကစားသမားသစ်တွေကို ခေါ်ယူဖို့အတွက် အသင်းမှာ အကျိုးမပြုနိုင်တဲ့ ကစားသမားတွေကို အရင်ရောင်းချရဖွယ် ရှိနေပါတယ်။ လက်ရှိမှာတော့ လီဗာပူးလ်အသင်းဟာ ချိန်ဘာလိန် အော်ရီဂီ ရှာကွီရီတို့ကို ရောင်းထုတ်သွားဖို့ရှိနေတဲ့အပြင် အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ကြန့်ကြာနေတဲ့ ဝိုင်နယ်ဒန်ကိုပါ အရောင်းစာရင်းတင်ရဖွယ် ရှိနေပါတယ်။