အနှစ်ဆုံးဆယ်လောက် ဝေးကွာလို့နေတဲ့ ပြည်တွင်းအမှတ်ပေးဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ လက်တစ်ကမ်းအကွာလောက်ပဲ လိုအပ်တော့တဲ့ လီဗာပူးလ်အသင်းဟာ လာမယ့်ရာသီမှာ အသင်းကို အင်အားဖြည့်တင်းဖို့အတွက် ဝုလ်အသင်းက ကစားသမားနှစ်ယောက်ကို ပစ်မှတ်ထားလို့နေပါတယ်။ အဲ့ဒီကစားသမားနှစ်ယောက် တောင်ပံတိုက်စစ်ကစားသမား ထရာအိုရေးနဲ့ ကွင်းလယ်လူ ရူဘင်နီဗက်စ်တို့ဖြစ်ပြီး လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ ကွင်းလယ်ပိုင်းအတွက် နီဗက်စ်ကို ခေါ်ယူဖို့ ပိုပြီးဖြစ်နိုင်ခြေများနေတယ်လို့ သိရပါတယ်။

Photo Credit : The Sun

လီဗာပူးလ်နည်းပြ ယာဂင်ကလော့က လာမယ့်ဘောလုံးရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆက်လက်ကာကွယ်စေနိုင်ဖို့အတွက်နဲ့ ချန်ပီယံလိဂ်မှာလည်း အောင်မြင်မှုတွေ ပြန်လည်ရယူနိုင်ဖို့အတွက် နီဗက်စ်လို အတွေ့အကြုံလည်းရှိပြီး အရည်အသွေးမြင့် ကွင်းလယ်ကစားသမားတစ်ယောက်ကို ခေါ်ယူအားဖြည့်သွားချင်နေတာဖြစ်ပါတယ်။ ပေါ်တိုကစားသမားဟောင်း နီဗက်စ်ဟာ အင်္ဂလန်မြေကို လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်ကတည်းက စတင်ခြေချခဲ့တာဖြစ်ပြီး ဝုလ်ဗ်အသင်းရဲ့ အမာခံကစားသမားတစ်ယောက်အဖြစ် ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် သူ့ကို အသင်းကြီးတွေကနေ မျက်စိကျလာခဲ့တာဖြစ်ကာ မန်စီးတီးနည်းပြ ဂွာဒီယိုလာလည်း နီဗက်စ်ကို စောင့်ကြည့်လျက်ရှိနေပါတယ်။

Photo Credit : The Sun

ဒီလို အသင်းတိုင်းအလိုရှိနေတဲ့ အသက်(၂၃)နှစ်အရွှယ် ပေါ်တူဂီကွင်းလယ်ကစားသမား နီဗက်စ်ကို လီဗာပူးလ်အသင်းဘက်ကနေလည်း အလိုရှိနေတာဖြစ်ပြီး နီဗက်စ်ကိုသာ ခေါ်ယူဖြစ်ခဲ့မယ်ဆိုရင်တော့ ဝိုင်နယ်ဒန်နဲ့ ကီတာတို့ရဲ့အနာဂတ်တွေ လှုပ်ခတ်လာနိုင်ပါတယ်။ နယ်သာလန်ကွင်းလယ်လူ ဝိုင်နယ်ဒန်ဟာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း တစ်နှစ်ပဲကျန်ရှိတော့တာဖြစ်လို့ သူ့ကို အသင်းဘက်ကနေ သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားဘက်ကနေ လက်မခံသေးတာကြောင့် သက်တမ်းတိုးမယ့်ကိစ္စက ထင်ထားတာထက် ပိုမိုကြန့်ကြာနေခဲ့ရပါတယ်။ ဒါ့အပြင် လိုက်ပ်ဇစ်ကနေ ပေါင်သန်းငါးဆယ်ကျော်နဲ့ ခေါ်ယူထားခဲ့တဲ့ ကီတာရဲ့ခြေစွမ်းအပေါ်မှာလည်း နည်းပြကလော့က အားမလိုအားမရဖြစ်နေပြီး လာမယ့်တစ်ရာသီ စောင့်ကြည့်လို့ စိတ်တိုင်းမကျသေးရင်တော့ အသင်းကနေ ရောင်းထုတ်နိုင်ပါတယ်။ လီဗာပူးလ်ဟာ လက်ရှိမှ နီဗက်စ်အပြင် သူရဲ့ဝုလ်အသင်းဖော် ထရာအိုရေးကိုလည်း ပစ်မှတ်ထားလို့နေပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)လောက်နဲ့ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။