လီဗာပူးလ်အသင်းဟာ ကွင်းလယ် တိုက်စစ်နေရာအတွက် လိုက်ပ်ဇစ်အသင်းရဲ့ ဟန်ဂေရီ ကြယ်ပွင့်လေး ဒိုမီနစ်ဆဘော့ဇ်လိုင်းကို ခေါ်ယူသွားဖို့အတွက် ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ ဒီတစ်ပတ်အတွင်းမှာပဲ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Photo Credit : BeSoccer

အသက် (၂၂)နှစ်အရွယ်ရှိ ဟန်ဂေရီ လက်ရွေးစင် ကွင်းလယ်လူ ဆဘော့ဇ်လိုင်းဟာ နယူးကာဆယ်အသင်းရဲ့ အဓိက ပစ်မှတ်ဖြစ်ပေမယ့် နယူးကာဆယ်က တိုနာလီအတွက် ငွေကြေး သုံးစွဲမှု ယူရို သန်း(၇၀)အထိ အသုံးပြုပြီးနောက်မှာ ဆဘော့ဇ်လိုင်းအပေါ် စိတ်ဝင်စားမှု နည်းပါးလာတဲ့အတွက် လီဗာပူးလ်က ဒီကစားသမားကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆဘော့ဇ်လိုင်းရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို သန်း(၇၀)မှာ ရှိနေပြီး ဒီ clause ဟာလည်း အခုလ (၃၀)ရက်နေ့အထိပဲ အကျုံးဝင်တာကြောင့် လီဗာပူးလ်အနေနဲ့ အလျင်အမြန် လှုပ်ရှားရဖွယ် ရှိနေပါတယ်။

Photo Credit : Bavarian Football Works

တစ်ခု စဉ်းစားစရာရှိတာက လီဗာပူးလ်အနေနဲ့ သူတို့ရဲ့ ပေါ်တူဂီ လူငယ် ကစားသမားလေး ဖာဘီယိုကာဗယ်လ်ဟိုကို လိုက်ပ်ဇစ်အသင်းဆီ တစ်ရာသီ အငှားချဖို့ စီစဉ်ထားခြင်း ဒီဈေးကွက်ထဲမှာ ဆဘော့ဇ်လိုင်းကို လိုက်ပ်ဇစ်ကနေ ခေါ်ယူဖို့အတွက် စီစဉ်ထားတာလည်း ဖြစ်နိုင်ပါတယ်။ လီဗာပူးလ်အသင်းကလည်း ယခင်ကတည်းက နာဘီကီတာ ကိုနာတေးတို့လို ကစားသမားတွေကို လိုက်ပ်ဇစ်ကနေ ခေါ်ယူခဲ့ဖူးတာကြောင့် ဆဘော့ဇ်လိုင်းလည်း ဒီကစားသမားတွေနည်းတူ လီဗာပူးလ်ဆီ ရောက်ရှိလာနိုင်မလားဆိုတာ ဒီရက်ပိုင်းအတွင်းမှာပဲ အဖြေပေါ်ဖွယ် ရှိနေပါတယ်။ လီဗာပူးလ်က ဒီနွေမှာတော့ ဘရိုက်တန်အသင်းရဲ့ အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်ကစားသမား အလက်ဆစ်မက်အယ်လစ္စတာ တစ်ဦးတည်းကိုသာ ခေါ်ယူထားခဲ့ရပြီး အသုံးစရိတ်လည်း ပေါင် (၃၅)သန်း သုံးစွဲထားခဲ့ရလို့ ဆဘော့ဇ်လိုင်းအတွက် ငွေကြေးသုံးစွဲမှုကို အသေအချာ လုပ်ဆောင်နိုင်ဖွယ်လည်း ရှိနေပါတယ်။