လီဗာပူးလ်အသင်းကတော့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို အကောင်းဆုံးဖြတ်သန်းလို့နေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ၂၃ပွဲကစားထားရာ ၂၂ပွဲအထိကို အနိုင်ရယူထားခဲ့ပြီး ၁ပွဲသာ သရေကျထားခဲ့ကာ ရှုံးပွဲလုံးဝမရှိသေးပဲ အမှတ်ပေးဇယားထိပ်ဆုံးနေရာကနေ ဒုတိယနေရာက ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းကို ၁၆မှတ်အထိ ပြတ်ပြတ်သားသားကို ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းရဲ့နောက်ခံလူဗန်ဒိုက်ကတော့ အသင်းသားတွေအနေနဲ့ မိမိတို့အသင်းက လုံးဝကို ရှံးပွဲမရှိနိုင်တဲ့အသင်းလို့ ထင်မထားကြရန် တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Getty Images

ဗန်ဒိုက်က “သင်အနေနဲ့ ရပ်တန့်လို့မရဘူးဆိုပြီး ခံစားနေလို့ မဖြစ်သေးပါဘူး။ ဒါက အခု ကျွန်တော်တို့ စိတ်ထဲမှာ ခံစားနေရမယ့်အရာလည်း မဟုတ်သေးဘူး။ ဘာမဆိုဖြစ်သွားနိုင်သေးတယ်လေ။ ဝုလ်ဗ်နဲ့ပွဲကလို နိုင်ပွဲတစ်ပွဲ ရယူနိုင်ဖို့အတွက် ခက်ခက်ခဲခဲ ကြိုးပမ်းရမယ့် အခိုက်အတန့်တွေက ဖြစ်လာနိုင်သေးတယ်။ အဲ့ဒီအခါကြရင် ကွဲပြားမှူတွေ ဖြစ်လာနိုင်ပါတယ်။ အဲ့ဒီပွဲတုန်းကလည်း သူတို့တွေ ဒုတိယဂိုး ရလုနီးပါးအထိတောင် ဖြစ်ခဲ့ရတယ်။ ကျွန်တော်က ပွဲတိုင်းလိုလိုမှာ ကြိုးစားကစားနေသင့်တယ်လို့ပဲ ခံစားမိတယ်။ ဒီထက်ပိုတိုးတတ်လာအောင်ပဲ ကျွန်တော်တို့တွေ ကြိုးစားသင့်ပါတယ်။ လက်ရှိမှာတော့ အသင်းအတွက် အရာရာကောင်းမွန်နေတဲ့ အချိန်အခါလို့ ထင်မိပါတယ်”လို့ ရှင်းလင်းပြောဆိုလို့သွားခဲ့ပါတယ်။

Photo Credit : Getty Images

လီဗာပူးလ်အသင်းစာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း နိုင်ပွဲဆက်မှုက ၁၄ပွဲအထိကို ရှိလာခဲ့ပြီဖြစ်ပြီး လတ်တလောခြေစွမ်းအရလည်း ၁၉၉၉ခုနှစ်တုန်းက မန်ချက်စတာယူနိုက်တက်အသင်း အောင်မြင်ခဲ့သလိုမျိုး ပရီးမီးယားလိဂ်ဖလား ချန်ပီယံလိဂ်ဖလားနဲ့ အက်အေဖလား ဖလား၃လုံးချန်ပီယံဆုကိုပါ မျှော်မှန်းထားနိုင်တဲ့ အခြေအနေမျိုးကို ရောက်ရှိလို့နေရပါတယ်။ ဒီတစ်ပတ်မှာလည်း လီဗာပူးလ်အသင်းက အက်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် ရှရးဘူရီအသင်းနဲဲ့ အဝေးကွင်းမှာ ရင်ဆိုင်ကစားရမှာဖြစ်ပြီး လာမယ့်ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာတော့ စပိန်လာလီဂါရဲ့ ထိပ်သီးကလပ်အသင်းကြီးဖြစ်တဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ရှံးထွက်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်။

(Zawgyi)

႐ွံးပြဲမ႐ွိႏုိင္တဲ့အသင္းလုိ႔ မထင္ၾကေသးဖုိ႔အတြက္ အသင္းသားေတြကုိ ဗန္ဒုိက္တုိက္တြန္း

လီဗာပူးလ္အသင္းကေတာ႔ ၂၀၁၉-၂၀၂၀ ေဘာလုံးရာသီကုိ အေကာင္းဆုံးျဖတ္သန္းလုိ႔ေနၿပီး ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာလည္း ၂၃ပြဲကစားထားရာ ၂၂ပြဲအထိကုိ အႏုိင္ရယူထားခဲ့ၿပီး ၁ပြဲသာ သေရက်ထားခဲ့ကာ ႐ႈံးပြဲလုံးဝမ႐ွိေသးပဲ အမွတ္ေပးဇယားထိပ္ဆုံးေနရာကေန ဒုတိယေနရာက ပရီးမီးယားလိဂ္ရဲ႕ လက္႐ွိခ်န္ပီယံ မန္စီးတီးအသင္းကုိ ၁၆မွတ္အထိ ျပတ္ျပတ္သားသားကုိ ျဖတ္ေတာက္ထားႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္ အသင္းရဲ႕ေနာက္ခံလူဗန္ဒုိက္ကေတာ့ အသင္းသားေတြအေနနဲ႔ မိမိတုိ႔အသင္းက လုံးဝကုိ ႐ွံးပြဲမ႐ွိႏုိင္တဲ့အသင္းလုိ႔ ထင္မထားၾကရန္ တုိက္တြန္းေျပာဆုိသြားခဲ့ပါတယ္။

Photo Credit : Getty Images

ဗန္ဒုိက္က “သင္အေနနဲ႔ ရပ္တန္႔လုိ႔မရဘူးဆုိၿပီး ခံစားေနလုိ႔ မျဖစ္ေသးပါဘူး။ ဒါက အခု ကြၽန္ေတာ္တုိ႔ စိတ္ထဲမွာ ခံစားေနရမယ့္အရာလည္း မဟုတ္ေသးဘူး။ ဘာမဆုိျဖစ္သြားႏုိင္ေသးတယ္ေလ။ ဝုလ္ဗ္နဲ႔ပြဲကလုိ ႏုိင္ပြဲတစ္ပြဲ ရယူႏုိင္ဖုိ႔အတြက္ ခက္ခက္ခဲခဲ ႀကိဳးပမ္းရမယ့္ အခုိက္အတန္႔ေတြက ျဖစ္လာႏုိင္ေသးတယ္။ အဲ့ဒီအခါၾကရင္ ကြဲျပားမွူေတြ ျဖစ္လာႏုိင္ပါတယ္။ အဲ့ဒီပြဲတုန္းကလည္း သူတုိ႔ေတြ ဒုတိယဂုိး ရလုနီးပါးအထိေတာင္ ျဖစ္ခဲ့ရတယ္။ ကြၽန္ေတာ္က ပြဲတုိင္းလုိလုိမွာ ႀကိဳးစားကစားေနသင့္တယ္လုိ႔ပဲ ခံစားမိတယ္။ ဒီထက္ပုိတုိးတတ္လာေအာင္ပဲ ကြၽန္ေတာ္တုိ႔ေတြ ႀကိဳးစားသင့္ပါတယ္။ လက္႐ွိမွာေတာ့ အသင္းအတြက္ အရာရာေကာင္းမြန္ေနတဲ့ အခ်ိန္အခါလုိ႔ ထင္မိပါတယ္”လုိ႔ ႐ွင္းလင္းေျပာဆုိလုိ႔သြားခဲ့ပါတယ္။

Photo Credit : Getty Images

လီဗာပူးလ္အသင္းစာ လက္႐ွိအခ်ိန္မွာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲအတြင္း ႏုိင္ပြဲဆက္မႈက ၁၄ပြဲအထိကုိ ႐ွိလာခဲ့ၿပီျဖစ္ၿပီး လတ္တေလာေျခစြမ္းအရလည္း ၁၉၉၉ခုႏွစ္တုန္းက မန္ခ်က္စတာယူႏုိက္တက္အသင္း ေအာင္ျမင္ခဲ့သလုိမ်ိဳး ပရီးမီးယားလိဂ္ဖလား ခ်န္ပီယံလိဂ္ဖလားနဲ႔ အက္ေအဖလား ဖလား၃လုံးခ်န္ပီယံဆုကုိပါ ေမွ်ာ္မွန္းထားႏုိင္တဲ့ အေျခအေနမ်ိဳးကုိ ေရာက္႐ွိလုိ႔ေနရပါတယ္။ ဒီတစ္ပတ္မွာလည္း လီဗာပူးလ္အသင္းက အက္ေအဖလား စတုတၳအဆင့္ပြဲစဥ္အျဖစ္ ရွရးဘူရီအသင္းနဲဲ႔ အေဝးကြင္းမွာ ရင္ဆုိင္ကစားရမွာျဖစ္ၿပီး လာမယ့္ေဖေဖာ္ဝါရီလကုန္ပုိင္းေလာက္မွာေတာ့ စပိန္လာလီဂါရဲ႕ ထိပ္သီးကလပ္အသင္းႀကီးျဖစ္တဲ႔ အသက္လက္တီကိုမက္ဒရစ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ ရွံးထြက္ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားရမွာပဲျဖစ္ပါတယ္။