လီဗာပူးလ်အသင်းဟာ အခုနှစ် နွေရာသီမှာ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ဆာဒီယိုမာနေးကို အသင်းကနေ လက်လွတ်သွားရဖွယ် ရှိနေတဲ့အတွက် သူ့နေရာမှာ ပြန်လည်အစားထိုးနိုင်ဖို့ ဘာစီလိုနာအသင်းရဲ့ ပြင်သစ်တိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီကို ခေါ်ယူသွားဖွယ် ရှိနေရာ ဒမ်ဘီလီရဲ့ အေးဂျင့်နဲ့ပါ တိုက်ရိုက်ဆက်သွယ်နေတယ်လို့ စပိန်အားကစားသတင်းစာ SPORT ကနေ ဖော်ပြလာခဲ့ပါတယ်။

Barcelona's Ousmane Dembele makes decision on future

Photo Credit : CaughtOffice

လီဗာပူးလ်အသင်းနဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့သလို ဆီနီဂေါလက်ရွေးစင်အသင်းနဲ့လည်း အောင်မြင်ခဲ့တဲ့ မာနေးဟာ အခုဆိုရင် အသင်းနဲ့ တစ်နှစ်သက်တမ်းသာ စာချုပ်ကျန်ရှိတော့သလို အသင်းကနေ ထွက်ခွာပြီး ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့သွားဖို့ နီးစပ်နေတဲ့အတွက် လီဗာပူးလ်အသင်းက ဒမ်ဘီလီကို အစားထိုး ခေါ်ယူသွားဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ ဒေါ့မွန်ကစားသမားဟောင်း ဒမ်ဘီလီဟာ လာမယ့်ဇွန်လ (၃၀)ရက်နေ့မှာပဲ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မှာဖြစ်ပြီး စာချုပ်ကိစ္စက ဆက်လက်ဆွေးနွေးနေဆဲသာ ရှိနေကာ အသင်းမှာ ဆက်လက်ရှိနေမနေဆိုတာကလည်း နွေစျေးကွက်ထဲမှာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Chelsea's battle for Ousmane Dembele to be intense, but necessary

Photo Credit : The Pride of London

အသက်(၂၅)နှစ်အရွှ့ယ်ရှိ ပြင်သစ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဒမ်ဘီလီဟာ ၂၀၁၇ခုနှစ်ကမှ ဒေါ့မွန်ကနေ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို(၁၄၅)သန်းလောက်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့သွားတဲ့ နေမာရဲ့နေရာကို ပြန်လည်အစားထိုးဖို့ ဘာစီလိုနာက ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ဘာစီလိုနာအသင်းနဲ့ ဘောလုံးရာသီ (၅)ရာသီအထိ ဖြတ်သန်းထားခဲ့တဲ့ ဒမ်ဘီလီဟာ အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၁၅၀)ထိ ပါဝင်ကစားထားခဲ့ပြီး စုစုပေါင်း သွင်းဂိုး (၃၂)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒမ်ဘီလီဟာ တကယ့်ကို အရည်အသွေးကောင်းတဲ့ ထိပ်တန်ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း မကြာခဏ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်ခဲ့ရလို့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာဆိုရင် တစ်ရာသီလုံး ပွဲပေါင်း(၉)ပွဲသာ ပါဝင်ထားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာနည်းပြ ဇာဗီကတော့ ဒမ်ဘီလီကို အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားချင်လိုနေပြီး စာချုပ်ကိစ္စအတွက် ဆက်လက်ဆွေးနွေးနေသလို ဆွေးနွေးမှုက မအောင်မြင်ခဲ့ရင်တော့ လီဗာပူးလ်အသင်းက ဒမ်ဘီလီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အရခေါ်ယူသွားဖွယ် ရှိနေပါတယ်။