ဒတ်ချ်လူမျိုး ဘောလုံးနည်းပြ အဲရစ်တန်ဟက်ဂ် မန်ချက်စတာယူနိုက်တက်အသင်းကို တာဝန်ယူ ကိုင်တွယ်တော့မယ်လို့ တရားဝင် ထုတ်ပြန်ချက်တွေ ထွက်ပေါ်လာပြီးနောက်ပိုင်းကတည်းက ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက်ထွက်ပေါ်လာခဲ့တဲ့ အေဂျက်စ်တိုက်စစ်ကစားသမားလေး အန်တိုနီကို လီဗာပူးလ်အသင်းကပါ ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့တယ်လို့ Mirror သတင်းဌာနကနေ ဖော်ပြလာခဲ့ပါတယ်။

Premier League clubs leading Juventus in the race for Ajax star  AntonyJuvefc.com

Photo Credit : Juvefc

လီဗာပူးလ်အသင်းဟာ အသင်းရဲ့ တောင်ပံတိုက်စစ်တွေမှာ မိုဟာမက်ဆာလာ ဆာဒီယိုမာနေးတို့လို ထိပ်တန်းအဆင့် ကစားသမားတွေအပြင် လူးဝစ်ဒီယက်ဇ်လို အလားအလာရှိတဲ့ တောင်အမေရိက ကစားသမားတစ်ဦးကိုပါ ခေါ်ယူအားဖြည့်ထားနိုင်ခဲ့ပေမယ့်လည်း လက်ရှိမှာ စာချုပ်သက်တမ်း တစ်နှစ်စီသာ ကျန်ရှိနေတော့တဲ့ ဆာလာ မာနေးတို့ရဲ့ အနာဂတ်က မရေမရာ ဖြစ်နေတာကြောင့် ဒီနှစ်ဦးထဲကများ တစ်ဦးဦးကို ဆုံးရှုံးရမယ်ဆိုရင် ဘရာဇီးလ် ကစားသမားလေး အန်တိုနီနဲ့ ပြန်လည်အစားထိုးသွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

Antony transfer latest: Brazil star makes clear Man Utd thoughts as he  teases Ten Hag offer

Photo Credit : TEAMtalk

အသက်(၂၂)နှစ်အရွှယ် ဘရာဇီးလ်လက်ရွေးစင် တောင်ပံကစားသမားလေး အန်တိုနီဟာ ဘရာဇီးလ်ထိပ်တန်းကလပ် ဆော်ပေါ်လိုအသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ၂၀၂ဝခုနှစ်မှာ ဆော်ပေါ်လိုကနေ အေဂျက်စ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် အေဂျက်စ်အသင်းနဲ့ ဘောလုံးရာသီ(၂)ရာသီအထိ ဖြတ်သန်းထားနိုင်ခဲ့တဲ့ အန်တိုနီဟာ သူရဲ့အေဂျက်စ်ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ (၁၀)ဂိုး ဒုတိယမြောက်ရာသီဖြစ်တဲ့ ဒီရာသီမှာ (၁၂)ဂိုးအထိ သွင်းယူထားနိုင်ခဲ့သလို (၂)ရာသီအတွင်း ပွဲပေါင်း(၇၉)ပွဲအထိကို ပါဝင်ကစားထားခဲ့ရပါတယ်။ လတ်တလောမှာ ဆရာသမားဟောင်း တန်ဟက်ဂ်ရဲ့ အသင်းသစ် ဖြစ်လာတော့မယ့် ယူနိုက်တက်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အန်တိုနီကို ယူနိုက်တက်အသင်းသာမက ဘိုင်ယန်မြူးနစ် ပီအက်စ်ဂျီတို့အပြင် အခုလည်း လီဗာပူးလ်အသင်းကပါ စိတ်ဝင်စားလာခဲ့သလို ကစားသမားလေးကိုယ်တိုင်ကလည်း အေဂျက်စ်ကနေ ထွက်ခွာပြီး ဥရောပထိပ်တန်း အသင်းကြီး တစ်သင်းသင်းဆီကို ပြောင်းရွှေ့ကစားဖို့ အဆင့်သင့် ဖြစ်နေတာကြောင့် လာမယ့်နွေမှာပဲ သစူရဲ့အနာဂတ်ကို အပြောင်းအလဲ လုပ်ပစ်နိုင်ဖွယ် ရှိနေပါတယ်။