MySport Myanmar

လီဗာပူးလ်နဲ့ Adidas တို့ ပြန်ဆုံကြပြီး ပေါင်သန်း(၃၀၀)တန် စာချုပ် ချုပ်ဆို

လီဗာပူးလ်ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခု ထွက်ပေါ်လာပါပြီ။ လာမယ့် သြဂုတ်လကစပြီး ကြိုးကြာနီတို့ရဲ့ ဝတ်စုံတွေကို ဂျာမန် အားကစား အမှတ်တံဆိပ်ကြီးဖြစ်တဲ့ Adidas ထုတ်လုပ်ပေးတော့မှာပါ။ Nile နဲ့ ငါးနှစ်ကြာ လက်တွဲပြီးတဲ့နောက်မှာတော့ Adidas နဲ့ ပြန်လည်ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီစာချုပ်က နှစ်ရှည်စာချုပ်လို့ ဆိုပေမယ့် အတိအကျပြောရရင်တော့ လာမယ့်ငါးနှစ်စာချုပ်ပါ။ တန်ဖိုးကလည်း ပေါင်သန်း ၃၀၀ ကျော်တောင် ရှိပါတယ်။ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ မန်စီးတီးတို့လိုပဲ တစ်နှစ်ကို ပေါင်သန်း ၆၀ လောက် ရရှိမှာပါ။ ဒါပေမဲ့ မန်ယူကတော့ အာဒီဒက်စ်နဲ့ တစ်နှစ်ကို ပေါင်သန်း ၉၀ ရထားပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် မရရင် ဒါမှမဟုတ် အောင်မြင်မှု မရရင်တော့ တန်ဖိုး လျှော့ချခံရမှာ ဖြစ်ပါတယ်။

Photo Credit : Footy Headlines

လီဗာပူးလ်က ၂၀၂၀ မှာ New Balance နေရာကို အစားထိုးခဲ့တဲ့ Nike နဲ့ ငါးနှစ်ကြာ လက်တွဲမှုကို အဆုံးသတ်လိုက်တာပါ။ Nike နဲ့ စာချုပ်က အနည်းဆုံး ပေါင်သန်း ၃၀ တန်ဖိုးရှိပေမဲ့ လီဗာပူးလ်ရှယ်ယာရှင် လီဘရွန်ဂျိမ်းစ်တို့လို နာမည်ကြီးတွေရဲ့ အကူအညီနဲ့ဆိုရင် တစ်နှစ်ကို ပေါင်သန်း ၆၀ နီးပါး ရရှိခဲ့ပါတယ်။

လီဗာပူးလ်အသင်းနဲ့ Adidas တို့ဟာ ၂၀၀၆ ကနေ ၂၀၁၂ အထိ အတူတူလက်တွဲခဲ့ဖူးပါတယ်။ အခုတစ်ခါမှာတော့ အမျိုးသား အမျိုးသမီးနဲ့ လူငယ်အသင်းတွေအတွက် ဝတ်စုံနဲ့ လေ့ကျင့်ရေးအဝတ်အစားတွေကို အာဒီဒက်စ်က တာဝန်ယူမှာပါ။ စာချုပ်သစ်ကတော့ ဒီနှစ် သြဂုတ် ၁ ရက်မှာ စတင်မှာ ဖြစ်ပါတယ်။

Photo Credit : Liverpool FC Supporters Club RedMen

လီဗာပူးလ်အမှုဆောင်အရာရှိချုပ် ဘီလီဟိုဂန်က “Adidas ကို LFC မိသားစုထဲ ပြန်လည်ကြိုဆိုတဲ့အတွက် အရမ်းစိတ်လှုပ်ရှားမိပါတယ်။ အတိတ်က အောင်မြင်မှုတွေက တကယ့်ကို အံ့မခန်းပါပဲ။ အမှတ်ရစရာ ဝတ်စုံတွေကိုလည်း အတူတူဖန်တီးခဲ့ကြပါတယ်။ Adidasနဲ့ လီဗာပူးလ်တို့က အောင်မြင်မှုအတွက် ရည်မှန်းချက်အတူတူပါပဲ။ ကွင်းထဲမှာ ပိုကောင်းတဲ့စွမ်းဆောင်ရည်တွေအတွက် အကောင်းဆုံးဝတ်စုံတွေကို ဖန်တီးဖို့ ကျွန်တော်တို့ အရမ်းစိတ်အားထက်သန်နေပါတယ်။ ငါးနှစ်တာ ပံ့ပိုးကူညီပေးတဲ့အတွက် နိုင်ကီကိုလည်း ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာလည်း ကောင်းမွန်တဲ့အောင်မြင်မှုတွေ ရရှိပါစေလို့ ဆုတောင်းပေးပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Adidasအမှုဆောင်အရာရှိချုပ် ဘျွန်ဂူလ်ဒန်ကလည်း “Adidasနဲ့ လီဗာပူးလ်တို့ ပြန်လည်လက်တွဲတဲ့အတွက် အရမ်းစိတ်လှုပ်ရှားမိပါတယ်။ လီဗာပူးလ်က ကမ္ဘာ့ဘောလုံးလောကမှာ အကြီးဆုံးနဲ့ နာမည်အကြီးဆုံးအသင်းတွေထဲက တစ်သင်းပါ။ သူတို့ရဲ့ ပရိသတ်အင်အားကလည်း အရမ်းများပါတယ်။ အရင်လက်တွဲတုန်းက ဝတ်စုံတွေကလည်း အကောင်းဆုံးတွေပါပဲ။ ကစားသမားတွေအတွက် အကောင်းဆုံးနည်းပညာတွေ ပြန်လည်ပံ့ပိုးပေးရတဲ့အတွက် ဂုဏ်ယူပါတယ်။ ပရိသတ်တွေအတွက် အမှတ်တရဝတ်စုံအသစ်တွေ ဖန်တီးဖို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Exit mobile version